သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ဧည့္သည္ေတြကို ၾကိဳဆိုသင့္သလား


ေရႊတိဂံုဘုရားေပၚေရာက္ တရုတ္ခရီးသြားဧည္သည္မ်ား (ဓါတ္ပံု- ဖိုးခြား၊ the Global New Light of Myanmar)

ျပီးခဲ့တဲ့ ေအာက္တုိဘာ ၁ ရက္ေန႔က စျပီး ျမန္မာ့ ဟိုတယ္နဲ႔ ခရီးသြားလာေရး ၀န္ၾကီးဌာနဟာ ျပည္ပ ၆ ႏုိင္ငံကို ဆိုက္ေရာက္ ဗီဇာ စနစ္နဲ႔ ၀င္ခြင့္ျပဳလုိက္ပါတယ္။ ဂ်ာမဏီ၊ ရုရွား၊ စပိန္၊ အီတလီ၊ ဆြစ္ဇာလန္နဲ႔ ၾသစေၾတးလ်က ခရီးသည္ေတြ တိုးတက္ ၀င္ေရာက္လာဖို႔ ရည္ရြယ္ျပီး ခုလို ဗီဇာကိစၥ ေျဖေလ်ာ့ေပးလိုက္တာပါ။ ျပီးခဲ့တဲ့ႏွစ္ကလည္း ဂ်ပန္နဲ႔ ေတာင္ကိုရီးယားကို ဗီဇာကင္းလြတ္ခြင့္ျပဳခဲ့ျပီး တရုတ္၊ ေဟာင္ေကာင္နဲ႔ မကာအိုက ခရီးသည္ေတြကို ဆိုက္ေရာက္ဗီဇာ ခြင့္ျပဳခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း ခရီးသည္ ၀င္ေရာက္မွဳ တုိးတက္လာတာကိုလည္း ေတြ႕ျမင္ၾကရပါတယ္။ အထူးသျဖင့္ တရုတ္ခရီးသြား ၀င္ေရာက္မွဳ သိသိသာသာ တုိးတက္လာတာပါ။ ဒါေပမယ့္ အျခားတစ္ဖက္မွာေတာ့ တရုတ္ခရီးသြားေတြဟာ ဇီးရိုးဘတ္ဂ်က္ ခရီးသြားေတြ ျဖစ္တယ္၊ သူတုိ႔လာလို႔ ျမန္မာႏုိင္ငံက ၀င္ေငြ သိပ္မရဘူး၊ သူတို႔ သံုးသမွ်ေငြ တရုတ္ႏုိင္ငံဘက္ကိုပဲ ျပန္စီးဆင္းသြားတယ္ အစရွိသျဖင့္ ေ၀ဖန္ေျပာဆိုမွဳေတြလည္း ရွိလာပါတယ္။ ဗီဇာေျဖေလ်ာ့မွဳေၾကာင့္ ၀င္ေရာက္လာတဲ့ တရုတ္ခရီးသည္ေတြဆီကေန ေငြေတြ မ၀င္ဘူး ဆိုတာ အမွန္ပဲလား၊ အဲဒါေၾကာင့္ တရုတ္ခရီးသည္ေတြကို ၾကိဳဆိုသင့္ရဲ႕လား ဆုိတာ ခုတစ္ပတ္ ေလ့လာတင္ျပသြားပါ့မယ္။

ဟိုတယ္ခရီး ၀န္ၾကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံထဲ ဗီဇာနဲ႔ ၀င္လာတဲ့ ႏုိင္ငံျခားသား အရည္အတြက္ကိုၾကည့္ရင္ ၂၀၁၈ ၊ ဇန္န၀ါရီလ ကေန ၾသဂုတ္လကုန္ထိ (၈) လစာမွာ ၈ သိန္း ၆ ေသာင္းေက်ာ္ရွိျပီး ၂၀၁၉ အလားတူ ကာလမွာေတာ့ ၁၂ သိန္းေက်ာ္ ရွိလာပါတယ္။ အရည္အတြက္ ၃ သိန္းေက်ာ္၊ ရာခုိင္ႏွဳန္းအားျဖင့္ ၄၀ ရာခုိင္ႏွဳန္းနီးပါး တုိးတက္လာတယ္လို႔ ဆုိရမွာပါ။ အဲဒီထဲမွာမွ တရုတ္ခရီးသည္ ၀င္ေရာက္မွဳက ၂၀၁၈ ခုႏွစ္ (၈)လစာ တစ္သိန္း ၇ ေသာင္းေက်ာ္ ရွိရာကေန ၄ သိန္းခြဲေက်ာ္ အထိ တဟုန္ထိုး တက္လာတာေၾကာင့္ ၂ ဆခြဲေက်ာ္၀န္းက်င္၊ ရာခိုင္ႏွဳန္းအားျဖင့္ ၁၆၁ ရာခိုင္ႏွဳန္းေလာက္ တုိးတက္လာတာ ျမင္ေတြ႕ရပါတယ္။ ေျပာရရင္ ျမန္မာအစိုးရရဲ႕ ဗီဇာ ေျဖေလ်ာ့ေပးမွဳဟာ ထိေရာက္မွဳရွိျပီး တရုတ္ခရီးသည္ ၀င္ေရာက္မွဳ ရုတ္တရက္ ျမင့္တက္လာတာ ေတြ႕ၾကရလို႔ပါ။

ခရီးသြား ၀င္ေရာက္မွဳ မ်ားလာသလုိ တရုတ္- ျမန္မာ ေလေၾကာင္းလိုင္း ေျပးဆြဲမွဳကလည္း မ်ားလာပါတယ္။ ခုဆိုရင္ တရုတ္ေလေၾကာင္းလိုင္း ၁၁ လိုင္းဟာ တရုတ္ႏုိင္ငံ ျမိဳ႕ေပါင္း ၁၆ ျမိဳ႕နဲ႔ ရန္ကုန္- မႏၱေလးကို ေျပးဆြဲေနပါတယ္။ ရန္ကုန္နဲ႔ ခ်ိတ္ဆက္ ေျပးဆြဲတဲ့ အျပည္ျပည္ဆုိင္ရာ ေလေၾကာင္းလိုင္း ၃၅ လိုင္းနဲ႔ တြက္ရင္ တရုတ္ေလေၾကာင္းလိုင္းအရည္အတြက္ဟာ ၃ ပံုတစ္ပံု အခ်ိဳးအစားကိုေတာင္ ေရာက္လာပါတယ္။ ဒါေပမယ့္လည္း အိမ္နီးခ်င္း ထိုင္း၊ ဗီယက္နမ္၊ ကေမၻာဒီးယား ႏုိင္ငံေတြနဲ႔ ႏွိဳင္းယွဥ္ရင္ ျမန္မာႏုိင္ငံထဲ တရုတ္ခရီးသည္ ၀င္ေရာက္မွဳ အမ်ားၾကီး နည္းေနပါေသးတယ္။ ထိုင္းႏုိင္ငံ ေလဆိပ္ေတြနဲ႔ ႏိုင္ငံတစ္၀ွမ္းက ခရီးသည္ေတြကို လမ္းညႊန္ေျပာဆိုမွဳ၊ လမ္းညႊန္ ဆုိင္းဘုတ္ အမွတ္အသားေတြမွာ ကမၻာသံုး အဂၤလိပ္ ဘာသာစကား အျပင္ တရုတ္ဘာသာစကားကိုလည္း ထည့္သြင္းေျပာဆို ညႊန္ျပေနရတဲ့ အေျခအေန ေရာက္ေနပါျပီ။

ကမၻာလွည့္ ခရီးသည္ ၀င္ေရာက္မွဳကေန သက္ဆုိင္ရာ တုိင္းျပည္က ၀င္ေငြ ဘယ္ေလာက္ ရမရ ဆိုတာဟာ သူတို႔ ဘယ္ေလေၾကာင္းလိုင္းကို အသံုးျပဳျပီး လာၾက၊ ျပန္ၾကသလဲ၊ ျပည္တြင္းေရာက္တဲ့အခါ ဘယ္ေနရာမွာ တည္းခိုသလဲ၊ သြားလာ လည္ပတ္ဖို႔ ဘယ္ ယာဥ္ေတြ အသံုးျပဳသလဲ၊ ဘယ္ဆိုင္ေတြမွာ စားေသာက္ၾကသလဲ၊ ျပန္တဲ့အခါ ဘာေတြ ၀ယ္ျပီး ျပန္ၾကသလဲ ဆိုတာ ၾကည့္ဖို႔ လိုပါတယ္။

ဒီေနရာမွာ အိမ္နီးခ်င္း ထုိင္းႏုိင္ငံရဲ႕ Tour လုပ္ငန္းကေန ၀င္ေငြရွာပံုကို နမူနာ ျပခ်င္ပါတယ္။ ဥပမာအားျဖင့္ ေနာ္ေ၀ ဆိုတာ ထိုင္းႏိုင္ငံနဲ႔ အလြန္႔ကို ကြာေ၀းတဲ့ ေနရာမွာ ရွိတာပါ။ ထိုင္း Tour လုပ္ငန္း ကုမၸဏီေတြဟာ ေနာ္ေ၀ႏိုင္ငံ ေအာ္စလို အထိသြားျပီး သူတုိ႔ဆီ လာလည္ဖို႔ ဖိတ္ေခၚတဲ့ ေၾကာ္ျငာပြဲေတြ လုပ္ပါတယ္။ ထိုင္းေလေၾကာင္းလိုင္း TG ဟာလည္း ဘန္ေကာက္ကေန ေအာ္စလို အထိ တိုက္ရိုက္ ေျပးဆြဲပါတယ္။

အားလံုးသိတဲ့အတိုင္း ထိုင္းႏိုင္ငံထဲမွာ Tourist ေတြအတြက္ ဟိုတယ္၊ စားေသာက္ဆုိင္၊ ကုန္တုိက္၊ အပန္းေျဖစရာ ၀န္ေဆာင္မွဳ လုပ္ငန္း အမ်ိဳးမ်ိဳး စတာေတြကို ထူေထာင္ ထားရွိျပီးသားပါ။ ဒီအေျခအေနေတြကို ၾကည့္ရင္ ေနာ္ေ၀ကေန ထိုင္းႏုိင္ငံကို သြားျပီး လည္ပတ္မယ့္ သူေတြအတြက္ ေအာ္စလို ေလဆိပ္ကေန TG ထုိင္းေလယာဥ္ေပၚ တက္ျပီ ဆုိတာနဲ႔ ထိုင္းႏိုင္ငံဘက္က ၀င္ေငြ စ ရျပီလို႔ ဆုိႏိုင္ပါတယ္။ ဘန္္ေကာက္ေရာက္ျပီး ႏိုင္ငံတြင္း လည္ပတ္တဲ့ဆီမွာ တည္းခို၊ စားေသာက္၊ ၀န္ေဆာင္မွဳ အမ်ိဳးမ်ိဳးကေန ၀င္ေငြ အမ်ိဳးမ်ိဳး ရပါေသးတယ္။ ေနာက္ အျပန္ခရီး ေလဆိပ္က King Power ကုမၸဏီက စီမံခန္႔ခြဲတဲ့ Duty Free ဆိုင္မွာ ၀ယ္တာေတြအတြက္ ၀င္ေငြရသလို၊ ေလယာဥ္ေပၚက မဆင္းခင္ ေလယာဥ္ေပၚမွာ ေနာက္ဆံုး လက္ေဆာင္ပစၥည္း ၀ယ္ယူသည္အထိ ၀င္ေငြရေအာင္ စီမံခန္႔ခြဲထားတာ ေတြ႕ႏုိင္ပါတယ္။

အဲဒီ နမူနာကိုၾကည့္ရင္ ျမန္မာႏုိင္ငံအေနနဲ႔ ေလေၾကာင္းလိုင္း ေျပးဆြဲႏိုင္မွဳ အားနည္းတာေၾကာင့္ အဲဒီကေန ၀င္ေငြ မရႏိုင္ပါဘူး။ လက္ရွိ တရုတ္ ခရီးသည္ေတြရဲ႕ ရာခုိင္ႏွဳန္း ၉၀ ေလာက္ဟာ တရုတ္ေလေၾကာင္းလိုင္းေတြနဲ႔လာ၊ ျပန္ၾကလို႔ ျမန္မာဘက္က ၀င္ေငြ မရႏိုင္ပါဘူး။ ဒါေပမယ့္ ျပည္တြင္းမွာ တည္းခို၊ ေနထိုင္၊ စားေသာက္၊ လည္ပတ္ တဲ့ဆီကေနေတာ့ ၀င္ေငြေတြ ရႏိုင္ပါတယ္။ ေ၀ဖန္သူေတြကေတာ့ တရုတ္ Tour ေတြဟာ တရုတ္ဧည့္လမ္းညႊန္သံုး၊ တရုတ္ပိုင္ ဟိုတယ္ေတြမွာတည္း၊ တရုတ္စားေသာက္ဆုိင္ေတြမွာ စားေသာက္၊ ေငြေခ်ေတာ့လည္း QR Code အသံုးျပဳျပီး ဖုန္းနဲ႔ ေငြေပးေခ်တဲ့အတြက္ အဲဒီ ေငြေတြ တရုတ္ဘဏ္ေတြထဲေရာက္၊ အဲဒါေၾကာင့္ ျမန္မာႏုိင္ငံက ၀င္ေငြ မရဘူးလို႔ ဆုိၾကတာပါ။ တကယ္ေတာ့ ျမန္မာႏုိင္ငံမွာ သံုးသမွ် ျမန္မာႏုိင္ငံအတြက္ ၀င္ေငြလို႔ သတ္မွတ္ႏုိင္ပါတယ္။ အဲဒီလို မဟုတ္ပဲ ျမန္မာႏိုင္ငံက ဟိုတယ္ေတြ၊ စားေသာက္ဆုိင္ေတြ၊ ခရီးသြားလုပ္ငန္းေတြ၊ ၀န္ေဆာင္မွဳ လုပ္ငန္းေတြကို ေနာက္ကြယ္ကေန တရုတ္ႏုိင္ငံသားေတြက တရားမ၀င္ ပိုင္ဆိုင္ လုပ္ကိုင္ေနၾကတယ္ ဆုိရင္ေတာ့ အဲဒါဟာ ခရီးသြားလုပ္ငန္း က႑ ျပသနာ မဟုတ္ေတာ့ပဲ ျမန္မာႏုိင္ငံရဲ႕ တရားဥပေဒ စိုးမိုးေရးနဲ႔ စီမံခန္႔ခြဲမွဳဆုိင္ရာ ျပသနာလို႔ သတ္မွတ္ရေတာ့မွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံထဲမွာ တရုတ္ဘဏ္ေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့ QR Code စနစ္သံုး ေငြေပးေခ်မွဳ ကို ခြင့္ျပဳမထားတာေၾကာင့္ အဲဒီ စနစ္ အသံုးျပဳခဲ့ရင္လည္း ဥပေဒနဲ႔ မညီလို႔ စိစစ္အေရးယူတာမ်ိဳး လုပ္ဖို႔ လိုပါလိမ့္မယ္။

ဒါေတြကို ဆန္းစစ္ၾကည့္လိုက္ရင္ တရုတ္ဧည့္သည္ေတြ ၀င္လာလို႔ ျမန္မာႏုိင္ငံဘက္က ၀င္ေငြ ရသင့္သေလာက္ မရဘူး ဆိုတဲ့ ျပသနာဟာ အဲဒီ တရုတ္ Tour ေတြေၾကာင့္မဟုတ္ပဲ ျမန္မာႏုိင္ငံဘက္က တရားဥပေဒ စိုးမိုးမွဳ မရွိတာ အပါအ၀င္ စီမံ အုပ္ခ်ဳပ္မွဳဆိုင္ရာ အေထြေထြ အားနည္းခ်က္ေတြေၾကာင့္ပဲလို႔ ေကာက္ခ်က္ခ်ႏုိင္ပါတယ္။ ဒီအတြက္ တရုတ္ဧည့္သည္ေတြ အပါအ၀င္ Tourism လုပ္ငန္းကေန ၀င္ေငြေတြ ရသင့္သေလာက္ ရဖို႔၊ အလုပ္အကိုင္ အခြင့္အလမ္းေတြ ရဖို႔ ဆိုရင္ ျမန္မာႏုိင္ငံသားပိုင္ ေလေၾကာင္းလိုင္းေတြ တိုးခ်ဲ႕တာ၊ ဟိုတယ္ နဲ႔ ခရီးသြားလုပ္ငန္းကို အဆင့္ျမွင့္တင္တာ၊ လည္ပတ္စရာ ေနရာ အသစ္ေတြ၊ ၀န္ေဆာင္မွဳ အသစ္ေတြ ရွာေဖြ ဖန္တီးတာ၊ ခရီးသည္ေတြ ျပန္ရင္ ၀ယ္သြားႏုိင္မယ့္ ပစၥည္းအေရာင္းဆုိင္ အမ်ိဳးမ်ိဳးကို ဖြင့္လွစ္တာ စတဲ့ကိစၥေတြ ၾကိဳးစား အေကာင္အထည္ ေဖာ္ၾကရမွာ ျဖစ္သလို တရားဥပေဒ စိုးမိုးမွဳ အားေကာင္းေအာင္လည္း လုပ္ၾကရမွာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ခရီးသြား က႑ကေန ၀င္ေငြ တိုးတက္ ရလာဖို႔အတြက္ ဆိုရင္ေတာ့ အိမ္နီးခ်င္း ႏုိင္ငံေတြနည္းတူ တရုတ္ဧည့္သည္ေတြ မ်ားမ်ား ၀င္လာမယ့္ ကိစၥကိုေတာ့ ၾကိဳဆိုသင့္ၾကေၾကာင္းပါ။

(Unicode version)

တရုတ်ဧည့်သည်တွေကို ကြိုဆိုသင့်သလား

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က စပြီး မြန်မာ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနဟာ ပြည်ပ ၆ နိုင်ငံကို ဆိုက်ရောက် ဗီဇာ စနစ်နဲ့ ဝင်ခွင့်ပြုလိုက်ပါတယ်။ ဂျာမဏီ၊ ရုရှား၊ စပိန်၊ အီတလီ၊ ဆွစ်ဇာလန်နဲ့ သြစတြေးလျက ခရီးသည်တွေ တိုးတက် ဝင်ရောက်လာဖို့ ရည်ရွယ်ပြီး ခုလို ဗီဇာကိစ္စ ဖြေလျော့ပေးလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ဂျပန်နဲ့ တောင်ကိုရီးယားကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုက ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ခရီးသည် ဝင်ရောက်မှု တိုးတက်လာတာကိုလည်း တွေ့မြင်ကြရပါတယ်။ အထူးသဖြင့် တရုတ်ခရီးသွား ဝင်ရောက်မှု သိသိသာသာ တိုးတက်လာတာပါ။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ တရုတ်ခရီးသွားတွေဟာ ဇီးရိုးဘတ်ဂျက် ခရီးသွားတွေ ဖြစ်တယ်၊ သူတို့လာလို့ မြန်မာနိုင်ငံက ဝင်ငွေ သိပ်မရဘူး၊ သူတို့ သုံးသမျှငွေ တရုတ်နိုင်ငံဘက်ကိုပဲ ပြန်စီးဆင်းသွားတယ် အစရှိသဖြင့် ဝေဖန်ပြောဆိုမှုတွေလည်း ရှိလာပါတယ်။ ဗီဇာဖြေလျော့မှုကြောင့် ဝင်ရောက်လာတဲ့ တရုတ်ခရီးသည်တွေဆီကနေ ငွေတွေ မဝင်ဘူး ဆိုတာ အမှန်ပဲလား၊ အဲဒါကြောင့် တရုတ်ခရီးသည်တွေကို ကြိုဆိုသင့်ရဲ့လား ဆိုတာ ခုတစ်ပတ် လေ့လာတင်ပြသွားပါ့မယ်။
ဟိုတယ်ခရီး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံထဲ ဗီဇာနဲ့ ဝင်လာတဲ့ နိုင်ငံခြားသား အရည်အတွက်ကိုကြည့်ရင် ၂၀၁၈ ၊ ဇန်နဝါရီလ ကနေ သြဂုတ်လကုန်ထိ (၈) လစာမှာ ၈ သိန်း ၆ သောင်းကျော်ရှိပြီး ၂၀၁၉ အလားတူ ကာလမှာတော့ ၁၂ သိန်းကျော် ရှိလာပါတယ်။ အရည်အတွက် ၃ သိန်းကျော်၊ ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာတယ်လို့ ဆိုရမှာပါ။ အဲဒီထဲမှာမှ တရုတ်ခရီးသည် ဝင်ရောက်မှုက ၂၀၁၈ ခုနှစ် (၈)လစာ တစ်သိန်း ၇ သောင်းကျော် ရှိရာကနေ ၄ သိန်းခွဲကျော် အထိ တဟုန်ထိုး တက်လာတာကြောင့် ၂ ဆခွဲကျော်ဝန်းကျင်၊ ရာခိုင်နှုန်းအားဖြင့် ၁၆၁ ရာခိုင်နှုန်းလောက် တိုးတက်လာတာ မြင်တွေ့ရပါတယ်။ ပြောရရင် မြန်မာအစိုးရရဲ့ ဗီဇာ ဖြေလျော့ပေးမှုဟာ ထိရောက်မှုရှိပြီး တရုတ်ခရီးသည် ဝင်ရောက်မှု ရုတ်တရက် မြင့်တက်လာတာ တွေ့ကြရလို့ပါ။
ခရီးသွား ဝင်ရောက်မှု များလာသလို တရုတ်- မြန်မာ လေကြောင်းလိုင်း ပြေးဆွဲမှုကလည်း များလာပါတယ်။ ခုဆိုရင် တရုတ်လေကြောင်းလိုင်း ၁၁ လိုင်းဟာ တရုတ်နိုင်ငံ မြို့ပေါင်း ၁၆ မြို့နဲ့ ရန်ကုန်- မန္တလေးကို ပြေးဆွဲနေပါတယ်။ ရန်ကုန်နဲ့ ချိတ်ဆက် ပြေးဆွဲတဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၅ လိုင်းနဲ့ တွက်ရင် တရုတ်လေကြောင်းလိုင်းအရည်အတွက်ဟာ ၃ ပုံတစ်ပုံ အချိုးအစားကိုတောင် ရောက်လာပါတယ်။ ဒါပေမယ့်လည်း အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံထဲ တရုတ်ခရီးသည် ဝင်ရောက်မှု အများကြီး နည်းနေပါသေးတယ်။ ထိုင်းနိုင်ငံ လေဆိပ်တွေနဲ့ နိုင်ငံတစ်ဝှမ်းက ခရီးသည်တွေကို လမ်းညွှန်ပြောဆိုမှု၊ လမ်းညွှန် ဆိုင်းဘုတ် အမှတ်အသားတွေမှာ ကမ္ဘာသုံး အင်္ဂလိပ် ဘာသာစကား အပြင် တရုတ်ဘာသာစကားကိုလည်း ထည့်သွင်းပြောဆို ညွှန်ပြနေရတဲ့ အခြေအနေ ရောက်နေပါပြီ။
ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုကနေ သက်ဆိုင်ရာ တိုင်းပြည်က ဝင်ငွေ ဘယ်လောက် ရမရ ဆိုတာဟာ သူတို့ ဘယ်လေကြောင်းလိုင်းကို အသုံးပြုပြီး လာကြ၊ ပြန်ကြသလဲ၊ ပြည်တွင်းရောက်တဲ့အခါ ဘယ်နေရာမှာ တည်းခိုသလဲ၊ သွားလာ လည်ပတ်ဖို့ ဘယ် ယာဉ်တွေ အသုံးပြုသလဲ၊ ဘယ်ဆိုင်တွေမှာ စားသောက်ကြသလဲ၊ ပြန်တဲ့အခါ ဘာတွေ ဝယ်ပြီး ပြန်ကြသလဲ ဆိုတာ ကြည့်ဖို့ လိုပါတယ်။
ဒီနေရာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ Tour လုပ်ငန်းကနေ ဝင်ငွေရှာပုံကို နမူနာ ပြချင်ပါတယ်။ ဥပမာအားဖြင့် နော်ေ၀ ဆိုတာ ထိုင်းနိုင်ငံနဲ့ အလွန့်ကို ကွာဝေးတဲ့ နေရာမှာ ရှိတာပါ။ ထိုင်း Tour လုပ်ငန်း ကုမ္ပဏီတွေဟာ နော်ဝေနိုင်ငံ အော်စလို အထိသွားပြီး သူတို့ဆီ လာလည်ဖို့ ဖိတ်ခေါ်တဲ့ ကြော်ငြာပွဲတွေ လုပ်ပါတယ်။ ထိုင်းလေကြောင်းလိုင်း TG ဟာလည်း ဘန်ကောက်ကနေ အော်စလို အထိ တိုက်ရိုက် ပြေးဆွဲပါတယ်။
အားလုံးသိတဲ့အတိုင်း ထိုင်းနိုင်ငံထဲမှာ Tourist တွေအတွက် ဟိုတယ်၊ စားသောက်ဆိုင်၊ ကုန်တိုက်၊ အပန်းဖြေစရာ ဝန်ဆောင်မှု လုပ်ငန်း အမျိုးမျိုး စတာတွေကို ထူထောင် ထားရှိပြီးသားပါ။ ဒီအခြေအနေတွေကို ကြည့်ရင် နော်ဝေကနေ ထိုင်းနိုင်ငံကို သွားပြီး လည်ပတ်မယ့် သူတွေအတွက် အော်စလို လေဆိပ်ကနေ TG ထိုင်းလေယာဉ်ပေါ် တက်ပြီ ဆိုတာနဲ့ ထိုင်းနိုင်ငံဘက်က ဝင်ငွေ စ ရပြီလို့ ဆိုနိုင်ပါတယ်။ ဘန်ကောက်ရောက်ပြီး နိုင်ငံတွင်း လည်ပတ်တဲ့ဆီမှာ တည်းခို၊ စားသောက်၊ ဝန်ဆောင်မှု အမျိုးမျိုးကနေ ဝင်ငွေ အမျိုးမျိုး ရပါသေးတယ်။ နောက် အပြန်ခရီး လေဆိပ်က King Power ကုမ္ပဏီက စီမံခန့်ခွဲတဲ့ Duty Free ဆိုင်မှာ ဝယ်တာတွေအတွက် ဝင်ငွေရသလို၊ လေယာဉ်ပေါ်က မဆင်းခင် လေယာဉ်ပေါ်မှာ နောက်ဆုံး လက်ဆောင်ပစ္စည်း ဝယ်ယူသည်အထိ ဝင်ငွေရအောင် စီမံခန့်ခွဲထားတာ တွေ့နိုင်ပါတယ်။
အဲဒီ နမူနာကိုကြည့်ရင် မြန်မာနိုင်ငံအနေနဲ့ လေကြောင်းလိုင်း ပြေးဆွဲနိုင်မှု အားနည်းတာကြောင့် အဲဒီကနေ ဝင်ငွေ မရနိုင်ပါဘူး။ လက်ရှိ တရုတ် ခရီးသည်တွေရဲ့ ရာခိုင်နှုန်း ၉၀ လောက်ဟာ တရုတ်လေကြောင်းလိုင်းတွေနဲ့လာ၊ ပြန်ကြလို့ မြန်မာဘက်က ဝင်ငွေ မရနိုင်ပါဘူး။ ဒါပေမယ့် ပြည်တွင်းမှာ တည်းခို၊ နေထိုင်၊ စားသောက်၊ လည်ပတ် တဲ့ဆီကနေတော့ ဝင်ငွေတွေ ရနိုင်ပါတယ်။ ဝေဖန်သူတွေကတော့ တရုတ် Tour တွေဟာ တရုတ်ဧည့်လမ်းညွှန်သုံး၊ တရုတ်ပိုင် ဟိုတယ်တွေမှာတည်း၊ တရုတ်စားသောက်ဆိုင်တွေမှာ စားသောက်၊ ငွေချေတော့လည်း QR Code အသုံးပြုပြီး ဖုန်းနဲ့ ငွေပေးချေတဲ့အတွက် အဲဒီ ငွေတွေ တရုတ်ဘဏ်တွေထဲရောက်၊ အဲဒါကြောင့် မြန်မာနိုင်ငံက ဝင်ငွေ မရဘူးလို့ ဆိုကြတာပါ။ တကယ်တော့ မြန်မာနိုင်ငံမှာ သုံးသမျှ မြန်မာနိုင်ငံအတွက် ဝင်ငွေလို့ သတ်မှတ်နိုင်ပါတယ်။ အဲဒီလို မဟုတ်ပဲ မြန်မာနိုင်ငံက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေကို နောက်ကွယ်ကနေ တရုတ်နိုင်ငံသားတွေက တရားမဝင် ပိုင်ဆိုင် လုပ်ကိုင်နေကြတယ် ဆိုရင်တော့ အဲဒါဟာ ခရီးသွားလုပ်ငန်း ကဏ္ဍ ပြသနာ မဟုတ်တော့ပဲ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြသနာလို့ သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ တရုတ်ဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ QR Code စနစ်သုံး ငွေပေးချေမှု ကို ခွင့်ပြုမထားတာကြောင့် အဲဒီ စနစ် အသုံးပြုခဲ့ရင်လည်း ဥပဒေနဲ့ မညီလို့ စိစစ်အရေးယူတာမျိုး လုပ်ဖို့ လိုပါလိမ့်မယ်။
ဒါတွေကို ဆန်းစစ်ကြည့်လိုက်ရင် တရုတ်ဧည့်သည်တွေ ဝင်လာလို့ မြန်မာနိုင်ငံဘက်က ဝင်ငွေ ရသင့်သလောက် မရဘူး ဆိုတဲ့ ပြသနာဟာ အဲဒီ တရုတ် Tour တွေကြောင့်မဟုတ်ပဲ မြန်မာနိုင်ငံဘက်က တရားဥပဒေ စိုးမိုးမှု မရှိတာ အပါအဝင် စီမံ အုပ်ချုပ်မှုဆိုင်ရာ အထွေထွေ အားနည်းချက်တွေကြောင့်ပဲလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီအတွက် တရုတ်ဧည့်သည်တွေ အပါအဝင် Tourism လုပ်ငန်းကနေ ဝင်ငွေတွေ ရသင့်သလောက် ရဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ ဆိုရင် မြန်မာနိုင်ငံသားပိုင် လေကြောင်းလိုင်းတွေ တိုးချဲ့တာ၊ ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်းကို အဆင့်မြှင့်တင်တာ၊ လည်ပတ်စရာ နေရာ အသစ်တွေ၊ ဝန်ဆောင်မှု အသစ်တွေ ရှာဖွေ ဖန်တီးတာ၊ ခရီးသည်တွေ ပြန်ရင် ဝယ်သွားနိုင်မယ့် ပစ္စည်းအရောင်းဆိုင် အမျိုးမျိုးကို ဖွင့်လှစ်တာ စတဲ့ကိစ္စတွေ ကြိုးစား အကောင်အထည် ဖော်ကြရမှာ ဖြစ်သလို တရားဥပဒေ စိုးမိုးမှု အားကောင်းအောင်လည်း လုပ်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွား ကဏ္ဍကနေ ဝင်ငွေ တိုးတက် ရလာဖို့အတွက် ဆိုရင်တော့ အိမ်နီးချင်း နိုင်ငံတွေနည်းတူ တရုတ်ဧည့်သည်တွေ များများ ဝင်လာမယ့် ကိစ္စကိုတော့ ကြိုဆိုသင့်ကြကြောင်းပါ။
စည်သူအောင်မြင့်။

တရုတ္ဧည့္သည္ေတြကို ၾကိဳဆိုသင့္သလား
please wait

No media source currently available

0:00 0:06:38 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG