သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အျငင္းပြားၾကမလား အာဏာအလြဲသံုး မသံုး ေစာင့္ၾကည့္ၾကမလား


MYANMAR-ELECTION-POLITICS
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

လာမယ့္ ၂၀၂၀ ႏို၀င္ဘာ ၈ ရက္ေန႔မွာ အေထြေထြ ေရြးေကာက္ပြဲၾကီး က်င္းပေတာ့မယ္လို႔ ဇူလိုင္ ၁ ရက္ေန႔စြဲနဲ႔ ေၾကျငာလိုက္တာနဲ႔ တျပိဳင္နက္တည္း ေ၀ဖန္မွဳနဲ႔ အျငင္းပြားမွဳေတြလည္း စတင္ပါတယ္။ ပထမ ဦးဆံုး အျငင္းပြားၾကတာကေတာ့ ေရြးေကာက္ပြဲ ေကာ္မရွင္ကေန အဲဒီေန႔မွာ တခ်ိန္တည္း ထုတ္ျပန္လိုက္တဲ့ အစိုးရအဖြဲ႕၀င္ေတြနဲ႔ ႏုိင္ငံေရး ရာထူးရယူထားသူေတြ ပါတီစည္းရံုးေရး၊ နယ္ေျမ စည္းရံုးေရး ေဆာင္ရြက္ခြင့္ ရွိေၾကာင္းထုတ္ျပန္လိုက္တဲ့ ေၾကျငာခ်က္ပါ။ ဒါနဲ႔ပတ္သက္ျပီး အင္န္အယ္လ္ဒီ ပါတီကေန အခြင့္ထူးရယူတယ္လို႔ ေ၀ဖန္တာမ်ိဳး ရွိသလို၊ အဲဒီထုတ္ျပန္ခ်က္က ကိုးကားထားတဲ့ ျပည္ေထာင္စု အစိုးရအဖြဲ႕ ဥပေဒ ဆုိတာကလည္း ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံ ဥပေဒနဲ႔ မကိုက္ညီဘူးဆိုျပီး ေျပာဆိုတာမ်ိဳးလည္း ေတြ႕ရပါတယ္။ တစ္ခ်ိဳ႕ကေတာ့ အရင္ ၂၀၁၅ ေရြးေကာက္ပြဲ မတုိင္ခင္ သမၼတေဟာင္း ဦးသိန္းစိန္ ျပည္ခိုင္ျဖိဳးပါတီ၀င္ေတြနဲ႔ ေတြ႕ဆံုခဲ့တဲ့ ကိစၥ ၂၀၀၈ ဖြဲ႕စည္းပံုနဲ႔ မညီဘူး ဆုိျပီး အင္န္အယ္လ္ဒီ ပါတီဘက္ကေန ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ဆီ တုိင္တန္းတဲ့ စာကို ျပန္ထုတ္လာျပီး အင္န္အယ္လ္ဒီ ဟာ အရင္တုန္းက တစ္မ်ိဳး၊ ခု တစ္မ်ိဳး ေရွ႕ေနာက္မညီ လုပ္ေနတယ္ ဆုိျပီး ေ၀ဖန္တာေတြလည္း ရွိေနပါတယ္။ ျပည္သူ႕ပါတီဥကၠဌ ဦးကိုကိုၾကီးကေတာ့ အစိုးရအဖြဲ႕၀င္ေတြကို ပါတီစည္းရံုးေရး ျပန္လုပ္ခြင့္ေပးတဲ့ ျပည္ေထာင္စု အစိုးရအဖြဲ႕ ဥပေဒဟာ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံ ဥပေဒ နဲ႔ ကိုက္ညီမွဳ မရွိတာမို႔ အင္န္အယ္လ္ဒီ အစိုးရက ဒီ ျပသနာကို ေျဖရွင္းသင့္တယ္ဆုိျပီး ေျပာဆုိပါတယ္။ ခုတစ္ပတ္ အစိုးရအဖြဲ႕၀င္္ေတြ နဲ႔ ေရြးေကာက္ပြဲ ျပသနာအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

ဘယ္ေန႔ ဘယ္ရက္မွာ ေရြးေကာက္ပြဲ လုပ္မယ္လို႔ ေၾကျငာတာနဲ႔ တစ္ျပိဳင္နက္တည္း ျပည္ေထာင္စု အစိုးရအဖြဲ႕၀င္ေတြနဲ႔ ႏုိင္ငံေရးရာထူး ရယူထားသူေတြ ပါတီ စည္းရံုးေရး လုပ္လို႔ရျပီ၊ တနည္းအားျဖင့္ ပါတီဆီ ျပန္သြားလို႔ရျပီလို႔ ေၾကျငာတာ အခု ၂၀၂၀ က်မွ ေပၚေပါက္လာတာ မဟုတ္ပါဘူး။ အရင္ ၂၀၁၅ ေရြးေကာက္ပြဲတုန္းကလည္း ႏို၀င္ဘာ ၈ ရက္ေန႔မွာ ေရြးေကာက္ပြဲ က်င္းပမယ္လို႔ ဇူလိုင္ ၈ ရက္ေန႔စြဲနဲ႔ ေၾကျငာလိုက္တာနဲ႔ တျပိဳင္နက္တည္း ျပည္ေထာင္စု အဖြဲ႕၀င္ေတြ ပါတီစည္းရံုးေရး လုပ္လို႔ရျပီ၊ နယ္ေျမ စည္းရံုးေရး လုပ္လို႔ ရျပီ ဆုိျပီး ေကာ္မရွင္ကေန ထုတ္ျပန္ ေၾကျငာေပးခဲ့တာ ေတြ႕ႏုိင္ပါတယ္။ ထုတ္ျပန္ခ်က္ စာသားေတြက အစ ၂၀၁၅ နဲ႔ ၂၀၂၀ အတူတူပါပဲ။ ဒီထုတ္ျပန္ခ်က္ အေပၚမူတည္ျပီး အင္န္အယ္လ္ဒီ ဘက္ကေန ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္နဲ႔ ႏုိင္ငံေတာ္ဇ။္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ ေရြးေကာက္ပြဲ ၀င္မွာ ျဖစ္တဲ့အတြက္ ပါတီစည္းရံုးေရး စ လုပ္ေတာ့မယ္လို႔ ေၾကျငာလုိက္တာ ေတြ႕ရပါတယ္။ ၂၀၁၅ တုန္းကလည္း အာဏာရ ျပည္ခုိင္ျဖိဳးပါတီအေနနဲ႔ အဲဒီ အခြင့္အေရး ရခဲ့တာမို႔ အင္န္အယ္လ္ဒီ က ၂၀၂၀ က်မွ အထူး အခြင့္အေရးယူတယ္ ဆုိျပီး ေျပာလို႔ မရႏုိင္ပါဘူး။

၂၀၁၅ ေရြးေကာက္ပြဲအၾကိဳကာလ က သမၼတေဟာင္း ဦးသိန္းစိန္ရဲ႕ လွဳပ္ရွားမွဳနဲ႔ ပတ္သက္ျပီး အင္န္အယ္လ္ဒီ ပါတီဘက္က ေရြးေကာက္ပြဲ ေကာ္မရွင္ဆီ တုိင္တန္းတဲ့ ကိစၥ ရွိခဲ့ပါတယ္။ အေၾကာင္းကေတာ့ သမၼတ ေဟာင္း ဦးသိန္းစိန္ဟာ ၂၀၁၅ ေရြးေကာက္ပြဲ မ၀င္တာေၾကာင့္ သူ႔အေနနဲ႔ ပါတီစည္းရံုးေရး လုပ္လို႔ မရသလို၊ ပါတီဆီ ျပန္သြားလို႔လည္း မရပါဘူး။ တကယ္လို႔ ပါတီ၀င္ေတြနဲ႔ ဆက္သြယ္တယ္၊ ေတြ႕ဆံုတယ္၊ စည္းေ၀းတယ္ ဆိုရင္ ၂၀၀၈ ဖြဲ႕စည္းပံုနဲ႔ မကိုက္ညီသလို၊ ျပည္ေထာင္စု အစိုးရအဖြဲ႕ဥပေဒ၊ ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္နဲ႔လည္း ေဘာင္မ၀င္တာေၾကာင့္ အင္န္အယ္လ္ဒီ ဘက္က တုိင္တန္းရတာမ်ိဳးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အင္န္အယ္လ္ဒီ က အရင္ကတစ္မ်ိဳး အခုတစ္မ်ိဳး လုပ္တယ္ဆုိျပီး စြပ္စြဲလို႔လည္း ရႏုိင္မယ္ မဟုတ္ပါဘူး။

ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္ေတြဟာ ဥပေဒ ျပဌာန္းခ်က္ေတြအရ ထုတ္ျပန္တာေတြပဲ ျဖစ္တဲ့ အတြက္ ျဖစ္ျခင္းျဖစ္ ဥပေဒဆုိင္ရာ အျငင္းပြားမွဳပဲ ျဖစ္ပါလိမ့္မယ္။ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒထဲမွာ ႏုိင္ငံေတာ္ သမၼတ နဲ႔ ပတ္သက္ျပီး ခုလို ေဖာ္ျပခ်က္ တစ္ခု ပါရွိပါတယ္။ ပုဒ္မ ၆၄ မွာ “ႏိုင္ငံေတာ္ သမၼတ သို႔မဟုတ္ ဒုတိယ သမၼတ မ်ားသည္ ႏိုင္ငံေရးပါတီ တစ္ခုခုဇ။္ အဖြဲ႕၀င္ ျဖစ္လ်င္ ႏိုင္ငံေတာ္ သမၼတ သို႔မဟုတ္ ဒုတိယ သမၼတမ်ားအျဖစ္ ေရြးခ်ယ္တင္ေျမွာက္ျခင္း ခံရသည့္ေန႕မွစ၍ မိိမိတို႔ ရာထူးသက္တမ္း အတြင္း ယင္းပါတီ အဖြဲ႕အစည္းဇ။္ ပါတီ လုပ္ငန္းမ်ားတြင္ ပါ၀င္ေဆာင္ရြက္ျခင္း မျပဳရ” ဆုိျပီး ေဖာ္ျပထားပါတယ္။

အရင္ စစ္အစိုးရက ၂၀၁၀ ေအာက္တိုဘာ ၂၁ ရက္ေန႔မွာ ျပဌာန္းေပးခဲ့တဲ့ “ျပည္ေထာင္စု အစိုးရအဖြဲ႕ ဥပေဒ” ပုဒ္မ ၇(ခ)မွာေတာ့ ခုလို ေဖာ္ျပထား ပါတယ္။ ျပည္ေထာင္စု အစိုးရအဖြဲ႕၀င္ တစ္ဦးဦးသည္ “ ေနာင္လာမည့္ အေထြေထြ ေရြးေကာက္ပြဲ တစ္ရပ္ရပ္တြင္ ပါ၀င္ ေရြးခ်ယ္ခံမည့္သူ ျဖစ္ပါက ႏိုင္ငံသား တစ္ဦးအား ဖြဲ႕စည္းပံု အေျခခံဥပေဒ ပုဒ္မ ၃၈၊ ပုဒ္မခြဲ(က) အရ ေပးအပ္ထားေသာ ေရြးေကာက္ တင္ေျမွာက္ခံပိုင္ခြင့္ မဆံုးရွံဳးေစရန္ အလို႔ငွာ ေရြးေကာက္ပြဲ က်င္းပရန္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ေၾကျငာသည့္ေန႕မွ စ၍ ဖြဲ႕စည္းပံု အေျခခံဥပေဒ ပုဒ္မ ၁၂၀ ႏွင့္ ပုဒ္မ ၁၂၁ တို႔ပါ ျပဌာန္းခ်က္မ်ားႏွင့္ ကိုက္ညီလ်င္ ေရြးေကာက္ပြဲ ဆိုင္ရာ ပါတီ စည္းရံုးေရး လုပ္ငန္းမ်ား ကိုလည္းေကာင္း၊ နယ္ေျမ စည္းရံုးေရး လုပ္ငန္းမ်ားကိုလည္းေကာင္း၊ ေဆာင္ရြက္ခြင့္ ရွိသည္။” ဆိုျပီးျဖစ္ပါတယ္။

ေယဘုယ်အားျဖင့္ ဆုိရင္ေတာ့ သမၼတ အပါအ၀င္ အစိုးရအဖြဲ႕၀င္ေတြဟာ သူတုိ႔ တာ၀န္ထမ္းေဆာင္ခ်ိန္ ပါတီလုပ္ငန္းေတြ မလုပ္ရ၊ ဒါေပမယ့္ ေရြးေကာက္ပြဲ ၀င္မယ္ ဆုိရင္ေတာ့ ေရြးေကာက္ပြဲ က်င္းပမယ့္ေန႔ရက္ ေၾကျငာခ်ိန္ကစ ပါတီဆီ ျပန္သြားႏုိင္တယ္ ဆုိတာမ်ိဳးက သဘာ၀ က်ပါတယ္။ သမၼတ နဲ႔ အစိုးရအဖြဲ႕၀င္ေတြ တာ၀န္ထမ္းေဆာင္ခ်ိန္ ပါတီလုပ္ငန္း မလုပ္ရ ဆိုတာကို ၂၀၀၈ အေျခခံဥပေဒ ပုဒ္မ ၆၄ နဲ႔ ဆက္စပ္ ပုဒ္မ အေတာ္မ်ားမ်ားမွာ ေဖာ္ျပထားျပီး၊ ျပည္ေထာင္စု အစိုးရအဖြဲ႕ ဥပေဒကေတာ့ ဖြဲ႕စည္းပံု ပုဒ္မ ၃၈(က)အရ ေရြးေကာက္ပြဲ၀င္ခ်ိန္ ပါတီဆီ ျပန္သြားခြင့္ျပဳထားတာ ျဖစ္ပါတယ္။ တကယ္ေတာ့ ပုဒ္မ ၃၈(က)ဟာ ၂၀၀၈ ဖြဲ႕စည္းပံု “ႏိုင္ငံေတာ္ဇ။္ အေျခခံမူမ်ား” ေခါင္းစဥ္ေအာက္က ျပဌာန္းခ်က္ကို ယူထားတာ ျဖစ္ေလေတာ့ ျပည္ေထာင္စု အစိုးရအဖြဲ႕ ဥပေဒကို ၂၀၀၈ ဖြဲ႕စည္းပံုနဲ႔ မညီပါဘူးလို႔လည္း ေျပာရ ခက္ပါတယ္။ ဒါေၾကာင့္လဲ ျပည္ခိုင္ျဖိဳးပါတီ အာဏာရစဥ္က အတုိက္အခံ အင္န္အယ္လ္ဒီ အေနနဲ႔ အဲဒီ ဥပေဒပါ ျပဌာန္းခ်က္ “ဖြဲ႕စည္းပံုနဲ႔ ညီမညီ” ဖြဲ႕စည္းပံုအေျခခံဥပေဒဆုိင္ရာ ခံုရံုးကို တင္ျပ ေမးျမန္းတာမ်ိဳး မလုပ္ခဲ့သလို၊ အင္န္အယ္လ္ဒီ အစိုးရလက္ထက္မွာလည္း ျပည္ခုိင္ျဖိဳးပါတီဘက္က အဲလို မလုပ္ခဲ့ပါဘူး။ တကယ္ေတာ့ ေရြးေကာက္ပြဲမွာ ၀င္ျပိဳင္မယ့္ အစိုးရအဖြဲ႕၀င္ေတြ ပါတီဆီ ျပန္သြားတာ၊ မဲဆြယ္ စည္းရံုးတာ ျပသနာ မဟုတ္ပါဘူး။ တကယ့္ ျပသနာက အစိုးရ လုပ္ပိုင္ခြင့္ အာဏာကို အသံုးျပဳျပီး ေရြးေကာက္ပြဲမွာ အသာစီးရေအာင္ လုပ္မလုပ္၊ အခြင့္ထူး ရယူ၊ မယူ ဆုိတဲ့ ကိစၥပါပဲ။

ဒါနဲ႔ ပတ္သက္ျပီး ေရြးေကာက္ပြဲ၀င္မယ့္ ပါတီေတြၾကား လိုက္နာၾကဖုိ႔ ဆုိျပီး အခ်င္းခ်င္း ညွိႏွိဳင္းထားၾကတဲ့ Code of Conduct လို႔ေခၚတဲ့ “ ျပည္ေထာင္စု သမၼတ ျမန္မာႏုိင္ငံေတာ္ ႏိုင္ငံေရးပါတီႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ား အတြက္ က်င့္၀တ္” ဆိုတာ ရွိေနႏွင့္ျပီး အင္န္အယ္လ္ဒီ နဲ႔ ပါတီေပါင္း ၆၀ ေက်ာ္ လက္မွတ္ေရးထိုးထားျပီးပါျပီ။

က်င့္၀တ္ထဲမွာ အာဏာရာထူး လက္၀ယ္ရရွိသူေတြ၊ သူတို႔ရဲ႕ အာဏာ ရာထူးကို အသံုးျပဳျပီး မဲမဆြယ္ဖို႔ ေဖာ္ျပထားခ်က္ေတြလည္း အေသးစိတ္ ပါပါတယ္။ ဒီထဲမွာ ဘယ္ေလာက္ အထိ ေဖာ္ျပထားသလဲ ဆိုရင္ မဲဆြယ္စည္းရံုးေရး ခရီးစဥ္က ေ၀းကြာလြန္းေနတယ္ ဆုိရင္ေတာင္ ရဟတ္ယာဥ္၊ စင္းလံုးငွား ေလယာဥ္္ေတြကို အသံုးမျပဳပဲ၊ အမ်ားျပည္သူ အသံုးျပဳတဲ့ စင္းလံုးငွား ေလယာဥ္ပ်ံ Commercial Flight ကိုပဲ အသံုးျပဳဖို႔ ဆိုသည္အထိ ထည့္သြင္းေပးထားပါတယ္။ ဒါေၾကာင့္ ျပည္ေထာင္စု အစိုးရအဖြဲ႕ ဥပေဒဟာ ၂၀၀၈ ဖြဲ႕စည္းပံုနဲ႔ ညီမညီ အျငင္းပြားေနတာထက္ အာဏာရ အင္န္အယ္လ္ဒီပါတီ အေနနဲ႔ အစိုးရ အာဏာ အလြဲသံုးျပီး တိုက္ရိုက္ျဖစ္ေစ၊ သြယ္၀ိုက္ျပီး ျဖစ္ေစ မဲဆြယ္၊ မဆြယ္၊ ေရြးေကာက္ပြဲမွာ အသာစီးရေအာင္ လုပ္မလုပ္၊ သူတုိ႔ကိုယ္တုိင္ လက္မွတ္ထိုးထားတဲ့ “က်င့္၀တ္” ကို လိုက္နာ၊ မလိုက္နာ အေသအျခာ ေစာင့္ၾကည့္ဖို႔ပဲ လိုမယ္ ျဖစ္ေၾကာင္းပါ။

---------------------------

အငြင်းပွားကြမလား အာဏာအလွဲသုံး မသုံး စောင့်ကြည့်ကြမလား

လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မယ်လို့ ဇူလိုင် ၁ ရက်နေ့စွဲနဲ့ ကြေငြာလိုက်တာနဲ့ တပြိုင်နက်တည်း ဝေဖန်မှုနဲ့ အငြင်းပွားမှုတွေလည်း စတင်ပါတယ်။ ပထမ ဦးဆုံး အငြင်းပွားကြတာကတော့ ရွေးကောက်ပွဲ ကော်မရှင်ကနေ အဲဒီနေ့မှာ တချိန်တည်း ထုတ်ပြန်လိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး ရာထူးရယူထားသူတွေ ပါတီစည်းရုံးရေး၊ နယ်မြေ စည်းရုံးရေး ဆောင်ရွက်ခွင့် ရှိကြောင်းထုတ်ပြန်လိုက်တဲ့ ကြေငြာချက်ပါ။ ဒါနဲ့ပတ်သက်ပြီး အင်န်အယ်လ်ဒီ ပါတီကနေ အခွင့်ထူးရယူတယ်လို့ ဝေဖန်တာမျိုး ရှိသလို၊ အဲဒီထုတ်ပြန်ချက်က ကိုးကားထားတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ဆိုတာကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ပြောဆိုတာမျိုးလည်း တွေ့ရပါတယ်။ တစ်ချို့ကတော့ အရင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် သမ္မတဟောင်း ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ကိစ္စ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မညီဘူး ဆိုပြီး အင်န်အယ်လ်ဒီ ပါတီဘက်ကနေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီ တိုင်တန်းတဲ့ စာကို ပြန်ထုတ်လာပြီး အင်န်အယ်လ်ဒီ ဟာ အရင်တုန်းက တစ်မျိုး၊ ခု တစ်မျိုး ရှေ့နောက်မညီ လုပ်နေတယ် ဆိုပြီး ဝေဖန်တာတွေလည်း ရှိနေပါတယ်။ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးကတော့ အစိုးရအဖွဲ့ဝင်တွေကို ပါတီစည်းရုံးရေး ပြန်လုပ်ခွင့်ပေးတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ ကိုက်ညီမှု မရှိတာမို့ အင်န်အယ်လ်ဒီ အစိုးရက ဒီ ပြသနာကို ဖြေရှင်းသင့်တယ်ဆိုပြီး ပြောဆိုပါတယ်။ ခုတစ်ပတ် အစိုးရအဖွဲ့ဝင်တွေ နဲ့ ရွေးကောက်ပွဲ ပြသနာအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

ဘယ်နေ့ ဘယ်ရက်မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေငြာတာနဲ့ တစ်ပြိုင်နက်တည်း ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးရာထူး ရယူထားသူတွေ ပါတီ စည်းရုံးရေး လုပ်လို့ရပြီ၊ တနည်းအားဖြင့် ပါတီဆီ ပြန်သွားလို့ရပြီလို့ ကြေငြာတာ အခု ၂၀၂၀ ကျမှ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ အရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း နိုဝင်ဘာ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဇူလိုင် ၈ ရက်နေ့စွဲနဲ့ ကြေငြာလိုက်တာနဲ့ တပြိုင်နက်တည်း ပြည်ထောင်စု အဖွဲ့ဝင်တွေ ပါတီစည်းရုံးရေး လုပ်လို့ရပြီ၊ နယ်မြေ စည်းရုံးရေး လုပ်လို့ ရပြီ ဆိုပြီး ကော်မရှင်ကနေ ထုတ်ပြန် ကြေငြာပေးခဲ့တာ တွေ့နိုင်ပါတယ်။ ထုတ်ပြန်ချက် စာသားတွေက အစ ၂၀၁၅ နဲ့ ၂၀၂၀ အတူတူပါပဲ။ ဒီထုတ်ပြန်ချက် အပေါ်မူတည်ပြီး အင်န်အယ်လ်ဒီ ဘက်ကနေ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲ ဝင်မှာ ဖြစ်တဲ့အတွက် ပါတီစည်းရုံးရေး စ လုပ်တော့မယ်လို့ ကြေငြာလိုက်တာ တွေ့ရပါတယ်။ ၂၀၁၅ တုန်းကလည်း အာဏာရ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အဲဒီ အခွင့်အရေး ရခဲ့တာမို့ အင်န်အယ်လ်ဒီ က ၂၀၂၀ ကျမှ အထူး အခွင့်အရေးယူတယ် ဆိုပြီး ပြောလို့ မရနိုင်ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ က သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ ပါတီဘက်က ရွေးကောက်ပွဲ ကော်မရှင်ဆီ တိုင်တန်းတဲ့ ကိစ္စ ရှိခဲ့ပါတယ်။ အကြောင်းကတော့ သမ္မတ ဟောင်း ဦးသိန်းစိန်ဟာ ၂၀၁၅ ရွေးကောက်ပွဲ မဝင်တာကြောင့် သူ့အနေနဲ့ ပါတီစည်းရုံးရေး လုပ်လို့ မရသလို၊ ပါတီဆီ ပြန်သွားလို့လည်း မရပါဘူး။ တကယ်လို့ ပါတီဝင်တွေနဲ့ ဆက်သွယ်တယ်၊ တွေ့ဆုံတယ်၊ စည်းဝေးတယ် ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မကိုက်ညီသလို၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ၊ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့လည်း ဘောင်မဝင်တာကြောင့် အင်န်အယ်လ်ဒီ ဘက်က တိုင်တန်းရတာမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်န်အယ်လ်ဒီ က အရင်ကတစ်မျိုး အခုတစ်မျိုး လုပ်တယ်ဆိုပြီး စွပ်စွဲလို့လည်း ရနိုင်မယ် မဟုတ်ပါဘူး။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေဟာ ဥပဒေ ပြဌာန်းချက်တွေအရ ထုတ်ပြန်တာတွေပဲ ဖြစ်တဲ့ အတွက် ဖြစ်ခြင်းဖြစ် ဥပဒေဆိုင်ရာ အငြင်းပွားမှုပဲ ဖြစ်ပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံတော် သမ္မတ နဲ့ ပတ်သက်ပြီး ခုလို ဖော်ပြချက် တစ်ခု ပါရှိပါတယ်။ ပုဒ်မ ၆၄ မှာ “နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ များသည် နိုင်ငံရေးပါတီ တစ်ခုခုဇ။် အဖွဲ့ဝင် ဖြစ်လျင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်း အတွင်း ယင်းပါတီ အဖွဲ့အစည်းဇ။် ပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဆိုပြီး ဖော်ပြထားပါတယ်။

အရင် စစ်အစိုးရက ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြဌာန်းပေးခဲ့တဲ့ “ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ” ပုဒ်မ ၇(ခ)မှာတော့ ခုလို ဖော်ပြထား ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တစ်ဦးဦးသည် “ နောင်လာမည့် အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင် ရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသား တစ်ဦးအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(က) အရ ပေးအပ်ထားသော ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန် အလို့ငှာ ရွေးကောက်ပွဲ ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာသည့်နေ့မှ စ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ပုဒ်မ ၁၂၁ တို့ပါ ပြဌာန်းချက်များနှင့် ကိုက်ညီလျင် ရွေးကောက်ပွဲ ဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ငန်းများ ကိုလည်းကောင်း၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း၊ ဆောင်ရွက်ခွင့် ရှိသည်။” ဆိုပြီးဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ဆိုရင်တော့ သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်တွေဟာ သူတို့ တာဝန်ထမ်းဆောင်ချိန် ပါတီလုပ်ငန်းတွေ မလုပ်ရ၊ ဒါပေမယ့် ရွေးကောက်ပွဲ ဝင်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက် ကြေငြာချိန်ကစ ပါတီဆီ ပြန်သွားနိုင်တယ် ဆိုတာမျိုးက သဘာ၀ ကျပါတယ်။ သမ္မတ နဲ့ အစိုးရအဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်ချိန် ပါတီလုပ်ငန်း မလုပ်ရ ဆိုတာကို ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၆၄ နဲ့ ဆက်စပ် ပုဒ်မ အတော်များများမှာ ဖော်ပြထားပြီး၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကတော့ ဖွဲ့စည်းပုံ ပုဒ်မ ၃၈(က)အရ ရွေးကောက်ပွဲဝင်ချိန် ပါတီဆီ ပြန်သွားခွင့်ပြုထားတာ ဖြစ်ပါတယ်။ တကယ်တော့ ပုဒ်မ ၃၈(က)ဟာ ၂၀၀၈ ဖွဲ့စည်းပုံ “နိုင်ငံတော်ဇ။် အခြေခံမူများ” ခေါင်းစဉ်အောက်က ပြဌာန်းချက်ကို ယူထားတာ ဖြစ်လေတော့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မညီပါဘူးလို့လည်း ပြောရ ခက်ပါတယ်။ ဒါကြောင့်လဲ ပြည်ခိုင်ဖြိုးပါတီ အာဏာရစဉ်က အတိုက်အခံ အင်န်အယ်လ်ဒီ အနေနဲ့ အဲဒီ ဥပဒေပါ ပြဌာန်းချက် “ဖွဲ့စည်းပုံနဲ့ ညီမညီ” ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ပြ မေးမြန်းတာမျိုး မလုပ်ခဲ့သလို၊ အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာလည်း ပြည်ခိုင်ဖြိုးပါတီဘက်က အဲလို မလုပ်ခဲ့ပါဘူး။ တကယ်တော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အစိုးရအဖွဲ့ဝင်တွေ ပါတီဆီ ပြန်သွားတာ၊ မဲဆွယ် စည်းရုံးတာ ပြသနာ မဟုတ်ပါဘူး။ တကယ့် ပြသနာက အစိုးရ လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုပြီး ရွေးကောက်ပွဲမှာ အသာစီးရအောင် လုပ်မလုပ်၊ အခွင့်ထူး ရယူ၊ မယူ ဆိုတဲ့ ကိစ္စပါပဲ။

ဒါနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကြား လိုက်နာကြဖို့ ဆိုပြီး အချင်းချင်း ညှိနှိုင်းထားကြတဲ့ Code of Conduct လို့ခေါ်တဲ့ “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ်” ဆိုတာ ရှိနေနှင့်ပြီး အင်န်အယ်လ်ဒီ နဲ့ ပါတီပေါင်း ၆၀ ကျော် လက်မှတ်ရေးထိုးထားပြီးပါပြီ။

ကျင့်ဝတ်ထဲမှာ အာဏာရာထူး လက်ဝယ်ရရှိသူတွေ၊ သူတို့ရဲ့ အာဏာ ရာထူးကို အသုံးပြုပြီး မဲမဆွယ်ဖို့ ဖော်ပြထားချက်တွေလည်း အသေးစိတ် ပါပါတယ်။ ဒီထဲမှာ ဘယ်လောက် အထိ ဖော်ပြထားသလဲ ဆိုရင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်က ဝေးကွာလွန်းနေတယ် ဆိုရင်တောင် ရဟတ်ယာဉ်၊ စင်းလုံးငှား လေယာဉ်တွေကို အသုံးမပြုပဲ၊ အများပြည်သူ အသုံးပြုတဲ့ စင်းလုံးငှား လေယာဉ်ပျံ Commercial Flight ကိုပဲ အသုံးပြုဖို့ ဆိုသည်အထိ ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီမညီ အငြင်းပွားနေတာထက် အာဏာရ အင်န်အယ်လ်ဒီပါတီ အနေနဲ့ အစိုးရ အာဏာ အလွဲသုံးပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ မဲဆွယ်၊ မဆွယ်၊ ရွေးကောက်ပွဲမှာ အသာစီးရအောင် လုပ်မလုပ်၊ သူတို့ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ “ကျင့်ဝတ်” ကို လိုက်နာ၊ မလိုက်နာ အသေအခြာ စောင့်ကြည့်ဖို့ပဲ လိုမယ် ဖြစ်ကြောင်းပါ။

စည်သူအောင်မြင့်

XS
SM
MD
LG