သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားျဖစ္ အရက္အမ်ိဳးမ်ိဳး တရားဝင္ တင္သြင္းခြင့္ေပးလိုက္ၿပီ ဘာေတြ ဆက္ျဖစ္လာမလဲ


အရက္ပုလင္း တံဆိပ္မ်ဳိးစံုကို ေရာင္းခ်တဲ့ ကာလီဖိုးနီးယားျပည္နယ္ Encinitas က ကုန္စံုဆိုင္တဆိုင္
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

ျမန္မာအစိုးရ အေနနဲ႔ COVID-19 ကာကြယ္တိုက္ဖ်က္ေရးနဲ႔ ပတ္သက္ၿပီး ႀကိဳးစားအားထုတ္ ေနရခ်ိန္ စီးပြား-ကူးသန္း ဝန္ႀကီးဌာနဘက္က ထူးထူးျခားျခား သတင္းတစ္ပုဒ္ ထြက္ေပၚလာပါတယ္။ အဲဒါကေတာ့ ျပည္ပကေန တင္သြင္းခြင့္ ပိတ္ပင္ထားတဲ့ ကုန္ပစၥည္းေတြ စာရင္းကေန ႏိုင္ငံျခားျဖစ္ အရက္ အမ်ိဳးမ်ိဳးကို ပယ္ဖ်က္လိုက္ျခင္းပါ။ အဓိပၸါယ္ကေတာ့ ရာစုႏွစ္ တစ္ဝက္ေက်ာ္ တင္သြင္းခြင့္ ပိတ္ပင္ထားတဲ့ ႏိုင္ငံျခားျဖစ္ အရက္ေတြကို တရားဝင္ တင္သြင္းခြင့္ ျပဳလိုက္တာပဲ ျဖစ္ပါတယ္။ က်င္းပၿပီးခဲ့တဲ့ ဒုတိယအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္၊ ၁၅ ႀကိမ္ေျမာက္ အစည္းအေဝး ကာလ တုန္းက “၂၀၁၉ ခုႏွစ္ ျပည္ေထာင္စုဇ။္ အခြန္အေကာက္ ဥပေဒ” ေဆြးေႏြးခ်ိန္ ရန္ကုန္တိုင္း စမ္းေခ်ာင္းအမတ္ ဦးဘိုဘိုဦးက ႏိုင္ငံျခားျဖစ္ အရက္ေတြ တရားဝင္ တင္သြင္းခြင့္ျပဳသင့္ေၾကာင္း ေျပာဆိုေဆြးေႏြးခဲ့ဖူးပါေသးတယ္။ ခုလို ႏိုင္ငံျခားျဖစ္ အရက္ေတြ တရားဝင္ တင္သြင္းခြင့္ျပဳလိုက္ၿပီ ျဖစ္တာေၾကာင့္ အစိုးရ အေနနဲ႔ အခြန္ေတြ ပို တိုးၿပီး ရေတာ့မလား၊ ႏိုင္ငံျခားျဖစ္ အရက္တုေတြ ေပ်ာက္ကြယ္သြားေတာ့မလား၊ ေဈးႏႈန္းကေရာ ဘယ္လို ျဖစ္လာမွာလဲ ဆိုတဲ့ ကိစၥေတြက စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ခုတစ္ပတ္ ႏိုင္ငံျခားျဖစ္ အရက္ေတြ တရားဝင္ တင္သြင္းခြင့္ျပဳလိုက္လို႔ ေနာက္ဆက္တြဲ ျဖစ္ေပၚလာႏိုင္တဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီး ေလ့လာ တင္ျပသြားပါ့မယ္။

လက္ရွိ အခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားျဖစ္ အရက္အမ်ိဳးမ်ိဳး တရားဝင္ တင္သြင္း၊ ေရာင္းခ်ခြင့္ ပိတ္ပင္ထားတယ္ ဆိုေပမယ့္ လုံးလုံးႀကီး ပိတ္ပင္ထားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ အျပည္ျပည္ဆိုင္ရာ ေလဆိပ္က အေကာက္ခြန္လြတ္ ဆိုင္ေတြ၊ ႏိုင္ငံျခားသား တည္းခိုခြင့္ရွိတဲ့ ဟိုတယ္ေတြက စားေသာက္ဆိုင္ေတြ အတြက္ကေတာ့ တရားဝင္ တင္သြင္း ေရာင္းခ်ခြင့္ ရေနၾကပါတယ္။ ဒီလိုဆိုေတာ့ ျပည္တြင္းမွာ ႏိုင္ငံျခားျဖစ္ အရက္အမ်ိဳးမ်ိဳး ဝယ္ယူလို႔မရ၊ စားေသာက္ဆိုင္ေတြမွာ ေသာက္သုံးစရာ မရွိ ဆိုတဲ့ အေနအထားမ်ိဳးလား လို႔ ေမးစရာရွိပါတယ္။ အဲလိုလည္း မဟုတ္ျပန္ပါဘူး။ ရဲတပ္ဖြဲ႕လို အာဏာပိုင္အဖြဲ႕အစည္းက သက္ဆိုင္ရာ ပုဂၢိဳလ္ေတြကို လာဘ္ေငြေပးၿပီး ဖြင့္လွစ္ေရာင္းခ်ေနတဲ့ Liquor House ေတြ၊ စတိုးဆိုင္ေတြမွာ ဝယ္ယူလို႔ရသလို စားေသာက္ဆိုင္ မ်ိဳးစုံမွာလည္း ေသာက္သုံးလို႔ ရေနပါတယ္။ ဒါေပမယ့္ ဒါဟာ တရားမဝင္ ေမွာင္ခို သေဘာျဖစ္ၿပီး တခါတရံ အာဏာပိုင္ေတြက စည္းကမ္းတင္းၾကပ္၊ ၾကပ္မတ္လိုက္တဲ့ အခါမ်ိဳးမွာ ဆိုင္ထဲက ပစၥည္းေတြ ဖယ္ရွား၊ ေမွာင္ခိုသေဘာ ေရာင္းခ်ရတာမ်ိဳးေတာ့ ရွိခဲ့ပါတယ္။ ဒီ ႏိုင္ငံျခားျဖစ္ အရက္အမ်ိဳးမ်ိဳး ဘယ္က ဝင္လာသလဲ ေလ့လာၾကည့္လိုက္ရင္ ေမွာင္ခိုလမ္းေၾကာင္း အမ်ိဳးမ်ိဳးက လာတာ၊ ႏိုင္ငံျခားကေန တင္သြင္းခြင့္ ရထားတဲ့ အခြန္လြတ္ဆိုင္နဲ႔ ဟိုတယ္ေတြကေန လိုတာထက္ ပိုတင္သြင္းထားၿပီး တရားမဝင္ ျဖန႔္ျဖဴးရာကေန ဆိုင္ေတြေပၚ ေရာက္လာတာမ်ိဳးပဲ ျဖစ္ပါတယ္။

ေနာက္ထပ္ သဘာ၀ မက်တဲ့ ျဖစ္ရပ္ႀကီးကေတာ့ ျပည္တြင္းမွာ ႏိုင္ငံျခားျဖစ္ အရက္ ေရာင္းခ်မႈ လုံး၀ ပိတ္ပင္ ကန႔္သတ္ထားေပမယ့္ ျပည္ထဲေရးဝန္ႀကီးဌာနကေန ႏိုင္ငံအႏွံ႔က စားေသာက္ဆိုင္ေတြ၊ Liquor House ဆိုင္ေတြနဲ႔ စတိုးဆိုင္ေတြကို လိုင္စင္ေၾကး က်ပ္၁၅ သိန္းေပးရတဲ့ FL 12 နဲ႔ က်ပ္ ၂၄ သိန္းေပးေဆာင္ရတဲ့ FL 17 လိုင္စင္ေတြ ခ်ထားေပးျခင္းပါပဲ။ အဲဒီအထဲက Liquor House ဖြင့္လို႔ရတဲ့ FL 12 လိုင္စင္ေပးထားသူဟာ ရန္ကုန္တိုင္း အတြင္းထဲမွာပဲ ၂၀၀၀ ေက်ာ္၊ တစ္ႏိုင္ငံလုံးဆိုရင္ ၄၀၀၀၀ ေက်ာ္ ရွိေနတာပါ။ က်န္ FL 17 ဆိုတာကေတာ့ စားေသာက္ဆိုင္ေတြကို ေပးတဲ့ လိုင္စင္ျဖစ္ၿပီး ဒီထက္ အရည္အတြက္ ပိုမ်ားပါတယ္။

အက်ိဳးဆက္ကေတာ့ တင္သြင္းခြင့္ အခြင့္ထူးရတဲ့ လူတစ္စု အႀကီးအက်ယ္ အက်ိဳးအျမတ္ ျဖစ္ထြန္းတာ၊ က်ယ္ျပန႔္တဲ့ အက်င့္ပ်က္ အဂတိလိုက္စားမႈ ျဖစ္ေပၚေစတာ၊ တိုင္းသူျပည္သားေတြရဲ႕ စားသုံးသူ အခြင့္အေရး ခ်ိဳးေဖါက္ခံရတာေတြနဲ႔ အခြန္အေကာက္ ရမယ့္ေငြ ဆုံးရႈံးတာမ်ိဳး ျဖစ္ေပၚေစခဲ့တာပါပဲ။ ခုလို ႏိုင္ငံျခားျဖစ္ အရက္ေတြ တရားဝင္ တင္သြင္းခြင့္ ေပးလိုက္ရင္ တိုင္းျပည္အတြက္ ရသင့္ရထိုက္တဲ့ အခြန္ေငြေတြ ရလာမလား ဆိုတာကလည္း စဥ္းစားစရာပါ။ တကယ္ေတာ့ ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားကေန ကုန္ပစၥည္း အမ်ိဳးမ်ိဳး တင္သြင္းတာကေန အေကာက္ခြန္ အျပည့္အ၀ ရတယ္ဆိုတာမ်ိဳး ဘယ္တုန္းကမွ မရွိခဲ့ဖူးပါဘူး။ တရားဝင္ မွတ္ပုံတင္ထားတဲ့ ကုမၸဏီႀကီးေတြ ကိုယ္တိုင္ တရားဝင္ လမ္းေၾကာင္းကေန အခြန္ေဆာင္ၿပီး ကုန္ပစၥည္းတစ္ခ်ိဳ႕ တင္သြင္း၊ တစ္ခ်ိဳ႕ကိုေတာ့ နယ္စပ္ ေမွာင္ခိုလမ္းေၾကာင္းကေန တရားမဝင္ တင္သြင္းၿပီး ေဈးကြက္ထဲ ေရာေႏွာ ေရာင္းခ်တာမ်ိဳး လုပ္ၾကပါတယ္။

တီဗြီ၊ ေရခဲေသတၱာ၊ အဝတ္ေလ်ာ္စက္လို အီလက္ထေရာနစ္ ပစၥည္းေတြ၊ ကြန္ပ်ဴတာ၊ မိုဘိုင္းဖုန္းနဲ႔ အိုင္တီ ဆက္စပ္ပစၥည္းေတြ အပါအဝင္ သြင္းကုန္အားလုံး အဲဒီနည္းနဲ႔ တင္သြင္း၊ ေရာင္းခ်ေနၾကတာပါ။ ေလာေလာဆယ္ ႏိုင္ငံျခားျဖစ္ အရက္ေတြ တရားဝင္ တင္သြင္းခြင့္ မေပးခင္တုန္းက ႏိုင္ငံျခားျဖစ္ ဝိုင္အမ်ိဳးမ်ိဳး တင္သြင္းခြင့္ ေပးခဲ့ပါတယ္။ ႏိုင္ငံျခားျဖစ္ ဝိုင္ေတြ ကိစၥမွာလည္း အျခားကုန္ပစၥည္းေတြလိုပဲ အခြန္ေဆာင္ၿပီး တင္တာနည္းနည္း၊ တရားမဝင္ ခိုးသြင္းတာမ်ားမ်ား လုပ္ၿပီး အခြန္ေရွာင္ၾကတာပါ။ ႏိုင္ငံျခားျဖစ္ အရက္ေတြနဲ႔ ပတ္သက္ရင္ အဲလို ခိုးသြင္းၾကဖို႔ ျဖစ္ႏိုင္ေျခ ပိုမ်ားပါတယ္။ အေၾကာင္းကေတာ့ အခြန္ႏႈန္းထား ႀကီးျမင့္လို႔ပါ။

၂၀၁၉ စက္တင္ဘာ ၂၅ ရက္ေန႔က ျပဌာန္းလိုက္တဲ့ ျပည္ေထာင္စုဇ။္ အခြန္အေကာက္ ဥပေဒမွာ ႏိုင္ငံျခားျဖစ္ အရက္ တင္သြင္းခြင့္နဲ႔ ပတ္သက္ရင္ တစ္လီတာ က်ပ္ တစ္ေသာင္းကေန တစ္ေသာင္းခြဲတန္ အရက္ တစ္ပုလင္းအတြက္ အခြန္ ၃၂၅၂ က်ပ္ကေန က်ပ္ ၄၁၀၀ အထိ သတ္မွတ္ထားေပမယ့္ က်ပ္ တစ္ေသာင္းခြဲအထက္ အရက္အားလုံးကိုေတာ့ တစ္လီတာ တန္ဘိုးရဲ႕ ၆၀ ရာခိုင္ႏႈန္း အခြန္ေဆာင္ရမယ္လို႔ ျပဌာန္းထားပါတယ္။ အဓိပၸါယ္ကေတာ့ က်ပ္ ၂ေသာင္းတန္ အရက္တစ္ပုလင္း အတြက္ အခြန္ က်ပ္ ၁၂၀၀၀၊ က်ပ္ ၃ ေသာင္းတန္ အရက္တစ္ပုလင္း အတြက္ အခြန္ က်ပ္ ၁၈၀၀၀၊ က်ပ္ ၄ ေသာင္းတန္ အရက္တစ္ပုလင္း အတြက္ အခြန္ က်ပ္ ၂၄၀၀၀ ေပးရမယ့္ သေဘာပါ။ ႏိုင္ငံျခားျဖစ္ အရက္ေတြရဲ႕ တစ္လီတာ တစ္ပုလင္း တန္ဘိုးဟာ အနည္းဆုံး က်ပ္ တစ္ေသာင္းခြဲ အထက္မို႔ အခြန္ႏႈန္းထား ႀကီးျမင့္ေနမွာ ေသျခာပါတယ္။ သိပ္မၾကာေသးခင္တုန္းက တင္သြင္းခြင့္ျပဳခဲ့တဲ့ ဝိုင္အမ်ိဳးမ်ိဳးကို အခြန္ ၅၀% သတ္မွတ္ထားတာေတာင္ ေမွာင္ခိုလမ္းေၾကာင္းကေန အမ်ားႀကီး တင္သြင္းၾကတာမို႔ အခြန္ ၆၀ ရာခိုင္ႏႈန္း က်သင့္မယ့္ အရက္အမ်ိဳးမ်ိဳး ဆိုရင္ အဲဒီလိုပဲ ေမွာင္ခိုသြင္းၾကဦးမွာပါ။ ဒါေၾကာင့္ အရက္အမ်ိဳးမ်ိဳး တင္သြင္းမႈကေန အစိုးရအတြက္ အခြန္အခ ထိထိေရာက္ေရာက္ ရဖို႔ေတာ့ သိပ္မျဖစ္ႏိုင္ပါဘူး။

ႏိုင္ငံျခားျဖစ္ အရက္ အမ်ိဳးမ်ိဳး တရားဝင္ တင္သြင္းေရာင္းခ်မႈကေန ရလာမယ့္ အဓိက အက်ိဳးေက်းဇူးကေတာ့ အဲလို ပိတ္ပင္ထားလို႔ ျဖစ္ေပၚေနတဲ့ အဂတိလိုက္စားမႈ အမ်ိဳးမ်ိဳး ေလ်ာ့ပါးသြားႏိုင္တာပါ။ ေမွာင္ခို ခိုးသြင္းလာတာ၊ တရားဝင္ေတြ မဟုတ္ဘူး ဆိုၿပီး ႏိုင္ငံျခားျဖစ္ အရက္အမ်ိဳးမ်ိဳး ေရာင္းခ်ေနတဲ့ ဆိုင္ေတြကို ရဲနဲ႔ အာဏာပိုင္ အဖြဲ႕အစည္းက တာဝန္ရွိသူ တစ္ခ်ိဳ႕ အၿမဲတန္းလိုလို ေငြညႇစ္ အၾကပ္ကိုင္တာမ်ိဳး၊ အဲဒီဆိုင္ေတြကေန ရဲေတြကို ပုံမွန္လိုင္းေၾကး ေပးရတာမ်ိဳး၊ မထင္ရင္ မထင္သလို ဝင္ေရာက္ ဖမ္းဆီးခံရတာမ်ိဳး ေလ်ာ့နည္းသြားႏိုင္ပါတယ္။ တရားဝင္ တင္သြင္း၊ ေရာင္းခ်မႈေတြ ျဖစ္လို႔ စားသုံးသူ အခြင့္အေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း အေရးဆိုႏိုင္ခြင့္ ရွိေတာ့မွာပါ။ ႏိုင္ငံျခားျဖစ္ အရက္အတု ဝယ္ယူမိရင္ သက္ဆိုင္ရာ စားသုံးသူေရးရာ ဌာနကို တိုင္တန္း၊ ေျဖရွင္းမႈ ရယူႏိုင္ၾကပါလိမ့္မယ္။ ခုလို ႏိုင္ငံျခားျဖစ္ အရက္အမ်ိဳးမ်ိဳး တရားဝင္ တင္သြင္းခြင့္ ျပဳလိုက္ျခင္းအားျဖင့္ အစိုးရအတြက္ အခြန္အေကာက္ သိသိသာသာ ရလာဖို႔ မရွိေပမယ့္ လူတစ္စုကိုပဲ အခြင့္ထူးေပးထားမႈ ပယ္ဖ်က္ႏိုင္တာ၊ အဂတိလိုက္စားမႈ တစ္ခ်ိဳ႕ ေလ်ာ့ခ်ႏိုင္မွာ၊ စားသုံးသူ အခြင့္အေရး တစ္ခ်ိဳ႕ ရလာမွာ အျပင္၊ ရာစုႏွစ္ တစ္ဝက္ေက်ာ္ ခ်မွတ္ခဲ့တဲ့၊ ႏိုင္ငံတစ္ႏိုင္ငံ အတြက္ အဓိပၸါယ္မဲ့တဲ့ ပိတ္ပင္ထားမႈ တစ္ခုကို သဘာ၀ က်က် ဖယ္ရွား ျပင္ဆင္ႏိုင္ခဲ့ၿပီ ဆိုတဲ့ အက်ိဳးေက်းဇူးေတာ့ ရမွာ ျဖစ္ေၾကာင္းပါ။

-------------------

နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး တရားဝင် တင်သွင်းခွင့်ပေးလိုက်ပြီ ဘာတွေ ဆက်ဖြစ်လာမလဲ
မြန်မာအစိုးရ အနေနဲ့ COVID-19 ကာကွယ်တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကြိုးစားအားထုတ် နေရချိန် စီးပွား-ကူးသန်း ဝန်ကြီးဌာနဘက်က ထူးထူးခြားခြား သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ ပြည်ပကနေ တင်သွင်းခွင့် ပိတ်ပင်ထားတဲ့ ကုန်ပစ္စည်းတွေ စာရင်းကနေ နိုင်ငံခြားဖြစ် အရက် အမျိုးမျိုးကို ပယ်ဖျက်လိုက်ခြင်းပါ။ အဓိပ္ပါယ်ကတော့ ရာစုနှစ် တစ်ဝက်ကျော် တင်သွင်းခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံခြားဖြစ် အရက်တွေကို တရားဝင် တင်သွင်းခွင့် ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ကျင်းပပြီးခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်၊ ၁၅ ကြိမ်မြောက် အစည်းအဝေး ကာလ တုန်းက “၂၀၁၉ ခုနှစ် ပြည်ထောင်စုဇ။် အခွန်အကောက် ဥပဒေ” ဆွေးနွေးချိန် ရန်ကုန်တိုင်း စမ်းချောင်းအမတ် ဦးဘိုဘိုဦးက နိုင်ငံခြားဖြစ် အရက်တွေ တရားဝင် တင်သွင်းခွင့်ပြုသင့်ကြောင်း ပြောဆိုဆွေးနွေးခဲ့ဖူးပါသေးတယ်။ ခုလို နိုင်ငံခြားဖြစ် အရက်တွေ တရားဝင် တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်တာကြောင့် အစိုးရ အနေနဲ့ အခွန်တွေ ပို တိုးပြီး ရတော့မလား၊ နိုင်ငံခြားဖြစ် အရက်တုတွေ ပျောက်ကွယ်သွားတော့မလား၊ ဈေးနှုန်းကရော ဘယ်လို ဖြစ်လာမှာလဲ ဆိုတဲ့ ကိစ္စတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် နိုင်ငံခြားဖြစ် အရက်တွေ တရားဝင် တင်သွင်းခွင့်ပြုလိုက်လို့ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လေ့လာ တင်ပြသွားပါ့မယ်။

လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး တရားဝင် တင်သွင်း၊ ရောင်းချခွင့် ပိတ်ပင်ထားတယ် ဆိုပေမယ့် လုံးလုံးကြီး ပိတ်ပင်ထားတာမျိုးတော့ မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ လေဆိပ်က အကောက်ခွန်လွတ် ဆိုင်တွေ၊ နိုင်ငံခြားသား တည်းခိုခွင့်ရှိတဲ့ ဟိုတယ်တွေက စားသောက်ဆိုင်တွေ အတွက်ကတော့ တရားဝင် တင်သွင်း ရောင်းချခွင့် ရနေကြပါတယ်။ ဒီလိုဆိုတော့ ပြည်တွင်းမှာ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး ဝယ်ယူလို့မရ၊ စားသောက်ဆိုင်တွေမှာ သောက်သုံးစရာ မရှိ ဆိုတဲ့ အနေအထားမျိုးလား လို့ မေးစရာရှိပါတယ်။ အဲလိုလည်း မဟုတ်ပြန်ပါဘူး။ ရဲတပ်ဖွဲ့လို အာဏာပိုင်အဖွဲ့အစည်းက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို လာဘ်ငွေပေးပြီး ဖွင့်လှစ်ရောင်းချနေတဲ့ Liquer House တွေ၊ စတိုးဆိုင်တွေမှာ ဝယ်ယူလို့ရသလို စားသောက်ဆိုင် မျိုးစုံမှာလည်း သောက်သုံးလို့ ရနေပါတယ်။ ဒါပေမယ့် ဒါဟာ တရားမဝင် မှောင်ခို သဘောဖြစ်ပြီး တခါတရံ အာဏာပိုင်တွေက စည်းကမ်းတင်းကြပ်၊ ကြပ်မတ်လိုက်တဲ့ အခါမျိုးမှာ ဆိုင်ထဲက ပစ္စည်းတွေ ဖယ်ရှား၊ မှောင်ခိုသဘော ရောင်းချရတာမျိုးတော့ ရှိခဲ့ပါတယ်။ ဒီ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး ဘယ်က ဝင်လာသလဲ လေ့လာကြည့်လိုက်ရင် မှောင်ခိုလမ်းကြောင်း အမျိုးမျိုးက လာတာ၊ နိုင်ငံခြားကနေ တင်သွင်းခွင့် ရထားတဲ့ အခွန်လွတ်ဆိုင်နဲ့ ဟိုတယ်တွေကနေ လိုတာထက် ပိုတင်သွင်းထားပြီး တရားမဝင် ဖြန့်ဖြူးရာကနေ ဆိုင်တွေပေါ် ရောက်လာတာမျိုးပဲ ဖြစ်ပါတယ်။

နောက်ထပ် သဘာ၀ မကျတဲ့ ဖြစ်ရပ်ကြီးကတော့ ပြည်တွင်းမှာ နိုင်ငံခြားဖြစ် အရက် ရောင်းချမှု လုံး၀ ပိတ်ပင် ကန့်သတ်ထားပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနကနေ နိုင်ငံအနှံ့က စားသောက်ဆိုင်တွေ၊ Liquer House ဆိုင်တွေနဲ့ စတိုးဆိုင်တွေကို လိုင်စင်ကြေး ကျပ်၁၅ သိန်းပေးရတဲ့ FL 12 နဲ့ ကျပ် ၂၄ သိန်းပေးဆောင်ရတဲ့ FL 17 လိုင်စင်တွေ ချထားပေးခြင်းပါပဲ။ အဲဒီအထဲက Liquer House ဖွင့်လို့ရတဲ့ FL 12 လိုင်စင်ပေးထားသူဟာ ရန်ကုန်တိုင်း အတွင်းထဲမှာပဲ ၂၀၀၀ ကျော်၊ တစ်နိုင်ငံလုံးဆိုရင် ၄၀၀၀၀ ကျော် ရှိနေတာပါ။ ကျန် FL 17 ဆိုတာကတော့ စားသောက်ဆိုင်တွေကို ပေးတဲ့ လိုင်စင်ဖြစ်ပြီး ဒီထက် အရည်အတွက် ပိုများပါတယ်။

အကျိုးဆက်ကတော့ တင်သွင်းခွင့် အခွင့်ထူးရတဲ့ လူတစ်စု အကြီးအကျယ် အကျိုးအမြတ် ဖြစ်ထွန်းတာ၊ ကျယ်ပြန့်တဲ့ အကျင့်ပျက် အဂတိလိုက်စားမှု ဖြစ်ပေါ်စေတာ၊ တိုင်းသူပြည်သားတွေရဲ့ စားသုံးသူ အခွင့်အရေး ချိုးဖေါက်ခံရတာတွေနဲ့ အခွန်အကောက် ရမယ့်ငွေ ဆုံးရှုံးတာမျိုး ဖြစ်ပေါ်စေခဲ့တာပါပဲ။
ခုလို နိုင်ငံခြားဖြစ် အရက်တွေ တရားဝင် တင်သွင်းခွင့် ပေးလိုက်ရင် တိုင်းပြည်အတွက် ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ ရလာမလား ဆိုတာကလည်း စဉ်းစားစရာပါ။ တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံခြားကနေ ကုန်ပစ္စည်း အမျိုးမျိုး တင်သွင်းတာကနေ အကောက်ခွန် အပြည့်အ၀ ရတယ်ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ တရားဝင် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကြီးတွေ ကိုယ်တိုင် တရားဝင် လမ်းကြောင်းကနေ အခွန်ဆောင်ပြီး ကုန်ပစ္စည်းတစ်ချို့ တင်သွင်း၊ တစ်ချို့ကိုတော့ နယ်စပ် မှောင်ခိုလမ်းကြောင်းကနေ တရားမဝင် တင်သွင်းပြီး ဈေးကွက်ထဲ ရောနှော ရောင်းချတာမျိုး လုပ်ကြပါတယ်။

တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျော်စက်လို အီလက်ထရောနစ် ပစ္စည်းတွေ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ အိုင်တီ ဆက်စပ်ပစ္စည်းတွေ အပါအဝင် သွင်းကုန်အားလုံး အဲဒီနည်းနဲ့ တင်သွင်း၊ ရောင်းချနေကြတာပါ။ လောလောဆယ် နိုင်ငံခြားဖြစ် အရက်တွေ တရားဝင် တင်သွင်းခွင့် မပေးခင်တုန်းက နိုင်ငံခြားဖြစ် ဝိုင်အမျိုးမျိုး တင်သွင်းခွင့် ပေးခဲ့ပါတယ်။ နိုင်ငံခြားဖြစ် ဝိုင်တွေ ကိစ္စမှာလည်း အခြားကုန်ပစ္စည်းတွေလိုပဲ အခွန်ဆောင်ပြီး တင်တာနည်းနည်း၊ တရားမဝင် ခိုးသွင်းတာများများ လုပ်ပြီး အခွန်ရှောင်ကြတာပါ။ နိုင်ငံခြားဖြစ် အရက်တွေနဲ့ ပတ်သက်ရင် အဲလို ခိုးသွင်းကြဖို့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ အခွန်နှုန်းထား ကြီးမြင့်လို့ပါ။

၂၀၁၉ စက်တင်ဘာ ၂၅ ရက်နေ့က ပြဌာန်းလိုက်တဲ့ ပြည်ထောင်စုဇ။် အခွန်အကောက် ဥပဒေမှာ နိုင်ငံခြားဖြစ် အရက် တင်သွင်းခွင့်နဲ့ ပတ်သက်ရင် တစ်လီတာ ကျပ် တစ်သောင်းကနေ တစ်သောင်းခွဲတန် အရက် တစ်ပုလင်းအတွက် အခွန် ၃၂၅၂ ကျပ်ကနေ ကျပ် ၄၁၀၀ အထိ သတ်မှတ်ထားပေမယ့် ကျပ် တစ်သောင်းခွဲအထက် အရက်အားလုံးကိုတော့ တစ်လီတာ တန်ဘိုးရဲ့ ၆၀ ရာခိုင်နှုန်း အခွန်ဆောင်ရမယ်လို့ ပြဌာန်းထားပါတယ်။ အဓိပ္ပါယ်ကတော့ ကျပ် ၂သောင်းတန် အရက်တစ်ပုလင်း အတွက် အခွန် ကျပ် ၁၂၀၀၀၊ ကျပ် ၃ သောင်းတန် အရက်တစ်ပုလင်း အတွက် အခွန် ကျပ် ၁၈၀၀၀၊ ကျပ် ၄ သောင်းတန် အရက်တစ်ပုလင်း အတွက် အခွန် ကျပ် ၂၄၀၀၀ ပေးရမယ့် သဘောပါ။ နိုင်ငံခြားဖြစ် အရက်တွေရဲ့ တစ်လီတာ တစ်ပုလင်း တန်ဘိုးဟာ အနည်းဆုံး ကျပ် တစ်သောင်းခွဲ အထက်မို့ အခွန်နှုန်းထား ကြီးမြင့်နေမှာ သေခြာပါတယ်။ သိပ်မကြာသေးခင်တုန်းက တင်သွင်းခွင့်ပြုခဲ့တဲ့ ဝိုင်အမျိုးမျိုးကို အခွန် ၅၀% သတ်မှတ်ထားတာတောင် မှောင်ခိုလမ်းကြောင်းကနေ အများကြီး တင်သွင်းကြတာမို့ အခွန် ၆၀ ရာခိုင်နှုန်း ကျသင့်မယ့် အရက်အမျိုးမျိုး ဆိုရင် အဲဒီလိုပဲ မှောင်ခိုသွင်းကြဦးမှာပါ။ ဒါကြောင့် အရက်အမျိုးမျိုး တင်သွင်းမှုကနေ အစိုးရအတွက် အခွန်အခ ထိထိရောက်ရောက် ရဖို့တော့ သိပ်မဖြစ်နိုင်ပါဘူး။

နိုင်ငံခြားဖြစ် အရက် အမျိုးမျိုး တရားဝင် တင်သွင်းရောင်းချမှုကနေ ရလာမယ့် အဓိက အကျိုးကျေးဇူးကတော့ အဲလို ပိတ်ပင်ထားလို့ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှု အမျိုးမျိုး လျော့ပါးသွားနိုင်တာပါ။ မှောင်ခို ခိုးသွင်းလာတာ၊ တရားဝင်တွေ မဟုတ်ဘူး ဆိုပြီး နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး ရောင်းချနေတဲ့ ဆိုင်တွေကို ရဲနဲ့ အာဏာပိုင် အဖွဲ့အစည်းက တာဝန်ရှိသူ တစ်ချို့ အမြဲတန်းလိုလို ငွေညှစ် အကြပ်ကိုင်တာမျိုး၊ အဲဒီဆိုင်တွေကနေ ရဲတွေကို ပုံမှန်လိုင်းကြေး ပေးရတာမျိုး၊ မထင်ရင် မထင်သလို ဝင်ရောက် ဖမ်းဆီးခံရတာမျိုး လျော့နည်းသွားနိုင်ပါတယ်။ တရားဝင် တင်သွင်း၊ ရောင်းချမှုတွေ ဖြစ်လို့ စားသုံးသူ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း အရေးဆိုနိုင်ခွင့် ရှိတော့မှာပါ။ နိုင်ငံခြားဖြစ် အရက်အတု ဝယ်ယူမိရင် သက်ဆိုင်ရာ စားသုံးသူရေးရာ ဌာနကို တိုင်တန်း၊ ဖြေရှင်းမှု ရယူနိုင်ကြပါလိမ့်မယ်။ ခုလို နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး တရားဝင် တင်သွင်းခွင့် ပြုလိုက်ခြင်းအားဖြင့် အစိုးရအတွက် အခွန်အကောက် သိသိသာသာ ရလာဖို့ မရှိပေမယ့် လူတစ်စုကိုပဲ အခွင့်ထူးပေးထားမှု ပယ်ဖျက်နိုင်တာ၊ အဂတိလိုက်စားမှု တစ်ချို့ လျော့ချနိုင်မှာ၊ စားသုံးသူ အခွင့်အရေး တစ်ချို့ ရလာမှာ အပြင်၊ ရာစုနှစ် တစ်ဝက်ကျော် ချမှတ်ခဲ့တဲ့၊ နိုင်ငံတစ်နိုင်ငံ အတွက် အဓိပ္ပါယ်မဲ့တဲ့ ပိတ်ပင်ထားမှု တစ်ခုကို သဘာ၀ ကျကျ ဖယ်ရှား ပြင်ဆင်နိုင်ခဲ့ပြီ ဆိုတဲ့ အကျိုးကျေးဇူးတော့ ရမှာ ဖြစ်ကြောင်းပါ။

စည်သူအောင်မြင့်။

XS
SM
MD
LG