သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ အလြန္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အဆင္ေျပႏိုင္ပါ့မလား


Myanmar State Counsellor Office
တိုက္႐ိုက္ လင့္ခ္

လက္ရွိ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အင္န္အယ္လ္ဒီ အစိုးရလက္ထက္မွာ ေနာက္ဆံုးလို႔ ေျပာရမယ့္ (၂၁)ရာစု ပင္လံု၊ ျပည္ေထာင္စု ျငိမ္းခ်မ္းေရး ညီလာခံ ကို ၾသဂုတ္လ ၂၁ ရက္ေန႔က ေအာင္ေအာင္ျမင္ျမင္ က်င္းပ ျပီးဆံုးခဲ့ပါျပီ။ ျငိမ္းခ်မ္္းေရးကို ဦးေဆာင္သူျဖစ္တဲ့ ႏိုင္ငံေတာ္ဇ။္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီညီလာခံ က်င္းပႏုိင္ဖို႔ အလြတ္သေဘာ ေတြ႕ဆံုမွဳေတြ၊ ေဆြးေႏြးမွဳ ညွိႏွိဳင္းမွဳေတြ ၾကိမ္ဖန္မ်ားစြာလုပ္၊ ေနာက္ဆံုး ဆံုမွတ္တစ္ခု ေရာက္ရွိ၊ ဘံုသေဘာထား တူညီဆုိေတာ့မွ တရား၀င္ အစည္းေ၀းေတြကို ျပန္ျပီး ေျခဦးလွည့္ရတာျဖစ္တယ္၊ ဒါေၾကာင့္ ၾကီးမားတဲ့ ေအာင္ျမင္မွဳ ရရွိေစတယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္က ညီလာခံ အဖြင့္မိန္႔ခြန္းမွာ သူ႔အေနနဲ႔ ျငိမ္းခ်မ္းေရး လုပ္တာဟာ လက္နက္အင္အားကိုပဲ ယံုၾကည္တဲ့ “ ႏိုင္ငံေရး ဓေလ့ဆိုး” ကိုျဖတ္္ေတာက္ပစ္ဖို႔ အထိ ရည္ရြယ္ထားတယ္လို႔ ေျပာဆုိခဲ့ပါတယ္။ ႏိုင္ငံေရး အကဲခတ္သူ တစ္ခ်ိဳ႕ကေတာ့ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ စဥ္ဆက္ျပတ္သြားတာမ်ိဳး မျဖစ္ရေလေအာင္၊ ၂၀၂၀ ေနာက္ပိုင္း လုပ္ငန္းစဥ္ေတြ ဆက္လုပ္ႏုိင္ေအာင္ သေဘာတူခဲ့ၾကတာကလြဲျပီး သိပ္ျပီး တုိးတက္မွဳ မရခဲ့ဘူးလို႔ သံုးသပ္ၾကပါတယ္။ ဒါတင္မက ညီလာခံ အဖြင့္ေန႔မွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ရဲ႕ ျပင္းထန္တဲ့ မွတ္ခ်က္စကားေတြေၾကာင့္ ေနာက္ပိုင္း အေကာင္အထည္ ေဖာ္ရမယ့္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အေပၚ စိုးရိမ္သူေတြကလည္း စိုးရိမ္ၾကပါတယ္။ ၂၀၂၀ အလြန္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အလားအလာ ကိစၥ ေလ့လာ တင္ျပသြားပါ့မယ္။

၂၁ ရာစု ပင္လံုညီလာခံ မတုိင္ခင္ကတည္းက ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ပတ္သက္ျပီး တပ္မေတာ္နဲ႔ အစိုးရအဖြဲ႕ တစ္ဖက္နဲ႔ တစ္ဖက္ အပစ္တင္ ေျပာဆိုတာေတြ ရွိခဲ့ပါတယ္။ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ရဲ႕ ရုရွားႏုိင္ငံ ခရီးစဥ္အတြင္း ရုရွားမီဒီယာ တစ္ခ်ိဳ႕နဲ႔ ေတြ႕ဆံုခ်ိန္မွာ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ပတ္သက္ျပီး အစိုးရဘက္ကို အပစ္တင္တဲ့ သေဘာ ေျပာဆုိခဲ့တာ ေတြ႕ရပါတယ္။ သူက အစိုးရအေနနဲ႔ ျငိမ္းခ်မ္းေရး လုပ္ငန္း ေကာင္းေကာင္းမြန္မြန္ ေဆာင္ရြက္ႏုိင္ေအာင္၊ တစ္ဖက္သတ္ အပစ္အခတ္ ရပ္စဲတာမ်ိဳး အၾကိမ္ၾကိမ္ လုပ္ေပးခဲ့တဲ့အေၾကာင္း၊ အဲဒီလို လုပ္ေပးခဲ့ေပမယ့္ အစိုးရဘက္ကေတာ့ ေအာင္ျမင္ေအာင္ အေကာင္အထည္ မေဖာ္ႏုိင္ခဲ့ဘူးလို႔ ဆုိပါတယ္။

သူေျပာတာ အတိအက်က “ၿငိမ္းခ်မ္းေရးကိစၥေတြကို ဦးေဆာင္ ေဆာင္ရြက္ေနတဲ့ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟို ဌာန (NRPC) အေနနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို အင္တိုက္အားတိုက္ ေဆာင္ရြက္နိုင္ဖို႔၊ ပစ္ခတ္တိုက္ခိုက္မႈေတြ ရွိေနလို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ လုပ္ရတာ ေႏွာင့္ေႏွးေနတယ္မျဖစ္ရေအာင္ ေဆာင္ရြက္ေပးခဲ့ပါတယ္။ NRPC အေနနဲ႔ ဒါကို အေကာင္အထည္မေဖာ္နိုင္ခဲ့ဘူးလို႔ ဆိုရမွာျဖစ္ပါတယ္။ လိုအပ္လို႔ ရွိရင္ တပ္က ညႇိႏွိုင္းေရးအဖြဲ႕ ဖြဲ႕စည္းေပးခဲ့တာကိုလည္း ထိထိေရာက္ေရာက္ မသုံးနိုင္ခဲ့ပါဘူး။ ဒီအခ်ိန္မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕က အင္အားတိုးခ်ဲ႕တာေတြ၊ နယ္ေျမတိုးခ်ဲ႕တာေတြ၊ ျပည္သူလူထုအေပၚမွာ ဝန္ထုပ္ဝန္ပိုး ျဖစ္ေစမယ့္ လုပ္ရပ္ေတြ လုပ္ေနတာကို စိတ္မေကာင္းဖြယ္ေတြ႕ ရတယ္။” လို႔ ေ၀ဖန္ခဲ့ပါတယ္။

ဒီလို ေ၀ဖန္ ေျပာဆိုတာနဲ႔ ပတ္သက္ျပီး သတင္းေထာက္ တစ္ခ်ိဳ႕က ႏုိင္ငံေတာ္ အတုိင္ပင္ခံရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးကို ေမးတဲ့အခါ သူက လက္မခံ ပယ္ခ်ပါတယ္။ ဦးေဇာ္ေဌးက အရင္ တတိယအၾကိမ္၂၁ ရာစု ပင္လံု ျငိမ္းခ်မ္းေရး ညီလာခံ ကတည္းက တစ္ခုတည္းေသာ တပ္မေတာ္ ကိစၥ၊ ျပည္ေထာင္စုကေန ခြဲမထြက္ရ ဆိုတဲ့ ကိစၥေတြနဲ႔ ပတ္သက္ျပီး တစ္ဆို႔မွဳေတြ ၾကံဳခဲ့ရေၾကာင္း၊ ေနာက္ပိုင္း အစိုးရ၊ တပ္မေတာ္ ေခါင္းေဆာင္ေတြနဲ႔ လက္နက္ကိုင္ တုိင္းရင္းသား ေခါင္းေဆာင္ေတြ ေတြ႕ဆံုၾကတဲ့ 10+10 ထိပ္သီး အစည္းအေ၀းပြဲအျပီး အေျခအေနေတြ ပိုဆုိးသြားေၾကာင္း၊ NCA လက္မွတ္ထိုးထားတဲ့ KNU အဖြဲ႕က တရား၀င္ ျငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာ ပါ၀င္တာကေန ရပ္ဆုိင္းခဲ့ေၾကာင္း၊ အလားတူ RCSS/SSA ရွမ္းတပ္ဖြဲ႕ကလည္း ပစ္ခတ္ တုိက္ခိုက္မွဳ ဆုိင္ရာ ေစာင့္ၾကည့္တဲ့ JMC အစည္းေ၀းေတြကို မတက္ပဲ ေနခဲ့ေၾကာင္း၊ အစိုးရ ျငိမ္းခ်မ္းေရး အေကာင္အထည္ေဖာ္သူေတြဟာ အဲဒီ အေျခအေနကို ခက္ခက္ခဲခဲ ေက်ာ္လႊားခဲ့ရေၾကာင္း၊ အလြတ္သေဘာ ေဆြးေႏြးပြဲေတြ အၾကိမ္ၾကိမ္လုပ္၊ ယံုၾကည္မွဳ ျပန္တည္ေဆာက္ျပီး ေနာက္မွ တရား၀င္ အစည္းေ၀းပြဲေတြ ျပန္က်င္းပႏုိင္ေအာင္ ၾကိဳးစားခဲ့ရေၾကာင္း၊ ဒါေၾကာင့္ ဒီ ျပသနာေတြရဲ႕ အရင္းခံ ဘယ္သူျဖစ္မယ္ ဆိုတာ မွန္းၾကည့္ႏုိင္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

သူဆိုလိုတာကေတာ့ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြဟာ 10+10 ထိပ္သီးအစည္းေ၀းမွာ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ ေျပာဆုိခဲ့တဲ့ “ ျပည္ေထာင္စုမွ ခြဲမထြက္ရ” ဆိုတာနဲ႔ “ တစ္ခုတည္းေသာ တပ္မေတာ္” ဆိုင္ရာ သေဘာထား တင္းမာတဲ့ မိန္႔ခြန္းကေန အစျပဳျပီး ရပ္တန္႔သြားခဲ့တာကို ရည္ညႊန္းတာပါ။

ဒီလုိ တုန္႔ျပန္မွဳကို ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္က လက္မခံျပန္ပါဘူး။ ျငိမ္းခ်မ္းေရးနဲ႔ ပတ္သက္တဲ့ လူေတြ စံုတဲ့ပြဲမွာ သူ႔ရဲ႕ မိန္႔ခြန္းကေန တဆင့္ ခပ္ၾကမ္းၾကမ္းေလး တုန္႔ျပန္လိုက္ပါတယ္။ သူက ႏိုင္ငံေရးပါတီ တစ္ခ်ိဳ႕နဲ႔ လက္နက္ကိုင္ အဖြဲ႕တစ္ခ်ိဳ႕ဟာ ျပည္တြင္း လက္နက္ကိုင္ ပဋိပကၡဟာ တပ္မေတာ္ေၾကာင့္ပဲ ျဖစ္ရသေယာင္ သမိုင္းကို လုပ္ၾကံဖန္တီးေနၾကေၾကာင္း၊ တစ္ခ်ိဳ႕ကလည္း လက္နက္ကိုင္ ပဋိပကၡေတြဟာ တပ္မေတာ္နဲ႔ တုိင္းရင္းသား လက္နက္ကိုင္ေတြ အၾကားမွာ ျဖစ္ေနတာ ျဖစ္ျပီး အစိုးရနဲ႔ မဆိုင္၊ အစိုးရက ဒိုင္သဖြယ္ ၾကားကေန ေဆာင္ရြက္ေပးရမယ္ ဆိုတဲ့ အယူအဆနဲ႔ ေျပာဆုိေနၾကတဲ့အေၾကာင္း၊ ဒီလို ေျပာဆုိတာကို သူ႔အေနနဲ႔ လက္မခံေၾကာင္း၊ သူတုိ႔ တပ္မေတာ္ဟာ ႏုိင္ငံေတာ္နဲ႔ အစိုးရကို အကာအကြယ္ေပးေနတာသာ ျဖစ္ေၾကာင္း၊ တပ္မေတာ္အေပၚ လုပ္ၾကံ စြပ္စြဲမွဳေတြဟာ ၁၉၅၀ေက်ာ္ ခုႏွစ္ေတြဆီက ဗမာျပည္ကြန္ျမဴနစ္ပါတီ ဗကပ က လုပ္ၾကံဖန္တီး စြပ္စြဲခဲ့တာနဲ႔ အတူတူ ျဖစ္ေၾကာင္း၊ အဲဒီအခ်ိန္ ဗကပ ေတြက နည္းပရိယာယ္ အရ ျပည္တြင္းျငိမ္းခ်မ္းေရး ဆုိျပီး ေၾကြးေၾကာ္ေနေပမယ့္ လက္ေတြ႕မွာေတာ့ ျပည္တြင္းစစ္ ျဖစ္ရတာဟာ အဲဒီ အခ်ိန္က အာဏာရ ဖဆပလ အစိုးရေၾကာင့္ ျဖစ္ရတာ ဆုိျပီး လွံဳ႕ေဆာ္ဖန္တီးၾကေၾကာင္း၊ ဒါေၾကာင့္ အဲလို လုပ္ၾကံဖန္တီးေနၾကသူေတြကို သူက “ ဆိတ္ေခါင္းခ်ိတ္ျပီး ေခြးသားေရာင္းဖို႔ မၾကိဳးစားခ်င္ပါနဲ႔” ဆိုျပီး အစိုးရနဲ႔ တုိင္းရင္းသား လက္နက္ကိုင္ေတြကို သတိေပး ေျပာဆုိခဲ့ပါတယ္။

ဒီလုိအေျခအေန ဒီလို သေဘာထားေတြကိုၾကည့္ရင္ ၂၀၂၀ ေနာက္ပိုင္းမွာလည္း ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ျပန္စႏုိင္သည့္တိုင္ လက္ေတြ႕က်တဲ့ တုိးတက္မွဳေတြ ရလာလိမ့္မယ္လို႔ ေမွ်ာ္မွန္းဖို႔ ခက္ခဲေနပါဦးမယ္။ အင္န္အယ္လ္ဒီ အစိုးရလက္ထက္ ၂၀၁၆ ကေန ၂၀၂၀ အထိ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ တစ္ခုလံုးကို ျပန္ျပီး ျခံဳငံုသံုးသပ္ၾကည့္ရင္ လက္္ေတြ႕က်၊ ထိေရာက္တဲ့ တိုးတက္မွဳ ရလာတယ္လို႔ ေျပာဖို႔ အေတာ္ခက္ပါတယ္။

NCA လက္မွတ္ထိုးထားတဲ့ အဖြဲ႕ေတြနဲ႔ ေဆြးေႏြးပြဲေတြကေန တဆင့္ ႏုိင္ငံေရးနည္းအရ အေျဖရွာတဲ့ဆီမွာ လုပ္ငန္းစဥ္ တစ္ခုလံုး ပ်က္သြားတဲ့အထိ ဆိုးရြားမသြားခဲ့ေပမယ့္ လက္ေတြ႕က်တဲ့ တိုးတက္မွဳလို႔ ယူဆ ရမယ့္ သေဘာတူညီခ်က္မ်ိဳး သိပ္မေတြ႕ရပါဘူး။ အလားတူ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခုိင္ AA၊ ကိုးကန္႔၊ တအာဲန္းပေလာင္ တပ္ဖြဲ႕ေတြနဲ႔လည္း အပစ္အခတ္ရပ္စဲေရး မလုပ္ႏုိင္ခဲ့ပါဘူး။ ပစ္ခတ္တိုက္ခိုက္မွဳ မရွိေပမယ့္ NCA လက္မွတ္ မထိုးေသးတဲ့ ၀၊ မုိင္းလား၊ SSPP/SSA ရွမ္းတပ္ဖြဲ႕၊ KIA ကခ်င္တပ္ဖြဲ႕၊ ကရင္နီလက္နက္ကိုင္ တပ္ဖြဲ႕ ေတြကိုလည္း တရား၀င္ ျငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြထဲ ေရာက္လာေအာင္ မစည္းရံုးႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ ျဖစ္ေပၚခဲ့တဲ့ အေျခအေနေတြ အားလံုးကို ျခံဳငံုသံုးသပ္ၾကည့္လိုက္ရင္ ၂၀၂၀ အလြန္မွာ ေဒၚေအာင္ဆန္းစုၾကည္ ေမွ်ာ္မွန္းထားတဲ့ “ႏုိင္ငံေရးဓေလ့ဆုိး”ကို ျဖတ္ေတာက္ပစ္ဖို႔ မျဖစ္ႏိုင္ေသးသလို၊ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကလည္း ဆက္ျပီး ခက္ခဲၾကမ္းတမ္းေနဦးမယ္လို႔ ယူဆရေၾကာင္းပါ။

----------------------

၂၀၂၀ အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင်ပြေနိုင်ပါ့မလား

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ နောက်ဆုံးလို့ ပြောရမယ့် (၂၁)ရာစု ပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကို သြဂုတ်လ ၂၁ ရက်နေ့က အောင်အောင်မြင်မြင် ကျင်းပ ပြီးဆုံးခဲ့ပါပြီ။ ငြိမ်းချမ်းရေးကို ဦးဆောင်သူဖြစ်တဲ့ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီညီလာခံ ကျင်းပနိုင်ဖို့ အလွတ်သဘော တွေ့ဆုံမှုတွေ၊ ဆွေးနွေးမှု ညှိနှိုင်းမှုတွေ ကြိမ်ဖန်များစွာလုပ်၊ နောက်ဆုံး ဆုံမှတ်တစ်ခု ရောက်ရှိ၊ ဘုံသဘောထား တူညီဆိုတော့မှ တရားဝင် အစည်းဝေးတွေကို ပြန်ပြီး ခြေဦးလှည့်ရတာဖြစ်တယ်၊ ဒါကြောင့် ကြီးမားတဲ့ အောင်မြင်မှု ရရှိစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ အဖွင့်မိန့်ခွန်းမှာ သူ့အနေနဲ့ ငြိမ်းချမ်းရေး လုပ်တာဟာ လက်နက်အင်အားကိုပဲ ယုံကြည်တဲ့ “ နိုင်ငံရေး ဓလေ့ဆိုး” ကိုဖြတ်တောက်ပစ်ဖို့ အထိ ရည်ရွယ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ နိုင်ငံရေး အကဲခတ်သူ တစ်ချို့ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စဉ်ဆက်ပြတ်သွားတာမျိုး မဖြစ်ရလေအောင်၊ ၂၀၂၀ နောက်ပိုင်း လုပ်ငန်းစဉ်တွေ ဆက်လုပ်နိုင်အောင် သဘောတူခဲ့ကြတာကလွဲပြီး သိပ်ပြီး တိုးတက်မှု မရခဲ့ဘူးလို့ သုံးသပ်ကြပါတယ်။ ဒါတင်မက ညီလာခံ အဖွင့်နေ့မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြင်းထန်တဲ့ မှတ်ချက်စကားတွေကြောင့် နောက်ပိုင်း အကောင်အထည် ဖော်ရမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိုးရိမ်သူတွေကလည်း စိုးရိမ်ကြပါတယ်။ ၂၀၂၀ အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလားအလာ ကိစ္စ လေ့လာ တင်ပြသွားပါ့မယ်။

၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင်ကတည်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အစိုးရအဖွဲ့ တစ်ဖက်နဲ့ တစ်ဖက် အပစ်တင် ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း ရုရှားမီဒီယာ တစ်ချို့နဲ့ တွေ့ဆုံချိန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အစိုးရဘက်ကို အပစ်တင်တဲ့ သဘော ပြောဆိုခဲ့တာ တွေ့ရပါတယ်။ သူက အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်အောင်၊ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲတာမျိုး အကြိမ်ကြိမ် လုပ်ပေးခဲ့တဲ့အကြောင်း၊ အဲဒီလို လုပ်ပေးခဲ့ပေမယ့် အစိုးရဘက်ကတော့ အောင်မြင်အောင် အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
သူပြောတာ အတိအကျက “ငြိမ်းချမ်းရေးကိစ္စတွေကို ဦးဆောင် ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ဖို့၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ရတာ နှောင့်နှေးနေတယ်မဖြစ်ရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ NRPC အနေနဲ့ ဒါကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ လိုအပ်လို့ ရှိရင် တပ်က ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပေးခဲ့တာကိုလည်း ထိထိရောက်ရောက် မသုံးနိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က အင်အားတိုးချဲ့တာတွေ၊ နယ်မြေတိုးချဲ့တာတွေ၊ ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် လုပ်ရပ်တွေ လုပ်နေတာကို စိတ်မကောင်းဖွယ်တွေ့ ရတယ်။” လို့ ဝေဖန်ခဲ့ပါတယ်။

ဒီလို ဝေဖန် ပြောဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက် တစ်ချို့က နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို မေးတဲ့အခါ သူက လက်မခံ ပယ်ချပါတယ်။ ဦးဇော်ဌေးက အရင် တတိယအကြိမ်၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကတည်းက တစ်ခုတည်းသော တပ်မတော် ကိစ္စ၊ ပြည်ထောင်စုကနေ ခွဲမထွက်ရ ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ဆို့မှုတွေ ကြုံခဲ့ရကြောင်း၊ နောက်ပိုင်း အစိုးရ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့ 10+10 ထိပ်သီး အစည်းအဝေးပွဲအပြီး အခြေအနေတွေ ပိုဆိုးသွားကြောင်း၊ NCA လက်မှတ်ထိုးထားတဲ့ KNU အဖွဲ့က တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်တာကနေ ရပ်ဆိုင်းခဲ့ကြောင်း၊ အလားတူ RCSS/SSA ရှမ်းတပ်ဖွဲ့ကလည်း ပစ်ခတ် တိုက်ခိုက်မှု ဆိုင်ရာ စောင့်ကြည့်တဲ့ JMC အစည်းဝေးတွေကို မတက်ပဲ နေခဲ့ကြောင်း၊ အစိုးရ ငြိမ်းချမ်းရေး အကောင်အထည်ဖော်သူတွေဟာ အဲဒီ အခြေအနေကို ခက်ခက်ခဲခဲ ကျော်လွှားခဲ့ရကြောင်း၊ အလွတ်သဘော ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်၊ ယုံကြည်မှု ပြန်တည်ဆောက်ပြီး နောက်မှ တရားဝင် အစည်းဝေးပွဲတွေ ပြန်ကျင်းပနိုင်အောင် ကြိုးစားခဲ့ရကြောင်း၊ ဒါကြောင့် ဒီ ပြသနာတွေရဲ့ အရင်းခံ ဘယ်သူဖြစ်မယ် ဆိုတာ မှန်းကြည့်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

သူဆိုလိုတာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ 10+10 ထိပ်သီးအစည်းဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုခဲ့တဲ့ “ ပြည်ထောင်စုမှ ခွဲမထွက်ရ” ဆိုတာနဲ့ “ တစ်ခုတည်းသော တပ်မတော်” ဆိုင်ရာ သဘောထား တင်းမာတဲ့ မိန့်ခွန်းကနေ အစပြုပြီး ရပ်တန့်သွားခဲ့တာကို ရည်ညွှန်းတာပါ။

ဒီလို တုန့်ပြန်မှုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မခံပြန်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လူတွေ စုံတဲ့ပွဲမှာ သူ့ရဲ့ မိန့်ခွန်းကနေ တဆင့် ခပ်ကြမ်းကြမ်းလေး တုန့်ပြန်လိုက်ပါတယ်။ သူက နိုင်ငံရေးပါတီ တစ်ချို့နဲ့ လက်နက်ကိုင် အဖွဲ့တစ်ချို့ဟာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခဟာ တပ်မတော်ကြောင့်ပဲ ဖြစ်ရသယောင် သမိုင်းကို လုပ်ကြံဖန်တီးနေကြကြောင်း၊ တစ်ချို့ကလည်း လက်နက်ကိုင် ပဋိပက္ခတွေဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြားမှာ ဖြစ်နေတာ ဖြစ်ပြီး အစိုးရနဲ့ မဆိုင်၊ အစိုးရက ဒိုင်သဖွယ် ကြားကနေ ဆောင်ရွက်ပေးရမယ် ဆိုတဲ့ အယူအဆနဲ့ ပြောဆိုနေကြတဲ့အကြောင်း၊ ဒီလို ပြောဆိုတာကို သူ့အနေနဲ့ လက်မခံကြောင်း၊ သူတို့ တပ်မတော်ဟာ နိုင်ငံတော်နဲ့ အစိုးရကို အကာအကွယ်ပေးနေတာသာ ဖြစ်ကြောင်း၊ တပ်မတော်အပေါ် လုပ်ကြံ စွပ်စွဲမှုတွေဟာ ၁၉၅၀ကျော် ခုနှစ်တွေဆီက ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ က လုပ်ကြံဖန်တီး စွပ်စွဲခဲ့တာနဲ့ အတူတူ ဖြစ်ကြောင်း၊ အဲဒီအချိန် ဗကပ တွေက နည်းပရိယာယ် အရ ပြည်တွင်းငြိမ်းချမ်းရေး ဆိုပြီး ကြွေးကြော်နေပေမယ့် လက်တွေ့မှာတော့ ပြည်တွင်းစစ် ဖြစ်ရတာဟာ အဲဒီ အချိန်က အာဏာရ ဖဆပလ အစိုးရကြောင့် ဖြစ်ရတာ ဆိုပြီး လှုံ့ဆော်ဖန်တီးကြကြောင်း၊ ဒါကြောင့် အဲလို လုပ်ကြံဖန်တီးနေကြသူတွေကို သူက “ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားချင်ပါနဲ့” ဆိုပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို သတိပေး ပြောဆိုခဲ့ပါတယ်။

ဒီလိုအခြေအနေ ဒီလို သဘောထားတွေကိုကြည့်ရင် ၂၀၂၀ နောက်ပိုင်းမှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်စနိုင်သည့်တိုင် လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ရလာလိမ့်မယ်လို့ မျှော်မှန်းဖို့ ခက်ခဲနေပါဦးမယ်။ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၆ ကနေ ၂၀၂၀ အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံးကို ပြန်ပြီး ခြုံငုံသုံးသပ်ကြည့်ရင် လက်တွေ့ကျ၊ ထိရောက်တဲ့ တိုးတက်မှု ရလာတယ်လို့ ပြောဖို့ အတော်ခက်ပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေကနေ တဆင့် နိုင်ငံရေးနည်းအရ အဖြေရှာတဲ့ဆီမှာ လုပ်ငန်းစဉ် တစ်ခုလုံး ပျက်သွားတဲ့အထိ ဆိုးရွားမသွားခဲ့ပေမယ့် လက်တွေ့ကျတဲ့ တိုးတက်မှုလို့ ယူဆ ရမယ့် သဘောတူညီချက်မျိုး သိပ်မတွေ့ရပါဘူး။ အလားတူ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင် AA၊ ကိုးကန့်၊ တအာဲန်းပလောင် တပ်ဖွဲ့တွေနဲ့လည်း အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်ခဲ့ပါဘူး။ ပစ်ခတ်တိုက်ခိုက်မှု မရှိပေမယ့် NCA လက်မှတ် မထိုးသေးတဲ့ ဝ၊ မိုင်းလား၊ SSPP/SSA ရှမ်းတပ်ဖွဲ့၊ KIA ကချင်တပ်ဖွဲ့၊ ကရင်နီလက်နက်ကိုင် တပ်ဖွဲ့ တွေကိုလည်း တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေထဲ ရောက်လာအောင် မစည်းရုံးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ၂၀၂၀ အလွန်မှာ ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းထားတဲ့ “နိုင်ငံရေးဓလေ့ဆိုး”ကို ဖြတ်တောက်ပစ်ဖို့ မဖြစ်နိုင်သေးသလို၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကလည်း ဆက်ပြီး ခက်ခဲကြမ်းတမ်းနေဦးမယ်လို့ ယူဆရကြောင်းပါ။
စည်သူအောင်မြင့်။

XS
SM
MD
LG