သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

နာမည္ေပါက္ဖို႔လား အခြန္ျပသနာနဲ႔ အလုပ္ရွဳပ္ေစဖို႔လား


ရန္ကုန္ၿမိဳ႕ က ကားလမ္းမ
တိုက္႐ိုက္ လင့္ခ္


အခုရက္ပိုင္း လူေျပာအမ်ားဆံုး သတင္းတစ္ခုကေတာ့ လာမယ့္ ၂၀၂၀ ဇန္န၀ါရီလ က စျပီး ကားလိုင္စင္ သက္တမ္းတိုးရင္ နာမည္ေပါက္ ျဖစ္မွ တိုးေပးေတာ့မယ္ ဆုိျပီး ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမွဳ ဦးစီးဌာန “ကညန” က ေၾကျငာလိုက္တဲ့ ကိစၥပါပဲ။ နာမည္ေပါက္ လုပ္ပါ ဆိုတာ ကိုယ္စီးေနတဲ့ကားကို ကညန မွာ နာမည္သြားေျပာင္းလိုက္ရံုနဲ႔ ျပီးတဲ့ ကိစၥ မဟုတ္ပဲ အခြန္ပါ ေဆာင္ရမယ့္ ျပသနာ ရွိေနလို႔ အဖြဲ႕အစည္းတစ္ခ်ိဳ႕၊ လူပုဂၢိဳလ္ အေတာ္မ်ားမ်ားက ဆန္႔က်င္ေၾကာင္း၊ ဒီ လုပ္ငန္းစဥ္ကို ျပန္ျပီး စဥ္းစားသံုးသပ္ေပးဖုိ႔ ေ၀ဖန္ ေျပာဆိုေနၾကပါျပီ။ လက္ရွိ ျမန္မာႏုိင္ငံမွာ လူစီးကား အစီးေရ ၅ သိန္းခြဲေက်ာ္ ရွိေနတာမို႔ ဒီ ျပသနာဟာ သိန္းနဲ႔ခ်ီတဲ့ လူလတ္တန္းစား မိသားစုေတြနဲ႔ ဆက္ႏႊယ္ သက္ဆုိင္ေနတဲ့ ကိစၥလည္း ျဖစ္ေနတာမို႔ အေရးၾကီးတယ္လို႔ ေျပာမယ္ ဆို ေျပာလို႔ရႏိုင္တဲ့ ျပသနာ တစ္ခုပါ။ ကညန ရဲ႕ ထုတ္ျပန္ခ်က္က ဘာလဲ၊ ရည္ရြယ္ခ်က္က ဘာျဖစ္မလဲ၊ အဲလို အေကာင္အထည္ ေဖာ္ရင္ ဘာျဖစ္လာႏုိင္မလဲ ဆိုတာ ေလ့လာ တင္ျပသြားပါ့မယ္။

ျပီးခဲ့တဲ့ ရက္ပိုင္း ထုတ္ျပန္ခဲ့တဲ့ ကညန ရဲ႕ ေၾကျငာခ်က္ထဲမွာ မွတ္ပံုတင္ထားတဲ့ ကားေတြရဲ႕ ပိုင္ရွင္၊ အမည္၊ ေနရပ္လိပ္စာ တိက်မွန္ကန္ေရးဟာ ႏိုင္ငံေတာ္ရဲ႕ တရားဥပေဒ စိုးမိုးေရး၊ လံုျခံဳေရးနဲ႔ စည္းကမ္းဥပေဒနဲ႔ ညီညြတ္တဲ့ ေမာ္ေတာ္ယာဥ္ေတြ ျဖစ္ေစေရး၊ ေရွ႕ဆက္ေဆာင္ရြက္မယ့္ Radio Frequency Identification (RFID) စနစ္နဲ႔ ခ်ိတ္ဆက္ဖို႔ အမ်ားၾကီး အေရးပါတဲ့ အေၾကာင္း၊ ကားတစ္စီးအတြက္ အရင္က ျပည္တြင္းအခြန္က ေကာက္တဲ့ အခြန္ႏွဳန္းဟာ ၁၅ ရာခုိင္ႏွဳန္းကေန ၃၀ ရာခုိင္ႏွဳန္း အထိျဖစ္တဲ့အေၾကာင္း၊ အခုေနာက္ဆံုး ျပဌာန္းလိုက္တဲ့ ဥပေဒအရ ဆုိရင္ေတာ့ အခြန္ေပးႏုိင္တဲ့ အေနအထား ေရာက္လာျပီး အခြန္သက္သာခြင့္ ကန္႔သတ္ကာလ အတြင္း ကားပိုင္ရွင္တုိင္း နာမည္၊ လိပ္စာ မွန္မွန္ကန္ကန္ ေျပာင္းလဲ မွတ္တမ္းတင္ဖို႔ အခြင့္အလမ္းေကာင္း ဆုိျပီး ေဖာ္ျပထားပါတယ္။ ဆက္ျပီး ေဖာ္ျပထားတာက ကညန အေနနဲ႔ လာမယ့္ ၂၀၂၀ ဇန္န၀ါရီ က စျပီး ကားမွတ္ပံုတင္တဲ့ လုပ္ငန္းေတြ လုပ္တဲ့အခါ ပိုင္ရွင္ ကိုယ္တုိင္ လာရင္လာ၊ ဒါမွမဟုတ္ ပိုင္ရွင္ရဲ႕ မွတ္ပံုတင္မူရင္း၊ အိမ္ေထာင္စု ဇယားမူရင္း ယူလာျပီး အဲဒါေတြနဲ႔ တိုက္ဆိုင္ စိစစ္ ေဆာင္ရြက္သြားမယ္၊ အဲလို တင္ျပႏုိင္ျခင္း မရွိရင္ ကားပိုင္ရွင္ နာမည္ေျပာင္းဖို႔ ျပည္တြင္း အခြန္မွာ ၀င္ေငြခြန္ ေဆာင္ေစမယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီေနရာမွာ လက္ရွိ ျမန္မာႏုိင္ငံက ကားပိုင္ရွင္ေတြရဲ႕ အေနအထားကို ေဖာ္ျပဖုိ႔ လိုပါတယ္။ နုိင္ငံျခားကေန ကားတင္သြင္းတဲ့အခါ ၊ ဒါမွမဟုတ္ ျပည္တြင္းမွာပဲ ကုမၸဏီေတြကေန ေရာင္းတဲ့ ကားသစ္ေတြကို ၀ယ္တဲ့အခါ ၀င္ေငြခြန္ ျပျပီး၊ ဒါမွမဟုတ္ ၀င္ေငြခြန္ ေဆာင္ျပီးမွ ၀ယ္လို႔ရပါတယ္။အဲဒီ ပထမဦးဆံုး အခြန္ေဆာင္ထားျပီးသူေတြကေန ေနာက္ထပ္ အဆင့္ဆင့္ ေရာင္း၀ယ္ၾကရာမွာေတာ့ တကယ့္ အမ်ားစုၾကီးက အခြန္ သြားမေဆာင္ နာမည္ မေျပာင္းၾကေတာ့ပါဘူး။ အေၾကာင္းကေတာ့ ရိုးရွင္းပါတယ္။ အခြန္က မ်ားလြန္းလို႔ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ ကားေရာင္းလိုက္သူဟာ သူေရာင္းလိုက္ေၾကာင္း အေထာက္အထားေတြနဲ႔ တကြ အခြန္ရံုးကို ျပန္သြားျပီး သူ႔အခြန္ သူျပန္ရေအာင္ လုပ္လို႔ရတဲ့ ျပဌာန္းခ်က္ ရွိေပမယ့္ ၾကိဳးနီစနစ္မ်ားျပီး ရွဳပ္ေထြးတာေၾကာင့္ ဘယ္သူမွ သြားမလုပ္ၾကပဲ ကားကို ဒီအတုိင္း အဆင့္ဆင့္ လက္လဲႊ ေရာင္းလိုက္ၾကတာေတြေၾကာင့္လဲ ပါပါတယ္။

လက္ရွိ ဂ်ပန္ တစ္ပတ္ရစ္ အင္ဂ်င္ပါ၀ါ 1300 CC ပတ္၀န္းက်င္ ကားေဟာင္းေတြဟာ က်ပ္ သိန္း ၁၅၀ ကေန ၂၀၀ ေက်ာ္၀န္းက်င္အၾကား တန္ေၾကး ရွိေနပါတယ္။ အဲဒီ ကားေတြကို နာမည္ေပါက္လုပ္ဖို႔ အခြန္ေဆာင္မယ္ ဆုိရင္ အခြန္ဥပေဒေဟာင္းအရ ကားေဟာင္းတစ္စီး အတြက္ က်ပ္ ၂၂ သိန္းကေန က်ပ္ေငြ သိန္း ၃၀ အထိ အခြန္ေဆာင္ရမွာ ျဖစ္ေနလို႔ပါပဲ။ ဒီထက္ ေမာ္ဒယ္ျမင့္ တန္ဘိုးျမင့္ ကားေတြ ဆုိရင္ေတာ့ အဲဒီထက္ အခြန္ပမာဏ မ်ားေနမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခြန္မေဆာင္ပဲ တစ္လက္ကေန တစ္လက္ေျပာင္း၊ ေရာင္း၊၀ယ္ စီး၊ လိုင္စင္ သက္တမ္းတိုးရင္ မူရင္း အခြန္ေဆာင္ထားသူရဲ႕ မွတ္ပံုတင္ မိတၱဴ ယူသြားျပီး သြားတိုးလိုက္ရံုပါပဲ။

အခု ကညန ေျပာတာကေတာ့ ၂၀၁၉ ျပည္ေထာင္စု အခြန္အေကာက္ ဥပေဒသစ္အရ အခြန္ႏွဳန္းထားဟာ က်ပ္ သိန္းတစ္ေထာင္ေအာက္ ဆုိရင္ အခြန္၃ ရာခုိင္ႏွဳန္းေလာက္ပဲ ေဆာင္ရေတာ့မွာမို႔ အဲလို အခြန္ႏွဳန္း သက္သာတုန္း အခြန္ေဆာင္ျပီး ကိုယ့္နာမည္ ကိုယ္ေျပာင္းထားၾကဖို႔ ေျပာဆုိလိုက္တဲ့ သေဘာပါပဲ။

ဒီေနရာမွာ ကညန ရဲ႕ တကယ့္ ရည္မွန္းခ်က္ အစစ္က ဘာျဖစ္မလဲ ဆိုတာ အေရးၾကီးလာပါတယ္။ ႏိုင္ငံေတာ္ တရားဥပေဒ စိုးမိုးေရး၊ လံုျခံဳေရး အတြက္လား၊ ဒါမွမဟုတ္ အခြန္ပိုရလာေရးလား ဆိုတာ အေသအျခာေတာ့ ေျပာမထားပါဘူး။ အခြန္ ပိုရလာေရးဆုိရင္ေတာ့ ေမးစရာ ေမးခြန္းေတြ ရွိလာပါတယ္။ အခြန္ဥပေဒမွာ ကားတစ္စီးကို အခြန္ေဆာင္ျပီး ၀ယ္ထားရင္ ျပန္ေရာင္းတဲ့အခါ အခြန္ရံုးျပန္သြားျပီး ကိုယ့္အခြန္ခံစားခြင့္ ကိုယ္ ျပန္ယူလို႔ ရေနတာမို႔ အခြန္ တိုးတက္ ရလာဖို႔ ဆုိတာကလည္း တကယ္ဥပေဒ အတုိင္းဆိုရင္ မျဖစ္ႏုိင္ပါဘူး။ ေနာက္တစ္ခ်က္

ကညန ရဲ႕ အဆုိအရ အခု ၂၀၁၉ ျပည္ေထာင္စု အခြန္ဥပေဒ အရ အခြန္ သက္သာခြင့္ ျပဳထားတယ္၊ ဒါေၾကာင့္ အခြန္ေဆာင္ျပီး နာမည္ ေျပာင္းထားၾကပါ လို႔ ဆုိရင္ ေနာက္တစ္ႏွစ္ အခြန္ႏွဳန္းထားေတြ ပံုမွန္အတိုင္း ၁၅ ကေန ၃၀ ရာခုိင္ႏွဳန္းၾကား ျပန္ျမင့္သြားရင္ ဘယ္လို ဆက္လုပ္ၾကမလဲ ဆုိတဲ့ ေမးခြန္းပါပဲ။ အဲဒီ အခ်ိန္က်ရင္ အခြန္ႏွဳန္း ျပန္ျမင့္သြားမွာမို႔၊ မတန္တဆ ႏွဳန္း ျပန္ျဖစ္သြားမွာ ျဖစ္ျပီး ဘယ္သူမွ အခြန္မေဆာင္၊ နာမည္ မေျပာင္းေတာ့ပဲ ေရာင္းတာ ၀ယ္တာလုပ္၊ လက္ရွိ အေျခအေနေဟာင္း အတုိင္း ျပန္ေရာက္သြားႏိုင္လို႔ပါပဲ။ အဲလို အေျခအေနေဟာင္း ျပန္ေရာက္သြားမယ္ ဆုိရင္ အခု ကညန က ေၾကျငာတဲ့ ရည္ရြယ္ခ်က္ အထေျမာက္ေတာ့မွာ မဟုတ္ပါဘူး။

ဒီေနရာမွာ ကိုယ္၀ယ္ထားတဲ့ ကားတစ္စီး ကိုယ့္နာမည္ေပါက္ေအာင္ လုပ္ထားဖို႔ လိုတယ္ ဆိုတဲ့ကိစၥ အျငင္းပြားသူ ဘယ္သူမွ မရွိပါဘူး။ ဒါေပမယ့္ အခြန္ ထပ္ကာ ထပ္ကာ ေကာက္တဲ့သေဘာ သက္ေရာက္ေနတဲ့ ကိစၥ၊ ကိုယ့္အခြန္ ကိုယ္ျပန္ခံစားရဖို႔ ကားေရာင္းျပီး အခြန္ရံုးသြား၊ ၾကိဳးနီစနစ္ေတြနဲ႔ သြားရင္ဆုိင္ရမယ့္ ကိစၥ စတာေတြကိုေတာ့ သေဘာမတူႏုိင္ ျဖစ္ေနၾကတာပါ။ လက္ရွိ ျမန္မာႏုိင္ငံထဲမွာ စီးေနၾကတဲ့ အရည္အတြက္ အမ်ားဆံုး အင္ဂ်င္ပါ၀ါ ၁၃၀၀ စီစီ ၀န္းက်င္ ဂ်ပန္ တစ္ပတ္ရစ္ ကားေတြဟာ ဂ်ပန္ႏုိင္ငံမွာ ေဒၚလာ ၃-၄ေထာင္၊ က်ပ္ေငြနဲ႔ဆို သိန္း ၄-၅ဆယ္ ထက္ မပိုပါဘူး။ သေဘၤာတင္ခ၊ အေကာက္ခြန္ ရွင္းလင္းခ၊ ကာစတန္ခြန္၊ ျပည္တြင္းအခြန္ နဲ႔ ေမာ္ေတာ္ယာဥ္ မွတ္ပံုတင္ လုပ္တဲ့အခ အဲဒါေတြ ေပါင္းလိုက္တဲ့အခါ တစ္စီး က်ပ္ သိန္း ၁၅၀- ၂၀၀ အထိ ေရာက္သြားရေတာ့တာမ်ိဳးပါ။ အဲဒီအထဲမွာ အခြန္အခ၊ အထူးသျဖင့္ ကညန က ေကာက္ခံတဲ့ “ေမာ္ေတာ္ယာဥ္ မွတ္ပံုတင္ေၾကး”ဟာ အမ်ားဆံုးပဲ ျဖစ္ပါတယ္။ အဲလို မတန္တဆ ေစ်းၾကီးေပး ၀ယ္ထားၾကရလို႔လဲ ျပည္သူေတြဟာ ေနာက္ထပ္ အခြန္ ထပ္မေဆာင္ခ်င္၊ အခြန္ရံုးနဲ႔ မဆက္ဆံခ်င္ ျဖစ္ေနၾကတာပါ။

တစ္ဖက္မွာ ျပန္ၾကည့္လိုက္ရင္ ျမန္မာႏုိင္ငံဟာ အာစီယံ ႏုိင္ငံေတြထဲမွာေတာင္ အခြန္ ရရွိမွဳ အနည္းဆံုး ႏုိင္ငံ ျဖစ္ေနေသးတာ ေတြ႕ႏိုင္ပါတယ္။ ၂၀၁၇ ကမၻာ့ဘဏ္ စာရင္းေတြအရ အခြန္ရေငြနဲ႔ တုိင္းျပည္ GDP အခ်ိဳးမွာ ျမန္မာက ၆ ရာခုိင္ႏွဳန္းပဲ ရွိျပီး အနည္းဆံုးပါ။ ျမန္မာနဲ႔ ကပ္လ်က္ အင္ဒိုနီးရွားေတာင္ ၁၀ ရာခုိင္ႏွဳန္းနီးပါး ကေမၻာဒီးယား လိုႏုိင္ငံမ်ိဳးေတာင္ ၁၆ ရာခုိင္ႏွဳန္း နီးပါးရွိေနပါတယ္။ ဒီအတြက္ အခြန္၀င္ေငြ တိုးတက္ေအာင္ လုပ္သင့္တာ မွန္ေပမယ့္ ဥပေဒ အတုိင္းသာ သြားရရင္ အခုလို အခြန္လည္း တိုးျပီးမရ၊ ေရွ႕ေနာက္လည္း မညီတဲ့ လုပ္ရပ္မ်ိဳး မလုပ္ပဲ အျခား ေကာက္သင့္ ေကာက္ထုိက္တဲ့ ေနရာေတြကေန အခြန္ပိုရလာေအာင္ ေကာက္ဖို႔ပဲ လိုပါတယ္။ အေရးအၾကီးဆံုးကေတာ့ ႏိုင္ငံေတာ္ရဲ႕ တရားဥပေဒ စိုးမိုးေရး၊ လံုျခံဳေရးနဲ႔ စည္းကမ္းဥပေဒနဲ႔ ညီညြတ္တဲ့ ေမာ္ေတာ္ယာဥ္ေတြ ျဖစ္ေစေရး အတြက္ဆုိရင္ ကားနာမည္ေပါက္ ျဖစ္ေအာင္ လုပ္ရမယ့္ ကိစၥကို အျခား ႏုိင္ငံေတြနည္းတူ အခြန္ျပသနာနဲ႔ ဆက္စပ္ မထားပဲ သီးသန္႔ အေကာင္အထည္ ေဖာ္သင့္ေၾကာင္းပါ။

နာမည်ပေါက်ဖို့လား အခွန်ပြသနာနဲ့ အလုပ်ရှုပ်စေဖို့လား

အခုရက်ပိုင်း လူပြောအများဆုံး သတင်းတစ်ခုကတော့ လာမယ့် ၂၀၂၀ ဇန်နဝါရီလ က စပြီး ကားလိုင်စင် သက်တမ်းတိုးရင် နာမည်ပေါက် ဖြစ်မှ တိုးပေးတော့မယ် ဆိုပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန “ကညန” က ကြေငြာလိုက်တဲ့ ကိစ္စပါပဲ။ နာမည်ပေါက် လုပ်ပါ ဆိုတာ ကိုယ်စီးနေတဲ့ကားကို ကညန မှာ နာမည်သွားပြောင်းလိုက်ရုံနဲ့ ပြီးတဲ့ ကိစ္စ မဟုတ်ပဲ အခွန်ပါ ဆောင်ရမယ့် ပြသနာ ရှိနေလို့ အဖွဲ့အစည်းတစ်ချို့၊ လူပုဂ္ဂိုလ် အတော်များများက ဆန့်ကျင်ကြောင်း၊ ဒီ လုပ်ငန်းစဉ်ကို ပြန်ပြီး စဉ်းစားသုံးသပ်ပေးဖို့ ဝေဖန် ပြောဆိုနေကြပါပြီ။ လက်ရှိ မြန်မာနိုင်ငံမှာ လူစီးကား အစီးရေ ၅ သိန်းခွဲကျော် ရှိနေတာမို့ ဒီ ပြသနာဟာ သိန်းနဲ့ချီတဲ့ လူလတ်တန်းစား မိသားစုတွေနဲ့ ဆက်နွှယ် သက်ဆိုင်နေတဲ့ ကိစ္စလည်း ဖြစ်နေတာမို့ အရေးကြီးတယ်လို့ ပြောမယ် ဆို ပြောလို့ရနိုင်တဲ့ ပြသနာ တစ်ခုပါ။ ကညန ရဲ့ ထုတ်ပြန်ချက်က ဘာလဲ၊ ရည်ရွယ်ချက်က ဘာဖြစ်မလဲ၊ အဲလို အကောင်အထည် ဖော်ရင် ဘာဖြစ်လာနိုင်မလဲ ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ ကညန ရဲ့ ကြေငြာချက်ထဲမှာ မှတ်ပုံတင်ထားတဲ့ ကားတွေရဲ့ ပိုင်ရှင်၊ အမည်၊ နေရပ်လိပ်စာ တိကျမှန်ကန်ရေးဟာ နိုင်ငံတော်ရဲ့ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနဲ့ စည်းကမ်းဥပဒေနဲ့ ညီညွတ်တဲ့ မော်တော်ယာဉ်တွေ ဖြစ်စေရေး၊ ရှေ့ဆက်ဆောင်ရွက်မယ့် Radio Frequency Identification (RFID) စနစ်နဲ့ ချိတ်ဆက်ဖို့ အများကြီး အရေးပါတဲ့ အကြောင်း၊ ကားတစ်စီးအတွက် အရင်က ပြည်တွင်းအခွန်က ကောက်တဲ့ အခွန်နှုန်းဟာ ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိဖြစ်တဲ့အကြောင်း၊ အခုနောက်ဆုံး ပြဌာန်းလိုက်တဲ့ ဥပဒေအရ ဆိုရင်တော့ အခွန်ပေးနိုင်တဲ့ အနေအထား ရောက်လာပြီး အခွန်သက်သာခွင့် ကန့်သတ်ကာလ အတွင်း ကားပိုင်ရှင်တိုင်း နာမည်၊ လိပ်စာ မှန်မှန်ကန်ကန် ပြောင်းလဲ မှတ်တမ်းတင်ဖို့ အခွင့်အလမ်းကောင်း ဆိုပြီး ဖော်ပြထားပါတယ်။ ဆက်ပြီး ဖော်ပြထားတာက ကညန အနေနဲ့ လာမယ့် ၂၀၂၀ ဇန်နဝါရီ က စပြီး ကားမှတ်ပုံတင်တဲ့ လုပ်ငန်းတွေ လုပ်တဲ့အခါ ပိုင်ရှင် ကိုယ်တိုင် လာရင်လာ၊ ဒါမှမဟုတ် ပိုင်ရှင်ရဲ့ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စု ဇယားမူရင်း ယူလာပြီး အဲဒါတွေနဲ့ တိုက်ဆိုင် စိစစ် ဆောင်ရွက်သွားမယ်၊ အဲလို တင်ပြနိုင်ခြင်း မရှိရင် ကားပိုင်ရှင် နာမည်ပြောင်းဖို့ ပြည်တွင်း အခွန်မှာ ဝင်ငွေခွန် ဆောင်စေမယ်လို့ ဖော်ပြထားပါတယ်။
ဒီနေရာမှာ လက်ရှိ မြန်မာနိုင်ငံက ကားပိုင်ရှင်တွေရဲ့ အနေအထားကို ဖော်ပြဖို့ လိုပါတယ်။ နိုင်ငံခြားကနေ ကားတင်သွင်းတဲ့အခါ ၊ ဒါမှမဟုတ် ပြည်တွင်းမှာပဲ ကုမ္ပဏီတွေကနေ ရောင်းတဲ့ ကားသစ်တွေကို ဝယ်တဲ့အခါ ဝင်ငွေခွန် ပြပြီး၊ ဒါမှမဟုတ် ဝင်ငွေခွန် ဆောင်ပြီးမှ ဝယ်လို့ရပါတယ်။အဲဒီ ပထမဦးဆုံး အခွန်ဆောင်ထားပြီးသူတွေကနေ နောက်ထပ် အဆင့်ဆင့် ရောင်းဝယ်ကြရာမှာတော့ တကယ့် အများစုကြီးက အခွန် သွားမဆောင် နာမည် မပြောင်းကြတော့ပါဘူး။ အကြောင်းကတော့ ရိုးရှင်းပါတယ်။ အခွန်က များလွန်းလို့ ဖြစ်ပါတယ်။ နောက်တစ်ချက် ကားရောင်းလိုက်သူဟာ သူရောင်းလိုက်ကြောင်း အထောက်အထားတွေနဲ့ တကွ အခွန်ရုံးကို ပြန်သွားပြီး သူ့အခွန် သူပြန်ရအောင် လုပ်လို့ရတဲ့ ပြဌာန်းချက် ရှိပေမယ့် ကြိုးနီစနစ်များပြီး ရှုပ်ထွေးတာကြောင့် ဘယ်သူမှ သွားမလုပ်ကြပဲ ကားကို ဒီအတိုင်း အဆင့်ဆင့် လက်လွဲှ ရောင်းလိုက်ကြတာတွေကြောင့်လဲ ပါပါတယ်။
လက်ရှိ ဂျပန် တစ်ပတ်ရစ် အင်ဂျင်ပါဝါ 1300 CC ပတ်ဝန်းကျင် ကားဟောင်းတွေဟာ ကျပ် သိန်း ၁၅၀ ကနေ ၂၀၀ ကျော်ဝန်းကျင်အကြား တန်ကြေး ရှိနေပါတယ်။ အဲဒီ ကားတွေကို နာမည်ပေါက်လုပ်ဖို့ အခွန်ဆောင်မယ် ဆိုရင် အခွန်ဥပဒေဟောင်းအရ ကားဟောင်းတစ်စီး အတွက် ကျပ် ၂၂ သိန်းကနေ ကျပ်ငွေ သိန်း ၃၀ အထိ အခွန်ဆောင်ရမှာ ဖြစ်နေလို့ပါပဲ။ ဒီထက် မော်ဒယ်မြင့် တန်ဘိုးမြင့် ကားတွေ ဆိုရင်တော့ အဲဒီထက် အခွန်ပမာဏ များနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခွန်မဆောင်ပဲ တစ်လက်ကနေ တစ်လက်ပြောင်း၊ ရောင်း၊ဝယ် စီး၊ လိုင်စင် သက်တမ်းတိုးရင် မူရင်း အခွန်ဆောင်ထားသူရဲ့ မှတ်ပုံတင် မိတ္တူ ယူသွားပြီး သွားတိုးလိုက်ရုံပါပဲ။
အခု ကညန ပြောတာကတော့ ၂၀၁၉ ပြည်ထောင်စု အခွန်အကောက် ဥပဒေသစ်အရ အခွန်နှုန်းထားဟာ ကျပ် သိန်းတစ်ထောင်အောက် ဆိုရင် အခွန်၃ ရာခိုင်နှုန်းလောက်ပဲ ဆောင်ရတော့မှာမို့ အဲလို အခွန်နှုန်း သက်သာတုန်း အခွန်ဆောင်ပြီး ကိုယ့်နာမည် ကိုယ်ပြောင်းထားကြဖို့ ပြောဆိုလိုက်တဲ့ သဘောပါပဲ။
ဒီနေရာမှာ ကညန ရဲ့ တကယ့် ရည်မှန်းချက် အစစ်က ဘာဖြစ်မလဲ ဆိုတာ အရေးကြီးလာပါတယ်။ နိုင်ငံတော် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေး အတွက်လား၊ ဒါမှမဟုတ် အခွန်ပိုရလာရေးလား ဆိုတာ အသေအခြာတော့ ပြောမထားပါဘူး။ အခွန် ပိုရလာရေးဆိုရင်တော့ မေးစရာ မေးခွန်းတွေ ရှိလာပါတယ်။ အခွန်ဥပဒေမှာ ကားတစ်စီးကို အခွန်ဆောင်ပြီး ဝယ်ထားရင် ပြန်ရောင်းတဲ့အခါ အခွန်ရုံးပြန်သွားပြီး ကိုယ့်အခွန်ခံစားခွင့် ကိုယ် ပြန်ယူလို့ ရနေတာမို့ အခွန် တိုးတက် ရလာဖို့ ဆိုတာကလည်း တကယ်ဥပဒေ အတိုင်းဆိုရင် မဖြစ်နိုင်ပါဘူး။ နောက်တစ်ချက်
ကညန ရဲ့ အဆိုအရ အခု ၂၀၁၉ ပြည်ထောင်စု အခွန်ဥပဒေ အရ အခွန် သက်သာခွင့် ပြုထားတယ်၊ ဒါကြောင့် အခွန်ဆောင်ပြီး နာမည် ပြောင်းထားကြပါ လို့ ဆိုရင် နောက်တစ်နှစ် အခွန်နှုန်းထားတွေ ပုံမှန်အတိုင်း ၁၅ ကနေ ၃၀ ရာခိုင်နှုန်းကြား ပြန်မြင့်သွားရင် ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတဲ့ မေးခွန်းပါပဲ။ အဲဒီ အချိန်ကျရင် အခွန်နှုန်း ပြန်မြင့်သွားမှာမို့၊ မတန်တဆ နှုန်း ပြန်ဖြစ်သွားမှာ ဖြစ်ပြီး ဘယ်သူမှ အခွန်မဆောင်၊ နာမည် မပြောင်းတော့ပဲ ရောင်းတာ ဝယ်တာလုပ်၊ လက်ရှိ အခြေအနေဟောင်း အတိုင်း ပြန်ရောက်သွားနိုင်လို့ပါပဲ။ အဲလို အခြေအနေဟောင်း ပြန်ရောက်သွားမယ် ဆိုရင် အခု ကညန က ကြေငြာတဲ့ ရည်ရွယ်ချက် အထမြောက်တော့မှာ မဟုတ်ပါဘူး။
ဒီနေရာမှာ ကိုယ်ဝယ်ထားတဲ့ ကားတစ်စီး ကိုယ့်နာမည်ပေါက်အောင် လုပ်ထားဖို့ လိုတယ် ဆိုတဲ့ကိစ္စ အငြင်းပွားသူ ဘယ်သူမှ မရှိပါဘူး။ ဒါပေမယ့် အခွန် ထပ်ကာ ထပ်ကာ ကောက်တဲ့သဘော သက်ရောက်နေတဲ့ ကိစ္စ၊ ကိုယ့်အခွန် ကိုယ်ပြန်ခံစားရဖို့ ကားရောင်းပြီး အခွန်ရုံးသွား၊ ကြိုးနီစနစ်တွေနဲ့ သွားရင်ဆိုင်ရမယ့် ကိစ္စ စတာတွေကိုတော့ သဘောမတူနိုင် ဖြစ်နေကြတာပါ။ လက်ရှိ မြန်မာနိုင်ငံထဲမှာ စီးနေကြတဲ့ အရည်အတွက် အများဆုံး အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ဝန်းကျင် ဂျပန် တစ်ပတ်ရစ် ကားတွေဟာ ဂျပန်နိုင်ငံမှာ ဒေါ်လာ ၃-၄ထောင်၊ ကျပ်ငွေနဲ့ဆို သိန်း ၄-၅ဆယ် ထက် မပိုပါဘူး။ သင်္ဘောတင်ခ၊ အကောက်ခွန် ရှင်းလင်းခ၊ ကာစတန်ခွန်၊ ပြည်တွင်းအခွန် နဲ့ မော်တော်ယာဉ် မှတ်ပုံတင် လုပ်တဲ့အခ အဲဒါတွေ ပေါင်းလိုက်တဲ့အခါ တစ်စီး ကျပ် သိန်း ၁၅၀- ၂၀၀ အထိ ရောက်သွားရတော့တာမျိုးပါ။ အဲဒီအထဲမှာ အခွန်အခ၊ အထူးသဖြင့် ကညန က ကောက်ခံတဲ့ “မော်တော်ယာဉ် မှတ်ပုံတင်ကြေး”ဟာ အများဆုံးပဲ ဖြစ်ပါတယ်။ အဲလို မတန်တဆ ဈေးကြီးပေး ဝယ်ထားကြရလို့လဲ ပြည်သူတွေဟာ နောက်ထပ် အခွန် ထပ်မဆောင်ချင်၊ အခွန်ရုံးနဲ့ မဆက်ဆံချင် ဖြစ်နေကြတာပါ။
တစ်ဖက်မှာ ပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံဟာ အာစီယံ နိုင်ငံတွေထဲမှာတောင် အခွန် ရရှိမှု အနည်းဆုံး နိုင်ငံ ဖြစ်နေသေးတာ တွေ့နိုင်ပါတယ်။ ၂၀၁၇ ကမ္ဘာ့ဘဏ် စာရင်းတွေအရ အခွန်ရငွေနဲ့ တိုင်းပြည် GDP အချိုးမှာ မြန်မာက ၆ ရာခိုင်နှုန်းပဲ ရှိပြီး အနည်းဆုံးပါ။ မြန်မာနဲ့ ကပ်လျက် အင်ဒိုနီးရှားတောင် ၁၀ ရာခိုင်နှုန်းနီးပါး ကမ္ဘောဒီးယား လိုနိုင်ငံမျိုးတောင် ၁၆ ရာခိုင်နှုန်း နီးပါးရှိနေပါတယ်။ ဒီအတွက် အခွန်ဝင်ငွေ တိုးတက်အောင် လုပ်သင့်တာ မှန်ပေမယ့် ဥပဒေ အတိုင်းသာ သွားရရင် အခုလို အခွန်လည်း တိုးပြီးမရ၊ ရှေ့နောက်လည်း မညီတဲ့ လုပ်ရပ်မျိုး မလုပ်ပဲ အခြား ကောက်သင့် ကောက်ထိုက်တဲ့ နေရာတွေကနေ အခွန်ပိုရလာအောင် ကောက်ဖို့ပဲ လိုပါတယ်။ အရေးအကြီးဆုံးကတော့ နိုင်ငံတော်ရဲ့ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနဲ့ စည်းကမ်းဥပဒေနဲ့ ညီညွတ်တဲ့ မော်တော်ယာဉ်တွေ ဖြစ်စေရေး အတွက်ဆိုရင် ကားနာမည်ပေါက် ဖြစ်အောင် လုပ်ရမယ့် ကိစ္စကို အခြား နိုင်ငံတွေနည်းတူ အခွန်ပြသနာနဲ့ ဆက်စပ် မထားပဲ သီးသန့် အကောင်အထည် ဖော်သင့်ကြောင်းပါ။

XS
SM
MD
LG