သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ျပဳျပင္ေျပာင္းလဲ လာေတာ့မလား


ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ရဲခ်ဳပ္နဲ႔ ထိပ္တန္းရဲအရာရွိၾကီးေတြကို ေခၚယူျပီး လမ္းညႊန္အမွာစကား ေျပာၾကားေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

ထူးျခားတယ္လို႔ ေျပာရမလား၊ ျပီးခဲ့တဲ့ ဒီဇင္ဘာ ၁၈ ရက္ေန႔က ႏိုင္ငံေတာ္ဇ။္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ရဲခ်ဳပ္နဲ႔ ထိပ္တန္းရဲအရာရွိၾကီးေတြကို ေခၚယူျပီး လမ္းညႊန္အမွာစကား ေျပာၾကားပါတယ္။ အဲဒီလို လမ္းညႊန္ခ်က္ ေပးရာမွာ ရဲတပ္ဖြဲ႕ရဲ႕ တာ၀န္ေတြကို ေျပာဆုိ ရွင္းျပခဲ့တဲ့အျပင္ ျပည္သူေတြ လံုလံုျခံဳျခံဳ ေနႏိုင္ေအာင္၊ ရပ္ရြာ တည္ျငိမ္ေအးခ်မ္းသာယာေရး အတြက္ လုပ္ေဆာင္ေနတယ္လို႔ ျပည္သူေတြ ျမင္လာေအာင္ ၾကိဳးစားေပးပါလို႔ ေျပာရင္း ျပဳျပင္ေျပာင္းလဲမွဳေတြ လုပ္ဖို႔ တုိက္တြန္းပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ေျပာခဲ့တဲ့အထဲမွာ အေရးအၾကီးဆံုး တစ္ခ်က္ကေတာ့ ရဲတပ္ဖြဲ႕အေနနဲ႔ ျပည္သူလူထုက ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရအဖြဲ႕ကို သစၥာေစာင့္သိျခင္းျဖင့္ ကိုယ့္တာ၀န္ကုိယ္ ေက်ပြန္ၾကေစလိုတယ္ ဆုိတဲ့ အခ်က္ ပါပါတယ္။ ရဲတပ္ဖြဲ႕ အေနနဲ႔ အစိုးရကို သစၥာခံၾကဖို႔ေဒၚေအာင္ဆန္းစုၾကည္ ေျပာဆုိရတဲ့ အေျခအေန ေရာက္ေအာင္ ဒီကေန႔ ရဲတပ္ဖြဲ႕ ဘာေတြ လုပ္ေဆာင္ေနသလဲ၊ ရဲတပ္ဖြဲ႕ အေနနဲ႔ ကုိယ့္ကိုယ္ကိုယ္ ျပဳျပင္ ေျပာင္းလဲျပီး တကယ္ပဲ ျပည္သူလူထု လံုျခံဳေရး နဲ႔ တရားဥပေဒ စိုးမုိးေရးကို တာ၀န္ယူႏုိင္တဲ့ အဖြဲ႕အစည္းၾကီးတစ္ခု ျဖစ္လာႏုိင္မလား ဆိုတာ စိတ္၀င္စားဖုိ႔ ေကာင္းေနပါတယ္။ ခုတစ္ပတ္ အဲဒီအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လမ္းညႊန္မွာၾကားခ်က္ထဲမွာ ရခုိင္ျပည္နယ္ အေျခအေနနဲ႔ ပတ္သက္ျပီး တစ္ၾကိမ္ႏွစ္ၾကိမ္မက ေျပာဆုိတာ ေတြ႕ရပါတယ္။ အေျခအေနအရ ရဲတပ္ဖြဲ႕၀င္ အေတာ္မ်ားမ်ား ရခုိင္ျပည္နယ္ကို ပို႔ထားရတဲ့အေၾကာင္း၊ ရခုိင္ျပည္နယ္ဘက္မွာ ရဲတပ္ဖြဲ႕၀င္ေတြ ထိခိုက္က်ဆံုးမွဳေတြလည္း ရွိေနတဲ့အေၾကာင္း၊ ဒါေၾကာင့္ က်န္ရစ္ခဲ့တဲ့ ရဲတပ္ဖြဲ႕၀င္ေတြရဲ႕ မိသားစု၀င္ေတြကိုလည္း ပံ့ပိုးတာ၀န္ယူေပးမယ္ ျဖစ္တဲ့အေၾကာင္း စသျဖင့္ ေျပာဆုိခဲ့ပါတယ္။ တကယ္လည္း ရခုိင္ျပည္နယ္ရဲ႕ လံုျခံဳေရးနဲ႔ တရားဥပေဒ စိုးမုိးေရး အေျခအေနဟာ စိုးရိမ္စရာ ေကာင္းေနပါတယ္။ ရခုိင္ တုိင္းရင္းသား ၀န္ၾကီးအဆင့္ ရွိသူတစ္ေယာက္ရဲ႕ ေျပာဆုိခ်က္အရ ရခုိင္ျပည္နယ္မွာ AA လက္နက္ကိုင္ေတြ လွဳပ္ရွားေနတဲ့ တိုက္ပြဲျဖစ္ပြားေနတဲ့ ျမိဳ႕ရြာေတြတင္မက ျပည္နယ္ ျမိဳ႕ေတာ္ စစ္ေတြမွာေတာင္ အစိုးရရဲ႕ အုပ္ခ်ဳပ္ေရး ယႏၱယား ထိေရာက္မွဳ မရွိေတာ့ဘူးလို႔ ဆုိပါတယ္။ ျမိဳ႕ခံေတြ ဆိုရင္ ၀န္ၾကီးခ်ဳပ္လာရင္ ထျပန္တာမ်ိဳး လုပ္ေလ့ရွိျပီး ရဲတပ္ဖြဲ႕၀င္ေတြ ဆုိရင္လည္း သူတုိ႔ သက္ဆုိင္ရာ စခန္းနဲ႔ ေနအိမ္ေတြ အျပင္ဘက္ကို ထြက္တာ နည္းလာျပီး ဆုိက္ကားသမားေတြကို ေစ်း၀ယ္ခိုင္းတဲ့ အဆင့္ထိေရာက္ေနတယ္လို႔ ဆုိပါတယ္။ ျမိဳ႕မွာ ပစၥည္းတစ္ခုခုေပ်ာက္တာ၊ ျပသနာ တစ္ခုခု ေပၚတာဆုိရင္ ရဲတပ္ဖြဲ႕ကို သြားတုိင္တယ္ ဆုိတာထက္ လူမိုက္ဂိုဏ္း၀င္ေတြကို ေျပာျပီး ျပသနာေျဖရွင္းတဲ့ ဓေလ့ ထြန္းကားလာတယ္လို႔လည္း ဆုိပါတယ္။ ဝန္ၾကီးကိုယ္တုိင္ ေရာက္သြားတဲ့ တရားမ၀င္ ဖဲ၀ိုင္းတစ္ခုမွာ ေငြေၾကး သိန္းေသာင္းခ်ီ ေလာင္းေၾကးထပ္ ကစားၾကသလို၊ ပစၥတိုေသနတ္ ကိုယ္စီ ေဆာင္ထားၾကတာကိုေတာင္ ျမင္တဲ့အေၾကာင္း ေျပာျပပါတယ္။ သူ႔အဆုိအရ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းမွာ တရားဥပေဒ စိုးမုိးမွဳ မရွိ၊ လံုျခံဳေရး အာမခံခ်က္ မရွိ၊ အစိုးရယႏၱယား အလုပ္မလုပ္ႏုိင္ေတာ့ဘူးလို႔ ဆုိလိုတာပါ။

တကယ္ေတာ့ လက္ရွိ တုိက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္မွာ လံုျခံဳေရးကို အဓိက တာ၀န္ယူထားသူက တပ္မေတာ္ ျဖစ္ျပီး တရားဥပေဒ စိုးမုိးေအာင္ လုပ္ရမွာက ရဲတပ္ဖြဲ႕ရဲ႕ တာ၀န္ပါ။ ဘယ္လို အေၾကာင္းမ်ိဳးေၾကာင့္ ေပၚေပါက္လာသည္ျဖစ္ေစ၊ လက္နက္ကိုင္ တုိက္ခိုက္မွဳေတြကို ႏိုင္ႏိုင္နင္းနင္း ကိုင္တြယ္ေျဖရွင္းရမွာ တပ္မေတာ္ရဲ႕ တာ၀န္ျဖစ္ျပီး ျပည္သူေတြၾကား တရားဥပေဒ စိုးမုိးေအာင္ ေဆာင္ရြက္ေပးရမွာက ရဲတပ္ဖြဲ႕ရဲ႕ တာ၀န္ျဖစ္ပါတယ္။ ေျပာရရင္ ရခုိင္ျပည္နယ္မွာ တပ္မေတာ္ကေရာ၊ ရဲတပ္ဖြဲ႕ကပါ သူတုိ႔ယူထားရတဲ့ တာ၀န္ကို ေက်ေက်ပြန္ပြန္ ထမ္းေဆာင္ႏုိင္ျခင္း မရွိေသးတာ ေတြ႕ၾကရမယ္ ျဖစ္ပါတယ္။ ဒါနဲ႔ ပတ္သက္ရင္ ျပီးခဲ့တဲ့ ဒီဇင္ဘာ ၁၉ ရက္ေန႔က ႏိုင္ငံေတာ္ရဲ႕ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရခုိင္ျပည္နယ္ မာန္ေအာင္ျမိဳ႕နယ္ကို ခရီးစဥ္ တစ္ခု သြားေရာက္ခဲ့ျပီး သူ မေရာက္ခင္ နာရီပိုင္း အလိုမွာ မိုင္းေပါက္ကြဲမွဳေတြ ျဖစ္ပြားခဲ့ရတာက တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕၀င္ေတြ အေနနဲ႔ သူတုိ႔တာ၀န္ သူတုိ႔ ေက်ပြန္ေအာင္ ထမ္းေဆာင္ႏုိင္ျခင္း မရွိေသးဘူး ဆုိတာ ျပသတဲ့ လကၡဏာ တစ္ခုလည္း ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ေျပာတဲ့ လမ္းညႊန္အမွာစကား ထဲမွာ မူးယစ္ေဆး၀ါး ျပသနာလည္း ပါပါတယ္။ မူးယစ္ေဆး၀ါး ျပသနာမွာ ႏွစ္ပိုင္းရွိပါတယ္။ တစ္ပိုင္းကေတာ့ ျပည္တြင္းမွာ အေျမာက္အမ်ား ထုတ္လုပ္ျပီး အိမ္နီးခ်င္းန႔ဲ ႏုိင္ငံတကာကို ပို႔ေနတာပါ။ အခုေနာက္ပိုင္း သိန္းခ်ီ၊ သန္းခ်ီ ပမာဏရွိတဲ့ အင္ဖက္တမင္း စိတ္ၾကြမူးယစ္ေဆးျပားေတြ ဖမ္းမိတာ၊ ပိုင္ရွင္မဲ့ ေတြ႕တာေတြ မ်ားလာပါတယ္။ စိတ္ၾကြေဆးျပား ေထာင္ခ်ီ ေသာင္းခ်ီ ဖမ္းဆီးရမိမွဳ ဆိုတာမ်ိဳးဟာ ထူးဆန္းတဲ့ သတင္းေတြထဲ မပါေတာ့ပါဘူး။ ရဲတပ္ဖြဲ႕ဟာ ပမာဏ ၾကီးမားတဲ့ မူးယစ္ေဆး၀ါး ကုန္ကူးမွဳေတြကို ကာကြယ္ တားဆီးႏွိမ္နင္းႏုိင္ျခင္း မရွိေသးပါဘူး။ ေနာက္တစ္ခုကေတာ့ ျပည္သူေတြအၾကား မူယစ္ေဆး၀ါး ေရာင္း၀ယ္၊ ေဖါက္ကား၊ သံုးစြဲေနၾကတဲ့ ကိစၥပါ။ ဒီ ျပသနာလည္း ဆယ္စုႏွစ္ေတြနဲ႔ခ်ီ ၾကာျမင့္ေနတဲ့ ျပသနာျဖစ္ျပီး ဒီကေန႔အခ်ိန္ထိ ကိုင္တြယ္ေျဖရွင္းႏုိင္တာ မရွိေသးပါဘူး။ ျပီးခဲ့တဲ့ ရက္ပိုင္း စစ္ကိုင္းတုိင္း ၀န္ၾကီးခ်ဳပ္ ေဒါက္တာျမင့္ႏုိင္ အပါအ၀င္ မ႑ိဳင္ၾကီးသံုးရပ္က တာ၀န္ရွိသူေတြနဲ႔ ျပည္သူလူထု ေတြ႕ဆံုပြဲမွာ ေဒသခံ တစ္ေယာက္က သူမနက္တစ္ပိုင္း ေကာက္လို႔ရတဲ့ မူးယစ္ေဆး၀ါး သံုးစြဲသူေတြ စြန္႔ပစ္ထားတဲ့ ေဆးထိုးအပ္ အေဟာင္းေတြကို ပလပ္စတစ္ပံုးတစ္ပံုးနဲ႔ ထည့္လာျပီး ေျပာဆုိ တုိင္တန္းခဲ့ပါတယ္။ ဒီလိုျပသနာမ်ိဳး ႏုိင္ငံအႏွံ႕ ရွိေနမွာျဖစ္ျပီး အဓိက ရဲတပ္ဖြဲ႕ရဲ႕ ျပသနာလို႔ အမ်ားက ရွဳျမင္ၾကပါတယ္။ ဒါကို သက္ေသထူႏုိင္တဲ့ အျဖစ္အပ်က္ တစ္ခု ျပီးခဲ့တဲ့ ရက္ပိုင္းက ျဖစ္ပ်က္ခဲ့ပါေသးတယ္။ အဲဒါကေတာ့ လားရွိဳးမွာ ရဲတပ္ဖြဲ႕၀င္ ၃ ေယာက္က ေဒသခံ တစ္ေယာက္ရဲ႕ အိမ္ကို၀င္၊ မူးယစ္ေဆး၀ါး ရွိတယ္ဆုိျပီး ရွာေဖြ၊ ဘာမွမေတြ႕ေတာ့ အိမ္ရွင္ကို ဖမ္းေခၚသြားျပီး လမ္းေရာက္ေတာ့ အိမ္ရွင္ရဲ႕ ဇနီးကို ဖုန္းလမ္းဆက္၊ ေငြ ၁၅ သိန္းနဲ႔ လာေရြးဖုိ႔ ေျပာဆုိတဲ့ ကိစၥပါ။ ေဒသခံရဲ႕ ဇနီးက ရဲတပ္ဖြဲ႕ဆီ ဖုန္းဆက္၊ ရဲတပ္ဖြဲ႕က ပစ္ခတ္ဖမ္းဆီးေတာ့မွ ျပစ္မွဳက်ဴးလြန္တဲ့ ရဲတပ္ဖြဲ႕၀င္ ၃ ေယာက္ကို ဖမ္းဆီးမိခဲ့ပါတယ္။ ဒီေနရာမွာ ရဲတပ္ဖြဲ႕၀င္တစ္ခ်ိဳ႕ဟာ မူးယစ္ေဆး၀ါးကို တားဆီးကာကြယ္ ႏွိမ္နင္းဖို႔ ေနေနသာသာ မူးယစ္ေဆး၀ါး ကို အေၾကာင္းျပဳျပီး လူေတြကို ဒုကၡေပး၊ အဲဒီထက္မကေသးပဲ ျပန္ေပးဆြဲ ေငြေတာင္းတဲ့ ျပစ္မွဳ က်ဴးလြန္တာကို ေတြ႕လိုက္ၾကရလို႔ပါပဲ။

ရဲတပ္ဖြဲ႕နဲ႔ ပတ္သက္ရင္ လက္ရွိ ေျပာစမွတ္ ျဖစ္ေနတာက ေနျပည္ေတာ္က မတရားျပဳက်င့္ခံရတဲ့ ဗစ္တိုးရီးယား ကေလးငယ္ေလးရဲ႕ အမွဳ ျဖစ္ပါတယ္။ ဒီအမွဳနဲ႔ ပတ္သက္ျပီး မွန္မွန္ကန္ကန္ ေဖာ္ထုတ္ေပးဖုိ႔ ႏုိင္ငံမွာ အျမင့္ဆံုးျဖစ္တဲ့ ႏိုင္ငံေတာ္ သမၼတ ကိုယ္တုိင္ ရဲတပ္ဖြဲ႕ကို ညႊန္ၾကားထားတာပါ။ လက္ရွိ ရဲတပ္ဖြဲ႕ကေန ဒီအမွဳ ကိုင္တြယ္ေနပံုကို ၾကည့္ရင္ ႏိုင္ငံေတာ္ရဲ႕ အျမင္ဆံုးေခါင္းေဆာင္ သမၼတ ကိုေတာင္ မေလးမခန္႔ ျပဳေနသလား ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။ ဒါေၾကာင့္လည္း ေဒၚေအာင္ဆန္းစုၾကည္က ရဲတပ္ဖြဲ႕အေနနဲ႔ ေရြးေကာက္ခံ အစိုးရကို သစၥာခံဖုိ႔ ေျပာဆုိေနရတာ ျဖစ္ႏုိင္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ လက္ရွိအခ်ိန္ဟာ ၂၀၀၈ ဖြဲ႕စည္းပံု အတည္ျဖစ္ေနဆဲ ျဖစ္ျပီး ဖြဲ႕စည္းပံုအရ ရဲတပ္ဖြဲ႕ဟာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ခန္႔အပ္တဲ့ ျပည္ထဲေရး၀န္ၾကီးရဲ႕ လက္ေအာက္မွာ ရွိေနပါေသးတယ္။ တပ္မေတာ္ ေခါင္းေဆာင္ေတြကလည္း သူတုိ႔ ႏုိင္ငံေရး ရည္မွန္းခ်က္နဲ႔ သူတုိ႔ အစိုးရ လက္ေအာက္မွာ မဟုတ္ပဲ သီးျခား ရပ္တည္ေနတဲ့ အေနအထားမွာ ရွိေနပါေသးတယ္။ ဒီလို အေျခအေနေအာက္မွာ ရဲတပ္ဖြဲ႕ကို အစိုးရအဖြဲ႕ေအာက္မွာ ထားျပီး ျပည္သူလူထုကို တကယ္လံုျခံဳမွဳေပးႏုိင္တဲ့၊ ျပည္သူလူထု ယံုၾကည္ အားကိုးရတဲ့ ရဲတပ္ဖြဲ႕ျဖစ္ေအာင္ ျပဳျပင္ေျပာင္းလဲမွဳေတြ လုပ္ေရးကိစၥ တပ္မေတာ္ စစ္ေခါင္းေဆာင္ေတြ စိတ္၀င္စားဦးမယ့္ပံုေတာ့ မေပၚေသးပါဘူး။ ဒါေၾကာင့္ သိပ္မၾကာေသးခင္ ကာလ အေတာအတြင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕အေနနဲ႔ ျပဳျပင္ေျပာင္းလဲေရးေတြ လုပ္ျပီး အစိုးရကို သစၥာေစာင့္သိတဲ့၊ လံုျခံဳေရး နဲ႔ တရားဥပေဒ စိုးမိုးေရးကို စြမ္းစြမ္းတမံ ေဆာင္ရြက္တဲ့၊ ျပည္သူလူထုက ယံုၾကည္ကိုးစားရတဲ့ ရဲတပ္ဖြဲ႕ အေနအထားမ်ိဳး ေရာက္လာလိမ့္မယ္ဆိုျပီး ေမွ်ာ္လင့္လို႔ မရႏုိင္ေသးပါေၾကာင္း တင္ျပလိုက္ရပါတယ္။

----------------

“ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲ လာတော့မလား။”
ထူးခြားတယ်လို့ ပြောရမလား၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နဲ့ ထိပ်တန်းရဲအရာရှိကြီးတွေကို ခေါ်ယူပြီး လမ်းညွှန်အမှာစကား ပြောကြားပါတယ်။ အဲဒီလို လမ်းညွှန်ချက် ပေးရာမှာ ရဲတပ်ဖွဲ့ရဲ့ တာဝန်တွေကို ပြောဆို ရှင်းပြခဲ့တဲ့အပြင် ပြည်သူတွေ လုံလုံခြုံခြုံ နေနိုင်အောင်၊ ရပ်ရွာ တည်ငြိမ်အေးချမ်းသာယာရေး အတွက် လုပ်ဆောင်နေတယ်လို့ ပြည်သူတွေ မြင်လာအောင် ကြိုးစားပေးပါလို့ ပြောရင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့အထဲမှာ အရေးအကြီးဆုံး တစ်ချက်ကတော့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ကို သစ္စာစောင့်သိခြင်းဖြင့် ကိုယ့်တာဝန်ကိုယ် ကျေပွန်ကြစေလိုတယ် ဆိုတဲ့ အချက် ပါပါတယ်။ ရဲတပ်ဖွဲ့ အနေနဲ့ အစိုးရကို သစ္စာခံကြဖို့ဒေါ်အောင်ဆန်းစုကြည် ပြောဆိုရတဲ့ အခြေအနေ ရောက်အောင် ဒီကနေ့ ရဲတပ်ဖွဲ့ ဘာတွေ လုပ်ဆောင်နေသလဲ၊ ရဲတပ်ဖွဲ့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြုပြင် ပြောင်းလဲပြီး တကယ်ပဲ ပြည်သူလူထု လုံခြုံရေး နဲ့ တရားဥပဒေ စိုးမိုးရေးကို တာဝန်ယူနိုင်တဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှာကြားချက်ထဲမှာ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး တစ်ကြိမ်နှစ်ကြိမ်မက ပြောဆိုတာ တွေ့ရပါတယ်။ အခြေအနေအရ ရဲတပ်ဖွဲ့ဝင် အတော်များများ ရခိုင်ပြည်နယ်ကို ပို့ထားရတဲ့အကြောင်း၊ ရခိုင်ပြည်နယ်ဘက်မှာ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေတဲ့အကြောင်း၊ ဒါကြောင့် ကျန်ရစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုလည်း ပံ့ပိုးတာဝန်ယူပေးမယ် ဖြစ်တဲ့အကြောင်း စသဖြင့် ပြောဆိုခဲ့ပါတယ်။ တကယ်လည်း ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းနေပါတယ်။ ရခိုင် တိုင်းရင်းသား ဝန်ကြီးအဆင့် ရှိသူတစ်ယောက်ရဲ့ ပြောဆိုချက်အရ ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့ရွာတွေတင်မက ပြည်နယ် မြို့တော် စစ်တွေမှာတောင် အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တယား ထိရောက်မှု မရှိတော့ဘူးလို့ ဆိုပါတယ်။ မြို့ခံတွေ ဆိုရင် ဝန်ကြီးချုပ်လာရင် ထပြန်တာမျိုး လုပ်လေ့ရှိပြီး ရဲတပ်ဖွဲ့ဝင်တွေ ဆိုရင်လည်း သူတို့ သက်ဆိုင်ရာ စခန်းနဲ့ နေအိမ်တွေ အပြင်ဘက်ကို ထွက်တာ နည်းလာပြီး ဆိုက်ကားသမားတွေကို ဈေးဝယ်ခိုင်းတဲ့ အဆင့်ထိရောက်နေတယ်လို့ ဆိုပါတယ်။ မြို့မှာ ပစ္စည်းတစ်ခုခုပျောက်တာ၊ ပြသနာ တစ်ခုခု ပေါ်တာဆိုရင် ရဲတပ်ဖွဲ့ကို သွားတိုင်တယ် ဆိုတာထက် လူမိုက်ဂိုဏ်းဝင်တွေကို ပြောပြီး ပြသနာဖြေရှင်းတဲ့ ဓလေ့ ထွန်းကားလာတယ်လို့လည်း ဆိုပါတယ်။ ဝန်ကြီးကိုယ်တိုင် ရောက်သွားတဲ့ တရားမဝင် ဖဲဝိုင်းတစ်ခုမှာ ငွေကြေး သိန်းသောင်းချီ လောင်းကြေးထပ် ကစားကြသလို၊ ပစ္စတိုသေနတ် ကိုယ်စီ ဆောင်ထားကြတာကိုတောင် မြင်တဲ့အကြောင်း ပြောပြပါတယ်။ သူ့အဆိုအရ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တရားဥပဒေ စိုးမိုးမှု မရှိ၊ လုံခြုံရေး အာမခံချက် မရှိ၊ အစိုးရယန္တယား အလုပ်မလုပ်နိုင်တော့ဘူးလို့ ဆိုလိုတာပါ။
တကယ်တော့ လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးကို အဓိက တာဝန်ယူထားသူက တပ်မတော် ဖြစ်ပြီး တရားဥပဒေ စိုးမိုးအောင် လုပ်ရမှာက ရဲတပ်ဖွဲ့ရဲ့ တာဝန်ပါ။ ဘယ်လို အကြောင်းမျိုးကြောင့် ပေါ်ပေါက်လာသည်ဖြစ်စေ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းရမှာ တပ်မတော်ရဲ့ တာဝန်ဖြစ်ပြီး ပြည်သူတွေကြား တရားဥပဒေ စိုးမိုးအောင် ဆောင်ရွက်ပေးရမှာက ရဲတပ်ဖွဲ့ရဲ့ တာဝန်ဖြစ်ပါတယ်။ ပြောရရင် ရခိုင်ပြည်နယ်မှာ တပ်မတော်ကရော၊ ရဲတပ်ဖွဲ့ကပါ သူတို့ယူထားရတဲ့ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခြင်း မရှိသေးတာ တွေ့ကြရမယ် ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ရင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ကို ခရီးစဉ် တစ်ခု သွားရောက်ခဲ့ပြီး သူ မရောက်ခင် နာရီပိုင်း အလိုမှာ မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရတာက တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ သူတို့တာဝန် သူတို့ ကျေပွန်အောင် ထမ်းဆောင်နိုင်ခြင်း မရှိသေးဘူး ဆိုတာ ပြသတဲ့ လက္ခဏာ တစ်ခုလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ လမ်းညွှန်အမှာစကား ထဲမှာ မူးယစ်ဆေးဝါး ပြသနာလည်း ပါပါတယ်။ မူးယစ်ဆေးဝါး ပြသနာမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ ပြည်တွင်းမှာ အမြောက်အများ ထုတ်လုပ်ပြီး အိမ်နီးချင်းနဲ့ နိုင်ငံတကာကို ပို့နေတာပါ။ အခုနောက်ပိုင်း သိန်းချီ၊ သန်းချီ ပမာဏရှိတဲ့ အင်ဖက်တမင်း စိတ်ကြွမူးယစ်ဆေးပြားတွေ ဖမ်းမိတာ၊ ပိုင်ရှင်မဲ့ တွေ့တာတွေ များလာပါတယ်။ စိတ်ကြွဆေးပြား ထောင်ချီ သောင်းချီ ဖမ်းဆီးရမိမှု ဆိုတာမျိုးဟာ ထူးဆန်းတဲ့ သတင်းတွေထဲ မပါတော့ပါဘူး။ ရဲတပ်ဖွဲ့ဟာ ပမာဏ ကြီးမားတဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေကို ကာကွယ် တားဆီးနှိမ်နင်းနိုင်ခြင်း မရှိသေးပါဘူး။ နောက်တစ်ခုကတော့ ပြည်သူတွေအကြား မူယစ်ဆေးဝါး ရောင်းဝယ်၊ ဖေါက်ကား၊ သုံးစွဲနေကြတဲ့ ကိစ္စပါ။ ဒီ ပြသနာလည်း ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်နေတဲ့ ပြသနာဖြစ်ပြီး ဒီကနေ့အချိန်ထိ ကိုင်တွယ်ဖြေရှင်းနိုင်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်က တာဝန်ရှိသူတွေနဲ့ ပြည်သူလူထု တွေ့ဆုံပွဲမှာ ဒေသခံ တစ်ယောက်က သူမနက်တစ်ပိုင်း ကောက်လို့ရတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ စွန့်ပစ်ထားတဲ့ ဆေးထိုးအပ် အဟောင်းတွေကို ပလပ်စတစ်ပုံးတစ်ပုံးနဲ့ ထည့်လာပြီး ပြောဆို တိုင်တန်းခဲ့ပါတယ်။ ဒီလိုပြသနာမျိုး နိုင်ငံအနှံ့ ရှိနေမှာဖြစ်ပြီး အဓိက ရဲတပ်ဖွဲ့ရဲ့ ပြသနာလို့ အများက ရှုမြင်ကြပါတယ်။ ဒါကို သက်သေထူနိုင်တဲ့ အဖြစ်အပျက် တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပျက်ခဲ့ပါသေးတယ်။ အဲဒါကတော့ လားရှိုးမှာ ရဲတပ်ဖွဲ့ဝင် ၃ ယောက်က ဒေသခံ တစ်ယောက်ရဲ့ အိမ်ကိုဝင်၊ မူးယစ်ဆေးဝါး ရှိတယ်ဆိုပြီး ရှာဖွေ၊ ဘာမှမတွေ့တော့ အိမ်ရှင်ကို ဖမ်းခေါ်သွားပြီး လမ်းရောက်တော့ အိမ်ရှင်ရဲ့ ဇနီးကို ဖုန်းလမ်းဆက်၊ ငွေ ၁၅ သိန်းနဲ့ လာရွေးဖို့ ပြောဆိုတဲ့ ကိစ္စပါ။ ဒေသခံရဲ့ ဇနီးက ရဲတပ်ဖွဲ့ဆီ ဖုန်းဆက်၊ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးတော့မှ ပြစ်မှုကျူးလွန်တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ဖမ်းဆီးမိခဲ့ပါတယ်။ ဒီနေရာမှာ ရဲတပ်ဖွဲ့ဝင်တစ်ချို့ဟာ မူးယစ်ဆေးဝါးကို တားဆီးကာကွယ် နှိမ်နင်းဖို့ နေနေသာသာ မူးယစ်ဆေးဝါး ကို အကြောင်းပြုပြီး လူတွေကို ဒုက္ခပေး၊ အဲဒီထက်မကသေးပဲ ပြန်ပေးဆွဲ ငွေတောင်းတဲ့ ပြစ်မှု ကျူးလွန်တာကို တွေ့လိုက်ကြရလို့ပါပဲ။
ရဲတပ်ဖွဲ့နဲ့ ပတ်သက်ရင် လက်ရှိ ပြောစမှတ် ဖြစ်နေတာက နေပြည်တော်က မတရားပြုကျင့်ခံရတဲ့ ဗစ်တိုးရီးယား ကလေးငယ်လေးရဲ့ အမှု ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် ဖော်ထုတ်ပေးဖို့ နိုင်ငံမှာ အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတော် သမ္မတ ကိုယ်တိုင် ရဲတပ်ဖွဲ့ကို ညွှန်ကြားထားတာပါ။ လက်ရှိ ရဲတပ်ဖွဲ့ကနေ ဒီအမှု ကိုင်တွယ်နေပုံကို ကြည့်ရင် နိုင်ငံတော်ရဲ့ အမြင်ဆုံးခေါင်းဆောင် သမ္မတ ကိုတောင် မလေးမခန့် ပြုနေသလား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ရဲတပ်ဖွဲ့အနေနဲ့ ရွေးကောက်ခံ အစိုးရကို သစ္စာခံဖို့ ပြောဆိုနေရတာ ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ဖြစ်နေဆဲ ဖြစ်ပြီး ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ လက်အောက်မှာ ရှိနေပါသေးတယ်။ တပ်မတော် ခေါင်းဆောင်တွေကလည်း သူတို့ နိုင်ငံရေး ရည်မှန်းချက်နဲ့ သူတို့ အစိုးရ လက်အောက်မှာ မဟုတ်ပဲ သီးခြား ရပ်တည်နေတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ဒီလို အခြေအနေအောက်မှာ ရဲတပ်ဖွဲ့ကို အစိုးရအဖွဲ့အောက်မှာ ထားပြီး ပြည်သူလူထုကို တကယ်လုံခြုံမှုပေးနိုင်တဲ့၊ ပြည်သူလူထု ယုံကြည် အားကိုးရတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရေးကိစ္စ တပ်မတော် စစ်ခေါင်းဆောင်တွေ စိတ်ဝင်စားဦးမယ့်ပုံတော့ မပေါ်သေးပါဘူး။ ဒါကြောင့် သိပ်မကြာသေးခင် ကာလ အတောအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး အစိုးရကို သစ္စာစောင့်သိတဲ့၊ လုံခြုံရေး နဲ့ တရားဥပဒေ စိုးမိုးရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်တဲ့၊ ပြည်သူလူထုက ယုံကြည်ကိုးစားရတဲ့ ရဲတပ်ဖွဲ့ အနေအထားမျိုး ရောက်လာလိမ့်မယ်ဆိုပြီး မျှော်လင့်လို့ မရနိုင်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

XS
SM
MD
LG