သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အခြန္ဌာန မဆိုင္တဲ့ အခြန္ ေကာက္ေနသလား အခြန္ထမ္းေတြကို ဒုကၡေပးေနသလား


ျပည္တြင္းအခြန္မ်ား ဦးစီးဌာန (ဓါတ္ပံု- Internal Revenue Department's Facebook)
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

ျပီးခဲ့တဲ့ ေဖေဖၚ၀ါရီလ ၁၉ ရက္ေန႔က ျပည္ေထာင္စု လႊတ္ေတာ္မွာ အစိုးရအဖြဲ႕က ေပးပို႔တဲ့ ၂၀၁၈-၁၉ ဘ႑ာႏွစ္ ဒုတိယ ၆လပတ္ အခြန္ရေငြေတြနဲ႔ ပတ္သက္ျပီး ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီရဲ႕ ေလ့လာေတြ႕ရွိခ်က္နဲ႔ သေဘာထား မွတ္ခ်က္ အစီရင္ခံစာကို အမတ္ေတြ ေဆြးေႏြးၾကပါတယ္။ အထူးသျဖင့္ အခြန္ရရွိမွဳ အေျခအေန၊ အခြန္နဲ႔ ဂ်ီဒီပီ အခ်ိဳးအစား၊ အခြန္ဌာနရဲ႕ အားနည္းခ်က္ စတာေတြကို ေထာက္ျပ ေဆြးေႏြးၾကတာပါ။ အဲဒီထဲမွာမွ မြန္ျပည္နယ္ အမွတ္(၈) အမ်ိဳးသားလႊတ္ေတာ္ အမတ္ ဦးမ်ိဳး၀င္းရဲ႕ ေဆြးေႏြးခ်က္ေတြထဲမွာ လက္ေတြ႕ျဖစ္ေပၚေနတဲ့ အခြန္ဆုိင္ရာ ျပသနာ တစ္ခ်ိဳ႕နဲ႔ အခြန္ဌာနရဲ႕ လုပ္ပံုကိုင္ပံုေတြကို အေသအျခာ ေ၀ဖန္ေထာက္ျပ ထားတာမို႔ စိတ္၀င္စားဖုိ႔ ေကာင္းပါတယ္။ ဦးမ်ိဳး၀င္း ဘာကို နမူနာေပးျပီး ေထာက္ျပသြားသလဲ၊ လက္ရွိ ျမန္မာႏုိင္ငံရဲ႕ အခြန္ေကာက္ခံရရွိမွဳ အေျခအေနကေရာ ဘယ္လို ရွိမလဲ၊ အခြန္စနစ္နဲ႔ အခြန္ဌာန ဘာေတြ ျပဳျပင္ေျပာင္းလဲဖုိ႔ လိုမလဲ ဆိုတာ ခုတစ္ပတ္ ေဆြးေႏြး တင္ျပသြားပါ့မယ္။

လႊတ္ေတာ္တြင္းမွာ အခြန္ကိစၥ တစ္ခုလံုးကို ျခံဳငံု ေဆြးေႏြးျပီးတဲ့ေနာက္ လတ္တေလာ ျပည္သူေတြအၾကား ေ၀ဖန္ေျပာဆုိေနၾကတဲ့ ကားနာမည္ေပါက္ ေျပာင္းတဲ့ ကိစၥ ဦးမ်ိဳး၀င္းက နမူနာေပး ေျပာဆုိပါတယ္။ သိပ္မၾကာေသးခင္တုန္းကပဲ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရး ညႊန္ၾကားမွဳ ဦးစီးဌာန “ကညန” ဟာ ၂၀၂၀ ဇန္န၀ါရီ ၁ ရက္ေန႔ကစ ကားလက္၀ယ္ပိုင္ဆုိင္သူေတြကို လိုင္စင္စာအုပ္မွာ သူတုိ႔ နာမည္ေပါက္ မဟုတ္ရင္ ယာဥ္လိုင္စင္ သက္တမ္း တုိးမေပးေတာ့ဘူးလို႔ ေၾကျငာခဲ့ပါတယ္။ ေၾကျငာခ်က္ထဲမွာေတာ့ မွတ္ပံုတင္ထားတဲ့ ကားေတြရဲ႕ ပိုင္ရွင္၊ အမည္၊ ေနရပ္လိပ္စာ တိက်မွန္ကန္ေရးဟာ ႏိုင္ငံေတာ္ရဲ႕ တရားဥပေဒ စိုးမိုးေရး၊ လံုျခံဳေရးနဲ႔ စည္းကမ္းဥပေဒနဲ႔ ညီညြတ္တဲ့ ေမာ္ေတာ္ယာဥ္ေတြ ျဖစ္ေစေရး၊ ေရွ႕ဆက္ေဆာင္ရြက္မယ့္ Radio Frequency Identification (RFID) စနစ္နဲ႔ ခ်ိတ္ဆက္ဖို႔ လိုအပ္တာေၾကာင့္လို႔ ဆိုျပီး ေဖာ္ျပထားပါတယ္။ ဒီအထိေတာ့ ကညန ရဲ႕ ရည္ရြယ္ခ်က္ဟာ ဘာျပသနာမွ မရွိပါဘူး။ ႏိုင္ငံတကာမွာလည္း ကားပိုင္ရွင္တုိင္း ကားနာမည္ေပါက္ စနစ္နဲ႔ အသံုးျပဳေနၾကတာမို႔ အဲဒီ လုပ္ေဆာင္ခ်က္ သဘာ၀ က်တယ္လို႔ ဆုိႏုိင္ပါတယ္။ ဒါေပမယ့္ တကယ့္ျပသနာက ကားနာမည္ေပါက္ ေျပာင္းတာကို အခြန္ကိစၥနဲ႔ ဆက္စပ္လိုက္ေတာ့မွ စျပီး ေပၚေပါက္လာတာပါ။

ဒါဟာ အစိုးရရဲ႕ အမိန္႔မို႔လို႔ ျပည္သူေတြ အေနနဲ႔ ေရြးခ်ယ္စရာ မရွိပဲ ရင္ဆုိင္ၾကရပါတယ္။ ပထမ ရင္ဆုိင္တဲ့နည္းကေတာ့ ၂၀၁၉ ႏွစ္မကုန္ခင္ နဂို စည္းကမ္းအေဟာင္းနဲ႔ ၾကိဳတင္ျပီး လိုင္စင္သက္တမ္း သြားတုိးၾကတာပါ။ အဲဒီအခ်ိန္က ၾကိဳတင္ လိုင္စင္ သက္တမ္းတုိးသူ မ်ားလြန္းလို႔၊ ရွည္လ်ားတဲ့ ကားတန္းၾကီးေတြေၾကာင့္ တစ္ရက္ႏွစ္ရက္ ညအိပ္ေစာင့္ဆုိင္းရတာ၊ ကညန ၀န္ထမ္းေတြကလည္း ပိတ္ရက္ မထားေတာ့ပဲ လုပ္ေပးရတာမ်ိဳး ရွိခဲ့ပါတယ္။ ၂၀၂၀ မတိုင္ခင္ သက္တမ္းတုိးခဲ့တဲ့ ေသာင္းနဲ႔ခ်ီတဲ့ ကားေတြဟာ နာမည္ေပါက္ လုပ္စရာ မလိုတဲ့အတြက္ ေနာက္ ၂ ႏွစ္ေလာက္အခ်ိန္အထိ အဲဒီကားေတြဟာ နာမည္ေပါက္ မျဖစ္ပဲ ရွိေနမွာပါ။

၂၀၂၀ ႏွစ္ဆန္းကစ ကားပိုင္ရွင္ ျပည္သူေတြ ေရြးခ်ယ္စရာ မရွိေတာ့ပါဘူး။ ကားလိုင္စင္ သက္တမ္းတုိးဖုိ႔ လိုျပီ ဆုိတာနဲ႔ နာမည္ေျပာင္းဖုိ႔ ကိစၥ၊ အခြန္ေဆာင္ဖို႔ ကိစၥ လုပ္ၾကရပါတယ္။ အဲဒီမွာလည္း အခြန္ထမ္း မဟုတ္တဲ့သူေတြက ေငြသားနဲ႔ ေဆာင္ၾကရျပီး အခြန္ထမ္း ျပည္သူေတြကေတာ့ သူထမ္းေဆာင္ထားတဲ့ အခြန္ေငြေတြထဲကေန ကားအတြက္ က်သင့္ေငြကို ခုႏွိမ္ ေပးေဆာင္ၾကရတာမ်ိဳးပါ။

လႊတ္ေတာ္တြင္း ဦးမ်ိဳး၀င္းက ခုလို ေျပာခဲ့ပါတယ္။ “သက္ဆုိင္ရာ အခြန္ရံုးမွာ ေငြသားနဲ႔ အခြန္ေဆာင္ရင္ အဆင္ေျပေပမယ့္ အခြန္ထမ္းေတြ အေနနဲ႔ သူတို႔ အခြန္ေဆာင္ထားတ့ဲေငြေတြနဲ႔ နာမည္ေျပာင္းတဲ့အခါ အခက္အခဲ ေတြ႕ၾကတယ္လို႔ ဆုိပါတယ္။ ျပည္သူေတြက အခြန္ကို တာ၀န္သိသိ ေဆာင္ေပမယ့္ ဌာနက အခြန္ထမ္းေတြကို ကူညီဖုိ႔က်ေတာ့ ပ်က္ကြက္တယ္” ဆိုျပီး ထိုင္းႏုိင္ငံမွာ ကားကို နာမည္ေပါက္ လုပ္တဲ့ စနစ္နဲ႔ ႏွိဳင္းယွဥ္ ေ၀ဖန္ျပပါတယ္။ ထိုင္းႏုိင္ငံမွာ ကားလိုင္စင္ နာမည္ေပါက္ ေျပာင္းဖို႔ ကိစၥ၊ အခြန္ေဆာင္စရာ မလို၊ သတ္မွတ္ေငြ ေပးသြင္းျပီးရင္ တစ္ခ်ိဳ႕အေျခအေနမွာ ၂ နာရီ ၃ နာရီ အတြင္း လုပ္ငန္းျပီးေျမာက္တယ္လို႔ ဦးမ်ိဳး၀င္းက ပါ၀ါဆလိုက္ ထုိးျပီး ျပခဲ့ပါတယ္။

တကယ့္ေျမျပင္ အေျခအေနမွာ ဦးမ်ိဳး၀င္း ေျပာတာထက္ အမ်ားၾကီး ပိုဆုိးေနပါတယ္။ ဥပမာအားျဖင့္ လူတစ္ေယာက္ဟာ သူ႔လုပ္ငန္းရွိရာ ရန္ကုန္ ဗိုလ္တေထာင္ အခြန္ရံုးမွာ အခြန္ေဆာင္ထားျပီး၊ သူ႔ရဲ႕ အိမ္္ေထာင္စု စာရင္းဟာ နယ္ျမိဳ႕ တစ္ျမိဳ႕မွာ ရွိတယ္ ဆုိပါစို႔။ ကားတစ္စီး အတြက္ သူ႔နာမည္ေပါက္ လုပ္ဖို႔ ဆုိရင္ သူဟာ သူ႔အိမ္ေထာင္စု စာရင္းေပါက္ရာ နယ္ျမိဳ႕က ျပည္တြင္း အခြန္ဦးစီးမွဴးရံုးမွာ သြားျပီး လုပ္ရပါတယ္။ အဲဒီရံုးမွာ အခြန္စာအုပ္စိမ္း အပါအ၀င္ အခ်က္အလက္ အေထာက္အထား ျပည့္ျပည့္စံုစံုနဲ႔ တင္ျပတဲ့အခါ ျမိဳ႕နယ္ ရံုးကေန ျပည္နယ္ရံုးကို ရံုးစာ ပို႔ပါတယ္။ အဲဒီ ျပည္နယ္ရံုးကမွ တခါ ရန္ကုန္တုိင္း ရံုးကို ရံုးစာ ဆက္ပို႔ပါတယ္။ ရန္ကုန္တုိင္း ရံုးကမွ တဆင့္ သူ အခြန္ေဆာင္ထားရာ ဗိုလ္တေထာင္ျမိဳ႕နယ္ အခြန္ရံုးကို စာ ဆက္ပို႔ျပီး အဲဒီ တင္ျပသူဟာ အခြန္ထမ္း ဟုတ္မဟုတ္၊ အခြန္ပမာဏ ဘယ္ေလာက္ရွိလဲ စသျဖင့္ စာနဲ႔ ေမးပါတယ္။ အဲဒီစာ ေရာက္ေတာ့မွ ဗုိလ္တေထာင္ရံုးဟာ အခြန္ေဆာင္ထားတာ မွန္ကန္ေၾကာင္း၊ ေနာက္ဆံုး အခ်ိန္ထိ အခြန္ဘယ္ေလာက္ ေဆာင္ထားေၾကာင္း ရံုးတြင္း စစ္ေဆးျပီး ရန္ကုန္တုိင္း ရံုးကို စာျပန္ပို႔ပါတယ္။ ရန္ကုန္တုိင္း ရံုးကမွ တဆင့္ သက္ဆုိင္ရာ ျပည္နယ္ရံုး၊ အဲဒီကမွ သက္ဆုိင္ရာ ျမိဳ႕နယ္ရံုးကို ျပန္ေရာက္သြားျပီး အခြန္ေဆာင္ထားတာ မွန္ေၾကာင္း၊ ကားနာမည္ေပါက္ ေျပာင္းတာကို ခြင့္ျပဳေၾကာင္း ကာယကံရွင္ကို စာထုတ္ေပးပါတယ္။ အဲဒီစာ ရေတာ့မွ ကာယကံရွင္ဟာ ယာဥ္လိုင္စင္မွာ နာမည္ေပါက္ေျပာင္းဖို႔ “ ကညန” မွာ လုပ္စရာရွိတာ သြားလုပ္ရပါတယ္။ လက္ရွိ အခ်ိန္ထိ အခြန္ေဆာင္ျပီးေၾကာင္း ေထာက္ခံခ်က္ ထုတ္ေပးတဲ့ ျဖစ္စဥ္ဟာ တစ္လ တစ္လခြဲေလာက္ ၾကာႏုိင္တယ္လို႔ အခြန္မွဴးေတြက ေျပာၾကပါတယ္။ ကိုယ္တုိင္ လုပ္ကိုင္ေနတဲ့ ကာယကံရွင္ တစ္ေယာက္ကေတာ့ တစ္လခြဲၾကာသည္အထိ သူအခြန္ေဆာင္ထားေၾကာင္း အေထာက္အထား ရမယ့္ လုပ္ငန္းစဥ္ မျပီးျပတ္ေသးဘူးလို႔ ဆုိပါတယ္။

အဲလို အေျခအေနေတြေၾကာင့္ ဦးမ်ိဳး၀င္းက လႊတ္ေတာ္တြင္းမွာ “အခြန္ဌာနရဲ႕ စြမ္းေဆာင္ခ်က္နဲ႔ ပတ္သက္ျပီး ေကာင္းသတင္းထက္ မေကာင္းသတင္းက ပိုမ်ားေနေၾကာင္း၊ တမင္တကာ ၾက့ံၾကာေအာင္ လုပ္ျပီး အခ်ိန္ဆြဲတာ၊ အေရွ႕မွာ ခက္ေအာင္ လုပ္ျပီး ေနာက္ကြယ္မွာ ညွိတာ၊ အခြန္ေဆာင္ရမယ့္သူကို ႏုိင္ငံအတြက္ ေပးေဆာင္ရမယ့္ အခြန္ကို ေလ်ာ့ေဆာင္ေစျပီး ကိုယ္က်ိဳးရွာတာ၊ အခြန္ရဖို႔ တာ၀န္အရ လုပ္ရမယ့္ဟာကို မလုပ္တာ၊ အခြန္ထမ္းေတြကို စိတ္ပ်က္ေအာင္ လုပ္တာ စတာေတြ အမ်ားၾကီး ျဖစ္ေပၚေနျပီး ဌာနတြင္း အက်င့္ပ်က္မွဳေတြကို စိစစ္ အေရးယူဖို႔ လိုေနေၾကာင္း၊ ဒါေတြကို ထိန္းေက်ာင္း တည့္မတ္ရမွာက ညႊန္ခ်ဳပ္ကစ အထက္ဆင့္ အရာရွိၾကီးေတြရဲ႕ တာ၀န္ပဲ ျဖစ္ေၾကာင္း” ရွင္းျပခဲ့ပါတယ္။ တစ္ဆက္တည္း သူက အခြန္ထမ္းေတြကို မကူညီရင္၊ အခြင့္ထူးရွိတယ္လို႔ မခံစားရရင္၊ အခြန္ထမ္းေဆာင္တာနဲ႔ မထမ္းေဆာင္တာ အတူတူပဲလို႔ ျမင္ေနၾကရင္ ဘယ္သူမွ အခြန္ေဆာင္ခ်င္မွာ မဟုတ္ပဲ တတ္ႏုိင္သေလာက္ အခြန္ေရွာင္ေနၾကမွာပဲ လို႔ ေထာက္ျပခဲ့ပါတယ္။

လက္ရွိ ျမန္ႏိုင္ငံဟာ အခြန္နဲ႔ ဂ်ီဒီပီ အခ်ိဳး ၈ ရာခုိင္ႏွဳန္းေအာက္မွာ ရွိေနပါတယ္။ အာစီယံ ပ်မ္းမွ် ၁၀ ရာခုိင္ႏွဳန္း အထက္နဲ႔ ႏွိဳင္းယွဥ္ရင္ အမ်ားၾကီး နည္းေနေသးတာမို႔ အခြန္ တိုးတက္ရလာေအာင္ လုပ္ဖို႔ လိုေနပါေသးတယ္။ အဲလို လုပ္ရာမွာ ႏိုင္ငံတကာ နည္းတူ ရသင့္ရထုိက္တာကေန ရေအာင္ မွန္မွန္ကန္ကန္ ၾကိဳးစားရမွာျဖစ္သလို၊ ကားနာမည္ေျပာင္းရာမွာ အခြန္ေကာက္သလို အဓိပၸါယ္မဲ့တဲ့ ေခါင္းစဥ္ေတြနဲ႔ ေကာက္ဖို႔ ၾကိဳးစားေနတာမ်ိဳးကိုလည္း ေရွာင္ရွား၊ အခြန္ထမ္းေတြကိုလည္း အခြန္ေဆာင္တာဟာ အက်ိဳးရွိတယ္လို႔ ယံုၾကည္လာေအာင္ လုပ္ကိုင္ေဆာင္ရြက္ေပးရမွာ ျဖစ္ေၾကာင္းပါ။

----------------

“ အခွန်ဌာန၊ မဆိုင်တဲ့ အခွန် ကောက်နေသလား၊ အခွန်ထမ်းတွေကို ဒုက္ခပေးနေသလား။”
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အစိုးရအဖွဲ့က ပေးပို့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဒုတိယ ၆လပတ် အခွန်ရငွေတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထား မှတ်ချက် အစီရင်ခံစာကို အမတ်တွေ ဆွေးနွေးကြပါတယ်။ အထူးသဖြင့် အခွန်ရရှိမှု အခြေအနေ၊ အခွန်နဲ့ ဂျီဒီပီ အချိုးအစား၊ အခွန်ဌာနရဲ့ အားနည်းချက် စတာတွေကို ထောက်ပြ ဆွေးနွေးကြတာပါ။ အဲဒီထဲမှာမှ မွန်ပြည်နယ် အမှတ်(၈) အမျိုးသားလွှတ်တော် အမတ် ဦးမျိုးဝင်းရဲ့ ဆွေးနွေးချက်တွေထဲမှာ လက်တွေ့ဖြစ်ပေါ်နေတဲ့ အခွန်ဆိုင်ရာ ပြသနာ တစ်ချို့နဲ့ အခွန်ဌာနရဲ့ လုပ်ပုံကိုင်ပုံတွေကို အသေအခြာ ဝေဖန်ထောက်ပြ ထားတာမို့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဦးမျိုးဝင်း ဘာကို နမူနာပေးပြီး ထောက်ပြသွားသလဲ၊ လက်ရှိ မြန်မာနိုင်ငံရဲ့ အခွန်ကောက်ခံရရှိမှု အခြေအနေကရော ဘယ်လို ရှိမလဲ၊ အခွန်စနစ်နဲ့ အခွန်ဌာန ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုမလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
လွှတ်တော်တွင်းမှာ အခွန်ကိစ္စ တစ်ခုလုံးကို ခြုံငုံ ဆွေးနွေးပြီးတဲ့နောက် လတ်တလော ပြည်သူတွေအကြား ဝေဖန်ပြောဆိုနေကြတဲ့ ကားနာမည်ပေါက် ပြောင်းတဲ့ ကိစ္စ ဦးမျိုးဝင်းက နမူနာပေး ပြောဆိုပါတယ်။ သိပ်မကြာသေးခင်တုန်းကပဲ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန “ကညန” ဟာ ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့ကစ ကားလက်ဝယ်ပိုင်ဆိုင်သူတွေကို လိုင်စင်စာအုပ်မှာ သူတို့ နာမည်ပေါက် မဟုတ်ရင် ယာဉ်လိုင်စင် သက်တမ်း တိုးမပေးတော့ဘူးလို့ ကြေငြာခဲ့ပါတယ်။ ကြေငြာချက်ထဲမှာတော့ မှတ်ပုံတင်ထားတဲ့ ကားတွေရဲ့ ပိုင်ရှင်၊ အမည်၊ နေရပ်လိပ်စာ တိကျမှန်ကန်ရေးဟာ နိုင်ငံတော်ရဲ့ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနဲ့ စည်းကမ်းဥပဒေနဲ့ ညီညွတ်တဲ့ မော်တော်ယာဉ်တွေ ဖြစ်စေရေး၊ ရှေ့ဆက်ဆောင်ရွက်မယ့် Radio Frequency Identification (RFID) စနစ်နဲ့ ချိတ်ဆက်ဖို့ လိုအပ်တာကြောင့်လို့ ဆိုပြီး ဖော်ပြထားပါတယ်။ ဒီအထိတော့ ကညန ရဲ့ ရည်ရွယ်ချက်ဟာ ဘာပြသနာမှ မရှိပါဘူး။ နိုင်ငံတကာမှာလည်း ကားပိုင်ရှင်တိုင်း ကားနာမည်ပေါက် စနစ်နဲ့ အသုံးပြုနေကြတာမို့ အဲဒီ လုပ်ဆောင်ချက် သဘာ၀ ကျတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ပြသနာက ကားနာမည်ပေါက် ပြောင်းတာကို အခွန်ကိစ္စနဲ့ ဆက်စပ်လိုက်တော့မှ စပြီး ပေါ်ပေါက်လာတာပါ။
ဒါဟာ အစိုးရရဲ့ အမိန့်မို့လို့ ပြည်သူတွေ အနေနဲ့ ရွေးချယ်စရာ မရှိပဲ ရင်ဆိုင်ကြရပါတယ်။ ပထမ ရင်ဆိုင်တဲ့နည်းကတော့ ၂၀၁၉ နှစ်မကုန်ခင် နဂို စည်းကမ်းအဟောင်းနဲ့ ကြိုတင်ပြီး လိုင်စင်သက်တမ်း သွားတိုးကြတာပါ။ အဲဒီအချိန်က ကြိုတင် လိုင်စင် သက်တမ်းတိုးသူ များလွန်းလို့၊ ရှည်လျားတဲ့ ကားတန်းကြီးတွေကြောင့် တစ်ရက်နှစ်ရက် ညအိပ်စောင့်ဆိုင်းရတာ၊ ကညန ဝန်ထမ်းတွေကလည်း ပိတ်ရက် မထားတော့ပဲ လုပ်ပေးရတာမျိုး ရှိခဲ့ပါတယ်။ ၂၀၂၀ မတိုင်ခင် သက်တမ်းတိုးခဲ့တဲ့ သောင်းနဲ့ချီတဲ့ ကားတွေဟာ နာမည်ပေါက် လုပ်စရာ မလိုတဲ့အတွက် နောက် ၂ နှစ်လောက်အချိန်အထိ အဲဒီကားတွေဟာ နာမည်ပေါက် မဖြစ်ပဲ ရှိနေမှာပါ။
၂၀၂၀ နှစ်ဆန်းကစ ကားပိုင်ရှင် ပြည်သူတွေ ရွေးချယ်စရာ မရှိတော့ပါဘူး။ ကားလိုင်စင် သက်တမ်းတိုးဖို့ လိုပြီ ဆိုတာနဲ့ နာမည်ပြောင်းဖို့ ကိစ္စ၊ အခွန်ဆောင်ဖို့ ကိစ္စ လုပ်ကြရပါတယ်။ အဲဒီမှာလည်း အခွန်ထမ်း မဟုတ်တဲ့သူတွေက ငွေသားနဲ့ ဆောင်ကြရပြီး အခွန်ထမ်း ပြည်သူတွေကတော့ သူထမ်းဆောင်ထားတဲ့ အခွန်ငွေတွေထဲကနေ ကားအတွက် ကျသင့်ငွေကို ခုနှိမ် ပေးဆောင်ကြရတာမျိုးပါ။
လွှတ်တော်တွင်း ဦးမျိုးဝင်းက ခုလို ပြောခဲ့ပါတယ်။ “သက်ဆိုင်ရာ အခွန်ရုံးမှာ ငွေသားနဲ့ အခွန်ဆောင်ရင် အဆင်ပြေပေမယ့် အခွန်ထမ်းတွေ အနေနဲ့ သူတို့ အခွန်ဆောင်ထားတဲ့ငွေတွေနဲ့ နာမည်ပြောင်းတဲ့အခါ အခက်အခဲ တွေ့ကြတယ်လို့ ဆိုပါတယ်။ ပြည်သူတွေက အခွန်ကို တာဝန်သိသိ ဆောင်ပေမယ့် ဌာနက အခွန်ထမ်းတွေကို ကူညီဖို့ကျတော့ ပျက်ကွက်တယ်” ဆိုပြီး ထိုင်းနိုင်ငံမှာ ကားကို နာမည်ပေါက် လုပ်တဲ့ စနစ်နဲ့ နှိုင်းယှဉ် ဝေဖန်ပြပါတယ်။ ထိုင်းနိုင်ငံမှာ ကားလိုင်စင် နာမည်ပေါက် ပြောင်းဖို့ ကိစ္စ၊ အခွန်ဆောင်စရာ မလို၊ သတ်မှတ်ငွေ ပေးသွင်းပြီးရင် တစ်ချို့အခြေအနေမှာ ၂ နာရီ ၃ နာရီ အတွင်း လုပ်ငန်းပြီးမြောက်တယ်လို့ ဦးမျိုးဝင်းက ပါဝါဆလိုက် ထိုးပြီး ပြခဲ့ပါတယ်။
တကယ့်မြေပြင် အခြေအနေမှာ ဦးမျိုးဝင်း ပြောတာထက် အများကြီး ပိုဆိုးနေပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်ဟာ သူ့လုပ်ငန်းရှိရာ ရန်ကုန် ဗိုလ်တထောင် အခွန်ရုံးမှာ အခွန်ဆောင်ထားပြီး၊ သူ့ရဲ့ အိမ်ထောင်စု စာရင်းဟာ နယ်မြို့ တစ်မြို့မှာ ရှိတယ် ဆိုပါစို့။ ကားတစ်စီး အတွက် သူ့နာမည်ပေါက် လုပ်ဖို့ ဆိုရင် သူဟာ သူ့အိမ်ထောင်စု စာရင်းပေါက်ရာ နယ်မြို့က ပြည်တွင်း အခွန်ဦးစီးမှူးရုံးမှာ သွားပြီး လုပ်ရပါတယ်။ အဲဒီရုံးမှာ အခွန်စာအုပ်စိမ်း အပါအဝင် အချက်အလက် အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ တင်ပြတဲ့အခါ မြို့နယ် ရုံးကနေ ပြည်နယ်ရုံးကို ရုံးစာ ပို့ပါတယ်။ အဲဒီ ပြည်နယ်ရုံးကမှ တခါ ရန်ကုန်တိုင်း ရုံးကို ရုံးစာ ဆက်ပို့ပါတယ်။ ရန်ကုန်တိုင်း ရုံးကမှ တဆင့် သူ အခွန်ဆောင်ထားရာ ဗိုလ်တထောင်မြို့နယ် အခွန်ရုံးကို စာ ဆက်ပို့ပြီး အဲဒီ တင်ပြသူဟာ အခွန်ထမ်း ဟုတ်မဟုတ်၊ အခွန်ပမာဏ ဘယ်လောက်ရှိလဲ စသဖြင့် စာနဲ့ မေးပါတယ်။ အဲဒီစာ ရောက်တော့မှ ဗိုလ်တထောင်ရုံးဟာ အခွန်ဆောင်ထားတာ မှန်ကန်ကြောင်း၊ နောက်ဆုံး အချိန်ထိ အခွန်ဘယ်လောက် ဆောင်ထားကြောင်း ရုံးတွင်း စစ်ဆေးပြီး ရန်ကုန်တိုင်း ရုံးကို စာပြန်ပို့ပါတယ်။ ရန်ကုန်တိုင်း ရုံးကမှ တဆင့် သက်ဆိုင်ရာ ပြည်နယ်ရုံး၊ အဲဒီကမှ သက်ဆိုင်ရာ မြို့နယ်ရုံးကို ပြန်ရောက်သွားပြီး အခွန်ဆောင်ထားတာ မှန်ကြောင်း၊ ကားနာမည်ပေါက် ပြောင်းတာကို ခွင့်ပြုကြောင်း ကာယကံရှင်ကို စာထုတ်ပေးပါတယ်။ အဲဒီစာ ရတော့မှ ကာယကံရှင်ဟာ ယာဉ်လိုင်စင်မှာ နာမည်ပေါက်ပြောင်းဖို့ “ ကညန” မှာ လုပ်စရာရှိတာ သွားလုပ်ရပါတယ်။ လက်ရှိ အချိန်ထိ အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက် ထုတ်ပေးတဲ့ ဖြစ်စဉ်ဟာ တစ်လ တစ်လခွဲလောက် ကြာနိုင်တယ်လို့ အခွန်မှူးတွေက ပြောကြပါတယ်။ ကိုယ်တိုင် လုပ်ကိုင်နေတဲ့ ကာယကံရှင် တစ်ယောက်ကတော့ တစ်လခွဲကြာသည်အထိ သူအခွန်ဆောင်ထားကြောင်း အထောက်အထား ရမယ့် လုပ်ငန်းစဉ် မပြီးပြတ်သေးဘူးလို့ ဆိုပါတယ်။
အဲလို အခြေအနေတွေကြောင့် ဦးမျိုးဝင်းက လွှတ်တော်တွင်းမှာ “အခွန်ဌာနရဲ့ စွမ်းဆောင်ချက်နဲ့ ပတ်သက်ပြီး ကောင်းသတင်းထက် မကောင်းသတင်းက ပိုများနေကြောင်း၊ တမင်တကာ ကြံ့ကြာအောင် လုပ်ပြီး အချိန်ဆွဲတာ၊ အရှေ့မှာ ခက်အောင် လုပ်ပြီး နောက်ကွယ်မှာ ညှိတာ၊ အခွန်ဆောင်ရမယ့်သူကို နိုင်ငံအတွက် ပေးဆောင်ရမယ့် အခွန်ကို လျော့ဆောင်စေပြီး ကိုယ်ကျိုးရှာတာ၊ အခွန်ရဖို့ တာဝန်အရ လုပ်ရမယ့်ဟာကို မလုပ်တာ၊ အခွန်ထမ်းတွေကို စိတ်ပျက်အောင် လုပ်တာ စတာတွေ အများကြီး ဖြစ်ပေါ်နေပြီး ဌာနတွင်း အကျင့်ပျက်မှုတွေကို စိစစ် အရေးယူဖို့ လိုနေကြောင်း၊ ဒါတွေကို ထိန်းကျောင်း တည့်မတ်ရမှာက ညွှန်ချုပ်ကစ အထက်ဆင့် အရာရှိကြီးတွေရဲ့ တာဝန်ပဲ ဖြစ်ကြောင်း” ရှင်းပြခဲ့ပါတယ်။ တစ်ဆက်တည်း သူက အခွန်ထမ်းတွေကို မကူညီရင်၊ အခွင့်ထူးရှိတယ်လို့ မခံစားရရင်၊ အခွန်ထမ်းဆောင်တာနဲ့ မထမ်းဆောင်တာ အတူတူပဲလို့ မြင်နေကြရင် ဘယ်သူမှ အခွန်ဆောင်ချင်မှာ မဟုတ်ပဲ တတ်နိုင်သလောက် အခွန်ရှောင်နေကြမှာပဲ လို့ ထောက်ပြခဲ့ပါတယ်။
လက်ရှိ မြန်နိုင်ငံဟာ အခွန်နဲ့ ဂျီဒီပီ အချိုး ၈ ရာခိုင်နှုန်းအောက်မှာ ရှိနေပါတယ်။ အာစီယံ ပျမ်းမျှ ၁၀ ရာခိုင်နှုန်း အထက်နဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေသေးတာမို့ အခွန် တိုးတက်ရလာအောင် လုပ်ဖို့ လိုနေပါသေးတယ်။ အဲလို လုပ်ရာမှာ နိုင်ငံတကာ နည်းတူ ရသင့်ရထိုက်တာကနေ ရအောင် မှန်မှန်ကန်ကန် ကြိုးစားရမှာဖြစ်သလို၊ ကားနာမည်ပြောင်းရာမှာ အခွန်ကောက်သလို အဓိပ္ပါယ်မဲ့တဲ့ ခေါင်းစဉ်တွေနဲ့ ကောက်ဖို့ ကြိုးစားနေတာမျိုးကိုလည်း ရှောင်ရှား၊ အခွန်ထမ်းတွေကိုလည်း အခွန်ဆောင်တာဟာ အကျိုးရှိတယ်လို့ ယုံကြည်လာအောင် လုပ်ကိုင်ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်းပါ။
စည်သူအောင်မြင့်။

XS
SM
MD
LG