သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲမႈ ဥပေဒ ဘာေတြ လြဲေနသလဲ


ယာဥ္အႏၲရာယ္ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္စီမံခန႔္ခြဲမႈ ဉပေဒအား ယာဥ္ေမာင္းမ်ားထံသို႔ အမွတ္(၂)ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲ(ရန္ကုန္)ရွိ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္မ်ား (Credit- Yangon Traffic Police's Facebook)
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

လႊတ္ေတာ္က အတည္ျပဳခဲ့ၿပီးျဖစ္တဲ့ “ ယာဥ္အႏၲရာယ္ ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲမႈ ဥပေဒ” ကို ႏိုင္ငံေတာ္ သမၼတက လက္မွတ္ေရးထိုးၿပီး ၿပီးခဲ့တဲ့ ေမလ ၂၆ ရက္ေန႔က ျပဌာန္းလိုက္လို႔ ခုဆို အသက္ဝင္ေနပါၿပီ။ အရင္ သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္ ၂၀၁၅ ခုႏွစ္က ျပဌာန္းခဲ့တဲ့ ေမာ္ေတာ္ယာဥ္ ဥပေဒကို အစားထိုးလိုက္တာလည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ တစ္ဝွမ္းမွာ မွတ္ပုံတင္ထားတဲ့ ပုဂၢလိကပိုင္ကား အစီးေရ ၄ သိန္း ၇ ေသာင္းေက်ာ္၊ ဘတ္စ္နဲ႔ လူအမ်ားတင္ႏိုင္တဲ့ကား ၃ ေသာင္းနီးပါး စုစုေပါင္း ကားစီးေရ ၅ သိန္းေက်ာ္ ရွိေနပါတယ္။ ဆိုင္ကယ္နဲ႔ အျခား စက္တပ္ယာဥ္ေတြပါ ေပါင္းရင္ ၅ သန္း ၇ သိန္းေက်ာ္ ရွိပါတယ္။ ဒီ ဥပေဒဟာ အဲလို ကားေတြ၊ ဆိုင္ကယ္ေတြ ပိုင္ဆိုင္ထားတဲ့ အသုံးျပဳေနတဲ့ သန္းနဲ႔ခ်ီရွိတဲ့ မိသားစုေတြ အတြက္ သက္ေရာက္မႈ ရွိမွာမို႔ အေရးႀကီးတယ္လို႔ ေျပာမယ္ ဆိုရင္လည္း ေျပာႏိုင္ပါတယ္။ ဒီ ဥပေဒမွာ ဘာေတြ ျပဌာန္းထားသလဲ၊ ထူးျခားတာ ဘာေတြ ပါသလဲ၊ ဥပေဒအတိုင္း က်င့္သုံးရင္ တိုင္းျပည္အတြက္ တကယ္ အက်ိဳးရွိမွာလား ဆိုတဲ့ ကိစၥက စိတ္ဝင္စားစရာပါ။ ခုတစ္ပတ္ အသစ္ျပဌာန္းလိုက္တဲ့ ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲမႈ ဥပေဒ အေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

ဥပေဒ ပုဒ္မ ၇၆ မွာ “ ေမာ္ေတာ္ဆိုင္ကယ္ကို ေမာင္းႏွင္ စီးနင္းရာတြင္ ေရွ႕မီး အနိမ့္ကို ေန႔၊ ည အခ်ိန္တိုင္းတြင္ ဖြင့္၍ ေမာင္းႏွင္ရန္ ပ်က္ကြက္ျခင္း မရွိေစရ” ဆိုၿပီး ျပဌာန္းထားပါတယ္။ ဒီ ျပဌာန္းခ်က္ကေတာ့ အသစ္ျဖစ္ပါတယ္။ လိုက္နာမႈ မရွိဘူး ဆိုရင္ ဒဏ္ေငြ ၃ ေသာင္း ခ်မွတ္ရမယ္ ဆိုၿပီး ျပဌာန္းထားပါတယ္။ ဒါ့အျပင္ ဆိုင္ကယ္ အိပ္ေဇာက အသံထိန္းကရိယာကို ျဖဳတ္ၿပီး ေမာင္းတာ၊ ေနာက္ၾကည့္မွန္ မပါတာ၊ စံခ်ိန္စံၫႊန္းမီတဲ့ ဆိုင္ကယ္စီး ဦးထုတ္ မေဆာင္းပဲ ဒါမွမဟုတ္ ေမးသိုင္းႀကိဳးကို ေသျခာ မတပ္ပဲ ေမာင္းတာ စီးတာမ်ိဳးဆိုရင္လည္း ေငြဒဏ္ ၃ ေသာင္းခ်မွတ္ဖို႔ ျပဌာန္းထားပါတယ္။ ဒီ ျပဌာန္းခ်က္ေတြဟာ ျမန္မာႏိုင္ငံ အႏွံ႔အျပားက အစီးေရ ၄ သန္း ၈ သိန္းနီးပါးရွိတဲ့ ဆိုင္ကယ္ေမာင္းသူ စီးသူေတြအေပၚ သက္ေရာက္မႈ ရွိေစမွာပါ။

ေမာ္ေတာ္ယာဥ္နဲ႔ ပတ္သက္ရင္ေတာ့ ခုျပဌာန္းခ်က္မွာ ကားေမာင္းေနခ်ိန္ လက္ကိုင္ဖုန္း အသုံးျပဳတာကို တားျမစ္ထားပါတယ္။ ခ်ိဳးေဖါက္ရင္ေတာ့ ဒဏ္ေငြ ၃ ေသာင္းပါ။ ျမန္မာႏိုင္ငံက ကားေမာင္းသူ အေတာ္မ်ားမ်ား ကားေမာင္းရင္း လက္ကိုင္ဖုန္း အသုံးျပဳတတ္ၾကတာမို႔ ဒီ ဥပေဒပါ ျပဌာန္းခ်က္ လိုက္နာလာေအာင္၊ စည္း႐ုံးႏိုင္မလား၊ ဒါမွမဟုတ္ ဒဏ္႐ိုက္ခံရတဲ့ အမႈအခင္း မ်ားလာမွာလား ဆိုတာကိုေတာ့ မသိႏိုင္ေသးပါဘူး။ လက္ရွိ ဥပေဒထဲမွာ ျပသနာျဖစ္လာေစႏိုင္တာ တစ္ခုကေတာ့ ပုဒ္မ ၇၇(က) ပါ ျပဌာန္းခ်က္ပါ။ အဲဒီမွာ ေဖာ္ျပထားတာကေတာ့ ကားအေရာင္းအဝယ္ လုပ္ခဲ့ရင္ စာခ်ဳပ္ခ်ဳပ္တဲ့ေန႔ကေန ရက္ေပါင္း ၃၀ အတြင္း ယာဥ္ပိုင္ရွင္ နာမည္ေျပာင္း ေလ်ာက္ထားရမယ္လို႔ ဆိုထားပါတယ္။ တကယ္လို႔ ေလ်ာက္ထားဖို႔ ပ်က္ကြက္တယ္ ဆိုရင္ ဒဏ္ေငြ က်ပ္ ၃ သိန္း ခ်မယ္လို႔ ေဖာ္ျပထားပါတယ္။ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး ဝန္ႀကီးဌာန လက္ေအာက္ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာန ကညန ဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ဇန္နဝါရီ ၁ ရက္ေန႔ကစၿပီး အခြန္ေဆာင္ထားၿပီးတဲ့သူေတြကိုပဲ ကားနာမည္ေပါက္ လုပ္ေပးမယ္၊ ေမာ္ေတာ္ယာဥ္ လိုင္စင္ သက္တမ္းတိုးေပးမယ္ ဆိုၿပီး ေၾကျငာထားသလို စၿပီးေတာ့လည္း အေကာင္အထည္ ေဖာ္ေနပါတယ္။

ကားနာမည္ ေျပာင္းေပးဖို႔ ဆိုၿပီး ကညန မွာ ဒီအတိုင္း သြားေလ်ာက္လို႔ မရေတာ့ပါဘူး။ အဲလို ယာဥ္လိုင္စင္ သက္တမ္းတိုးတာ၊ ကားပိုင္ရွင္ နာမည္ေျပာင္းတာကို အခြန္ကိစၥနဲ႔ ဆက္စပ္လိုက္ေတာ့ ျပည္သူ အေတာ္မ်ားမ်ား ဒုကၡေရာက္ကုန္ပါတယ္။ ကားလက္လြဲွ ဝယ္ယူခဲ့သူ တစ္ေယာက္ အေနနဲ႔ သက္ဆိုင္ရာ အခြန္႐ုံးမွာ ေငြသားနဲ႔ အခြန္ေဆာင္ရင္ အထိုက္အေလ်ာက္ အဆင္ေျပႏိုင္ေပမယ့္ အခြန္ထမ္းေတြ အေနနဲ႔ သူေဆာင္ထားတဲ့ အခြန္ကေန ေငြျဖဴျဖစ္ေၾကာင္း ျပဖို႔ကေတာ့ လုပ္ငန္းစဥ္ ရႈပ္ေထြးတာေၾကာင့္ အခ်ိန္ႀကံ့ၾကာမႈ အမ်ားႀကီး ျဖစ္ေပၚေစပါတယ္။

အခြန္ထမ္း ျပည္သူ အေတာ္မ်ားမ်ားဟာ ကားဝယ္တဲ့အခါ အခြန္ေဆာင္ထားတဲ့ ေငြနဲ႔ ဝယ္ယူတာ ျဖစ္ေၾကာင္း အခြန္ေဆာင္ လက္မွတ္စိမ္း တစ္ေစာင္ရဖို႔ အခ်ိန္ တစ္လ မက ၾကာတတ္ပါတယ္။ သူအခြန္ေဆာင္ထားတဲ့ ၿမိဳ႕နယ္က ႐ုံးနဲ႔ သူ႔အိမ္ေထာင္စု စာရင္းေပါက္ရာ ၿမိဳ႕နယ္ အခြန္႐ုံးႏွစ္ခုၾကား၊ ျပည္နယ္နဲ႔ တိုင္း အခြန္႐ုံးေတြ ၾကားခံၿပီး အျပန္အလွန္ စာပို႔ဆက္သြယ္၊ ဗ်ဴ႐ိုကေရစီ လုပ္ထုံးလုပ္နည္းေတြ အတိုင္း စစ္ေဆးၿပီးမွ ထုတ္ေပးေလ့ရွိတာမို႔ အဲလို အခ်ိန္ၾကာျမင့္တာ ျဖစ္ပါတယ္။ အခုျပဌာန္းၿပီး ဥပေဒ အတိုင္းဆိုရင္ေတာ့ အဲလို နာမည္ေျပာင္း အခ်ိန္မီ ေလ်ာက္ထားႏိုင္ျခင္း မရွိတဲ့သူေတြ ဒဏ္ေငြ ၃ သိန္း ေဆာင္ၾကရမယ့္ ကိန္းပါပဲ။

အခုဥပေဒထဲ ထူးျခားတာ တစ္ခုက လိုင္စင္မပါပဲ ေကာင္းေမာင္းမိရင္ တစ္လထက္ မပိုတဲ့ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္ တစ္သိန္းထက္ မပိုတဲ့ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမယ္ ဆိုတဲ့ အခ်က္ပါပဲ။ လူတစ္ေယာက္ ကားေမာင္းလိုင္စင္ ေမ့က်န္ၿပီး ကားေမာင္းမိတာနဲ႔ အခန႔္ မသင့္ရင္ ေထာင္ထဲ ေရာက္သြားႏိုင္တဲ့ ပုဒ္မမ်ိဳးပါ။ ဥပေဒထဲက အျငင္းပြားစရာ အရွိဆုံး ျပဌာန္းခ်က္ကေတာ့ Without လို႔ေခၚတဲ့ လိုင္စင္မဲ့ယာဥ္ေတြ ကိစၥပါ။ ပုဒ္မ ၈၅ (က)မွာ လိုင္စင္မဲ့ကား ေမာင္းတယ္ ဆိုရင္ ၃ ႏွစ္ထက္ မပိုတဲ့ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္သည္ ဆိုၿပီး ျပဌာန္းထားပါတယ္။ ေငြဒဏ္ကို သတ္သတ္မွတ္မွတ္ ေဖာ္ျပမထားတာေၾကာင့္ ေငြက်ပ္ သိန္းေပါင္းမ်ားစြာ ဒဏ္႐ိုက္ခံရတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က အဲဒီ ပုဒ္မ ျပစ္မႈ က်ဴးလြန္မႈကို ရဲအေရးယူပိုင္ခြင့္ရွိတဲ့ ပုဒ္မ အျဖစ္ သတ္မွတ္ထားျခင္းပါ။ အဓိပၸါယ္ကေတာ့ Without ကားေမာင္းတာကို မိတာနဲ႔ ရဲက ဖမ္းၿပီး ခ်က္ျခင္း အခ်ဳပ္ထဲ ထည့္ထားႏိုင္႐ုံမက ေထာင္ ၃ ႏွစ္၊ အကန႔္အသတ္မဲ့ ေငြဒဏ္ ခ်မွတ္ႏိုင္တဲ့ ပုဒ္မနဲ႔ တရားစြဲခံရႏိုင္တယ္ ဆိုတာပါပဲ။

လက္ရွိ ႏိုင္ငံ့ အေျခအေနကို အေသအျခာ ျပန္ၾကည့္ရင္ Without လို႔ေခၚတဲ့ လိုင္စင္မဲ့ကားေတြကို ျပည္နယ္ အေတာ္မ်ားမ်ားမွာ အသုံးျပဳေနၾကတာ ေတြ႕ႏိုင္ပါတယ္။ လက္နက္ကိုင္ တပ္ဖြဲ႕နဲ႔ သူတို႔ မိသားစုဝင္ေတြက Without ကားေတြကို အသုံးျပဳၾကပါတယ္။ ေနာက္ အဲဒီ လက္နက္ကိုင္ အဖြဲ႕ေတြက ထုတ္ေပးထားတဲ့ လက္မွတ္ေတြနဲ႔ စီးတဲ့ Without ကားေတြ ရွိၾကသလို၊ ျပည္သူေတြက နားလည္မႈနဲ႔ စီးေနၾကတာလည္း အမ်ားအျပားပါ။ ျမန္မာတစ္ႏိုင္ငံလုံး ဆိုရင္ ေသာင္းနဲ႔ခ်ီ ရွိႏိုင္ပါတယ္။ အဲလို ေနရာအႏွံ႔အျပားမွာ သုံးေနတဲ့ Without ကားေတြကို ဒီ ဥပေဒနဲ႔ တကယ္ အေရးယူႏိုင္မလား ဆိုတာကေတာ့ သံသယ ျဖစ္စရာပါပဲ။ တစ္ဖက္မွာ ျပင္းထန္တဲ့ ဥပေဒကို ျပဌာန္းထားေပမယ့္ အျခားတစ္ဖက္မွာေတာ့ ဥပေဒနဲ႔အညီ အေရးမယူႏိုင္ဘူး ဆိုရင္ ဒါဟာ တစ္ခ်ိဳ႕ေသာ Without သုံးတဲ့ ျပည္သူေတြအေပၚ ရဲတပ္ဖြဲ႕က ေငြညႇစ္တဲ့၊ အႏိုင္က်င့္ရာမွာ အသုံးျပဳတဲ့ ဥပေဒ ျဖစ္သြားႏိုင္လို႔ပါပဲ။

လက္ရွိ ဥပေဒထဲမွာ လက္ေတြ႕က်တာဆိုလို႔ ကားလိုင္စင္ သက္တမ္းတိုးရင္ လုပ္ကိုင္ရတဲ့ ယာဥ္စစ္ေဆးျခင္း လုပ္ငန္း ပုဂၢလိက ကုမၸဏီေတြကို လုပ္ခြင့္ေပးမယ့္ ကိစၥတစ္ခုေတာ့ ပါပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာ ကားအမ်ိဳးမ်ိဳး အစီးေရ ၈ သိန္းေက်ာ္ေလာက္ရွိၿပီး ၂ ႏွစ္တစ္ႀကိမ္ လိုင္စင္သက္တမ္းတိုးရပါတယ္။ တိုးတဲ့အခါတိုင္း ယာဥ္စစ္ေဆးတာ လုပ္ရပါတယ္။ ဒီအတြက္ အရည္အတြက္နည္းနည္းပဲ ရွိတဲ့ ကညန ႐ုံးေတြဟာ တစ္ႏွစ္ကို ကားစီးေရ ၄ သိန္းနီးပါး၊ တစ္လကို အစီးေရ ၃ေသာင္း၃ေထာင္ေက်ာ္ေလာက္ သက္တမ္းတိုး၊ ယာဥ္စစ္ေဆးေပးရပါတယ္။ ဒါေတာင္ ဆိုင္ကယ္ေတြ မပါေသးပါဘူး။ ဒီအခ်က္အလက္ ကိန္းဂဏန္းကိုၾကည့္ရင္ ကညန ဟာ ယာဥ္စစ္ေဆးတဲ့ လုပ္ငန္းကို မႏိုင္မနင္း လုပ္ေနရတယ္ ဆိုတာ ေပၚလြင္ေစပါတယ္။ အခု ဥပေဒအရ အဲဒီ လုပ္ငန္း ပုဂၢလိကကို ေပးႏိုင္ခဲ့ရင္ ကုမၸဏီေတြလည္း အဆင္ေျပ၊ သက္တမ္းတိုးဖို႔ ကညန ႐ုံးမွာ ခက္ခက္ခဲခဲ လုပ္ၾကရတဲ့ ျပည္သူေတြလည္း အဆင္ေျပလာႏိုင္ပါတယ္။ ဒီ တစ္ခ်က္ကလြဲရင္ က်န္ ဥပေဒ ျပဌာန္းခ်က္ပါ တားျမစ္ခ်က္ေတြနဲ႔ ပတ္သက္တဲ့ ျပစ္ဒဏ္ေတြဟာ ျပင္းထန္ ဒဏ္ေငြေတြက ျမင့္မားေနလို႔ တကယ္က်င့္သုံးတဲ့အခါ အခက္အခဲ ရွိေစႏိုင္ပါတယ္။ အဲလို ဥပေဒမွာ လက္ေတြ႕မက်တဲ့ ျပဌာန္းခ်က္ေတြ ပါလာရင္ ဥပေဒပါ ရည္႐ြယ္ခ်က္ အေကာင္အထည္ ေပၚလာမွာ မဟုတ္ပဲ အာဏာပိုင္ အဖြဲ႕အစည္းေတြရဲ႕ ျပည္သူေတြအေပၚ ေငြညႇစ္တာ၊ ၿခိမ္းေျခာက္ အၾကပ္ကိုင္တာနဲ႔ အဂတိလိုက္စားမႈေတြသာ တိုးပြားလာႏိုင္ေၾကာင္းပါ။
---------------------------------

မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ဘာတွေ လွဲနေသလဲ

လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်တဲ့ “ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ” ကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပြဌာန်းလိုက်လို့ ခုဆို အသက်ဝင်နေပါပြီ။ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့တဲ့ မော်တော်ယာဉ် ဥပဒေကို အစားထိုးလိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်ဝှမ်းမှာ မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိကပိုင်ကား အစီးရေ ၄ သိန်း ၇ သောင်းကျော်၊ ဘတ်စ်နဲ့ လူအများတင်နိုင်တဲ့ကား ၃ သောင်းနီးပါး စုစုပေါင်း ကားစီးရေ ၅ သိန်းကျော် ရှိနေပါတယ်။ ဆိုင်ကယ်နဲ့ အခြား စက်တပ်ယာဉ်တွေပါ ပေါင်းရင် ၅ သန်း ၇ သိန်းကျော် ရှိပါတယ်။ ဒီ ဥပဒေဟာ အဲလို ကားတွေ၊ ဆိုင်ကယ်တွေ ပိုင်ဆိုင်ထားတဲ့ အသုံးပြုနေတဲ့ သန်းနဲ့ချီရှိတဲ့ မိသားစုတွေ အတွက် သက်ရောက်မှု ရှိမှာမို့ အရေးကြီးတယ်လို့ ပြောမယ် ဆိုရင်လည်း ပြောနိုင်ပါတယ်။ ဒီ ဥပဒေမှာ ဘာတွေ ပြဌာန်းထားသလဲ၊ ထူးခြားတာ ဘာတွေ ပါသလဲ၊ ဥပဒေအတိုင်း ကျင့်သုံးရင် တိုင်းပြည်အတွက် တကယ် အကျိုးရှိမှာလား ဆိုတဲ့ ကိစ္စက စိတ်ဝင်စားစရာပါ။ ခုတစ်ပတ် အသစ်ပြဌာန်းလိုက်တဲ့ မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ အကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

ဥပဒေ ပုဒ်မ ၇၆ မှာ “ မော်တော်ဆိုင်ကယ်ကို မောင်းနှင် စီးနင်းရာတွင် ရှေ့မီး အနိမ့်ကို နေ့၊ ည အချိန်တိုင်းတွင် ဖွင့်၍ မောင်းနှင်ရန် ပျက်ကွက်ခြင်း မရှိစေရ” ဆိုပြီး ပြဌာန်းထားပါတယ်။ ဒီ ပြဌာန်းချက်ကတော့ အသစ်ဖြစ်ပါတယ်။ လိုက်နာမှု မရှိဘူး ဆိုရင် ဒဏ်ငွေ ၃ သောင်း ချမှတ်ရမယ် ဆိုပြီး ပြဌာန်းထားပါတယ်။ ဒါ့အပြင် ဆိုင်ကယ် အိပ်ဇောက အသံထိန်းကရိယာကို ဖြုတ်ပြီး မောင်းတာ၊ နောက်ကြည့်မှန် မပါတာ၊ စံချိန်စံညွှန်းမီတဲ့ ဆိုင်ကယ်စီး ဦးထုတ် မဆောင်းပဲ ဒါမှမဟုတ် မေးသိုင်းကြိုးကို သေခြာ မတပ်ပဲ မောင်းတာ စီးတာမျိုးဆိုရင်လည်း ငွေဒဏ် ၃ သောင်းချမှတ်ဖို့ ပြဌာန်းထားပါတယ်။ ဒီ ပြဌာန်းချက်တွေဟာ မြန်မာနိုင်ငံ အနှံ့အပြားက အစီးရေ ၄ သန်း ၈ သိန်းနီးပါးရှိတဲ့ ဆိုင်ကယ်မောင်းသူ စီးသူတွေအပေါ် သက်ရောက်မှု ရှိစေမှာပါ။

မော်တော်ယာဉ်နဲ့ ပတ်သက်ရင်တော့ ခုပြဌာန်းချက်မှာ ကားမောင်းနေချိန် လက်ကိုင်ဖုန်း အသုံးပြုတာကို တားမြစ်ထားပါတယ်။ ချိုးဖေါက်ရင်တော့ ဒဏ်ငွေ ၃ သောင်းပါ။ မြန်မာနိုင်ငံက ကားမောင်းသူ အတော်များများ ကားမောင်းရင်း လက်ကိုင်ဖုန်း အသုံးပြုတတ်ကြတာမို့ ဒီ ဥပဒေပါ ပြဌာန်းချက် လိုက်နာလာအောင်၊ စည်းရုံးနိုင်မလား၊ ဒါမှမဟုတ် ဒဏ်ရိုက်ခံရတဲ့ အမှုအခင်း များလာမှာလား ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ လက်ရှိ ဥပဒေထဲမှာ ပြသနာဖြစ်လာစေနိုင်တာ တစ်ခုကတော့ ပုဒ်မ ၇၇(က) ပါ ပြဌာန်းချက်ပါ။ အဲဒီမှာ ဖော်ပြထားတာကတော့ ကားအရောင်းအဝယ် လုပ်ခဲ့ရင် စာချုပ်ချုပ်တဲ့နေ့ကနေ ရက်ပေါင်း ၃၀ အတွင်း ယာဉ်ပိုင်ရှင် နာမည်ပြောင်း လျောက်ထားရမယ်လို့ ဆိုထားပါတယ်။ တကယ်လို့ လျောက်ထားဖို့ ပျက်ကွက်တယ် ဆိုရင် ဒဏ်ငွေ ကျပ် ၃ သိန်း ချမယ်လို့ ဖော်ပြထားပါတယ်။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ကညန ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး အခွန်ဆောင်ထားပြီးတဲ့သူတွေကိုပဲ ကားနာမည်ပေါက် လုပ်ပေးမယ်၊ မော်တော်ယာဉ် လိုင်စင် သက်တမ်းတိုးပေးမယ် ဆိုပြီး ကြေငြာထားသလို စပြီးတော့လည်း အကောင်အထည် ဖော်နေပါတယ်။

ကားနာမည် ပြောင်းပေးဖို့ ဆိုပြီး ကညန မှာ ဒီအတိုင်း သွားလျောက်လို့ မရတော့ပါဘူး။ အဲလို ယာဉ်လိုင်စင် သက်တမ်းတိုးတာ၊ ကားပိုင်ရှင် နာမည်ပြောင်းတာကို အခွန်ကိစ္စနဲ့ ဆက်စပ်လိုက်တော့ ပြည်သူ အတော်များများ ဒုက္ခရောက်ကုန်ပါတယ်။ ကားလက်လွဲှ ဝယ်ယူခဲ့သူ တစ်ယောက် အနေနဲ့ သက်ဆိုင်ရာ အခွန်ရုံးမှာ ငွေသားနဲ့ အခွန်ဆောင်ရင် အထိုက်အလျောက် အဆင်ပြေနိုင်ပေမယ့် အခွန်ထမ်းတွေ အနေနဲ့ သူဆောင်ထားတဲ့ အခွန်ကနေ ငွေဖြူဖြစ်ကြောင်း ပြဖို့ကတော့ လုပ်ငန်းစဉ် ရှုပ်ထွေးတာကြောင့် အချိန်ကြံ့ကြာမှု အများကြီး ဖြစ်ပေါ်စေပါတယ်။
အခွန်ထမ်း ပြည်သူ အတော်များများဟာ ကားဝယ်တဲ့အခါ အခွန်ဆောင်ထားတဲ့ ငွေနဲ့ ဝယ်ယူတာ ဖြစ်ကြောင်း အခွန်ဆောင် လက်မှတ်စိမ်း တစ်စောင်ရဖို့ အချိန် တစ်လ မက ကြာတတ်ပါတယ်။ သူအခွန်ဆောင်ထားတဲ့ မြို့နယ်က ရုံးနဲ့ သူ့အိမ်ထောင်စု စာရင်းပေါက်ရာ မြို့နယ် အခွန်ရုံးနှစ်ခုကြား၊ ပြည်နယ်နဲ့ တိုင်း အခွန်ရုံးတွေ ကြားခံပြီး အပြန်အလှန် စာပို့ဆက်သွယ်၊ ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေ အတိုင်း စစ်ဆေးပြီးမှ ထုတ်ပေးလေ့ရှိတာမို့ အဲလို အချိန်ကြာမြင့်တာ ဖြစ်ပါတယ်။ အခုပြဌာန်းပြီး ဥပဒေ အတိုင်းဆိုရင်တော့ အဲလို နာမည်ပြောင်း အချိန်မီ လျောက်ထားနိုင်ခြင်း မရှိတဲ့သူတွေ ဒဏ်ငွေ ၃ သိန်း ဆောင်ကြရမယ့် ကိန်းပါပဲ။

အခုဥပဒေထဲ ထူးခြားတာ တစ်ခုက လိုင်စင်မပါပဲ ကောင်းမောင်းမိရင် တစ်လထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ် ဆိုတဲ့ အချက်ပါပဲ။ လူတစ်ယောက် ကားမောင်းလိုင်စင် မေ့ကျန်ပြီး ကားမောင်းမိတာနဲ့ အခန့် မသင့်ရင် ထောင်ထဲ ရောက်သွားနိုင်တဲ့ ပုဒ်မမျိုးပါ။ ဥပဒေထဲက အငြင်းပွားစရာ အရှိဆုံး ပြဌာန်းချက်ကတော့ Without လို့ခေါ်တဲ့ လိုင်စင်မဲ့ယာဉ်တွေ ကိစ္စပါ။ ပုဒ်မ ၈၅ (က)မှာ လိုင်စင်မဲ့ကား မောင်းတယ် ဆိုရင် ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည် ဆိုပြီး ပြဌာန်းထားပါတယ်။ ငွေဒဏ်ကို သတ်သတ်မှတ်မှတ် ဖော်ပြမထားတာကြောင့် ငွေကျပ် သိန်းပေါင်းများစွာ ဒဏ်ရိုက်ခံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က အဲဒီ ပုဒ်မ ပြစ်မှု ကျူးလွန်မှုကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပုဒ်မ အဖြစ် သတ်မှတ်ထားခြင်းပါ။ အဓိပ္ပါယ်ကတော့ Without ကားမောင်းတာကို မိတာနဲ့ ရဲက ဖမ်းပြီး ချက်ခြင်း အချုပ်ထဲ ထည့်ထားနိုင်ရုံမက ထောင် ၃ နှစ်၊ အကန့်အသတ်မဲ့ ငွေဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ တရားစွဲခံရနိုင်တယ် ဆိုတာပါပဲ။

လက်ရှိ နိုင်ငံ့ အခြေအနေကို အသေအခြာ ပြန်ကြည့်ရင် Without လို့ခေါ်တဲ့ လိုင်စင်မဲ့ကားတွေကို ပြည်နယ် အတော်များများမှာ အသုံးပြုနေကြတာ တွေ့နိုင်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့နဲ့ သူတို့ မိသားစုဝင်တွေက Without ကားတွေကို အသုံးပြုကြပါတယ်။ နောက် အဲဒီ လက်နက်ကိုင် အဖွဲ့တွေက ထုတ်ပေးထားတဲ့ လက်မှတ်တွေနဲ့ စီးတဲ့ Without ကားတွေ ရှိကြသလို၊ ပြည်သူတွေက နားလည်မှုနဲ့ စီးနေကြတာလည်း အများအပြားပါ။ မြန်မာတစ်နိုင်ငံလုံး ဆိုရင် သောင်းနဲ့ချီ ရှိနိုင်ပါတယ်။ အဲလို နေရာအနှံ့အပြားမှာ သုံးနေတဲ့ Without ကားတွေကို ဒီ ဥပဒေနဲ့ တကယ် အရေးယူနိုင်မလား ဆိုတာကတော့ သံသယ ဖြစ်စရာပါပဲ။ တစ်ဖက်မှာ ပြင်းထန်တဲ့ ဥပဒေကို ပြဌာန်းထားပေမယ့် အခြားတစ်ဖက်မှာတော့ ဥပဒေနဲ့အညီ အရေးမယူနိုင်ဘူး ဆိုရင် ဒါဟာ တစ်ချို့သော Without သုံးတဲ့ ပြည်သူတွေအပေါ် ရဲတပ်ဖွဲ့က ငွေညှစ်တဲ့၊ အနိုင်ကျင့်ရာမှာ အသုံးပြုတဲ့ ဥပဒေ ဖြစ်သွားနိုင်လို့ပါပဲ။

လက်ရှိ ဥပဒေထဲမှာ လက်တွေ့ကျတာဆိုလို့ ကားလိုင်စင် သက်တမ်းတိုးရင် လုပ်ကိုင်ရတဲ့ ယာဉ်စစ်ဆေးခြင်း လုပ်ငန်း ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ခွင့်ပေးမယ့် ကိစ္စတစ်ခုတော့ ပါပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကားအမျိုးမျိုး အစီးရေ ၈ သိန်းကျော်လောက်ရှိပြီး ၂ နှစ်တစ်ကြိမ် လိုင်စင်သက်တမ်းတိုးရပါတယ်။ တိုးတဲ့အခါတိုင်း ယာဉ်စစ်ဆေးတာ လုပ်ရပါတယ်။ ဒီအတွက် အရည်အတွက်နည်းနည်းပဲ ရှိတဲ့ ကညန ရုံးတွေဟာ တစ်နှစ်ကို ကားစီးရေ ၄ သိန်းနီးပါး၊ တစ်လကို အစီးရေ ၃သောင်း၃ထောင်ကျော်လောက် သက်တမ်းတိုး၊ ယာဉ်စစ်ဆေးပေးရပါတယ်။ ဒါတောင် ဆိုင်ကယ်တွေ မပါသေးပါဘူး။ ဒီအချက်အလက် ကိန်းဂဏန်းကိုကြည့်ရင် ကညန ဟာ ယာဉ်စစ်ဆေးတဲ့ လုပ်ငန်းကို မနိုင်မနင်း လုပ်နေရတယ် ဆိုတာ ပေါ်လွင်စေပါတယ်။ အခု ဥပဒေအရ အဲဒီ လုပ်ငန်း ပုဂ္ဂလိကကို ပေးနိုင်ခဲ့ရင် ကုမ္ပဏီတွေလည်း အဆင်ပြေ၊ သက်တမ်းတိုးဖို့ ကညန ရုံးမှာ ခက်ခက်ခဲခဲ လုပ်ကြရတဲ့ ပြည်သူတွေလည်း အဆင်ပြေလာနိုင်ပါတယ်။ ဒီ တစ်ချက်ကလွဲရင် ကျန် ဥပဒေ ပြဌာန်းချက်ပါ တားမြစ်ချက်တွေနဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်တွေဟာ ပြင်းထန် ဒဏ်ငွေတွေက မြင့်မားနေလို့ တကယ်ကျင့်သုံးတဲ့အခါ အခက်အခဲ ရှိစေနိုင်ပါတယ်။ အဲလို ဥပဒေမှာ လက်တွေ့မကျတဲ့ ပြဌာန်းချက်တွေ ပါလာရင် ဥပဒေပါ ရည်ရွယ်ချက် အကောင်အထည် ပေါ်လာမှာ မဟုတ်ပဲ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ပြည်သူတွေအပေါ် ငွေညှစ်တာ၊ ခြိမ်းခြောက် အကြပ်ကိုင်တာနဲ့ အဂတိလိုက်စားမှုတွေသာ တိုးပွားလာနိုင်ကြောင်းပါ။
စည်သူအောင်မြင့်။

XS
SM
MD
LG