သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဦးစည္သူေအာင္ျမင့္နဲ႔ မထက္ထက္ခိုင္တို႔ကို ဒုတိယအႀကိမ္႐ုံးထုတ္


Sithu Aung Myint / Htet Htet Khine ဦးစည္သူေအာင္ျမင့္ မထက္ထက္ခိုင္

{Zawgyi/Unicode}

ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့ သတင္းသမားႏွစ္ဦးျဖစ္တဲ့ ဦးစည္သူေအာင္ျမင့္နဲ႔ မထက္ထက္ခိုင္တို႔ကိုလည္း ဒီကေန႔ ဒုတိယအႀကိမ္ ႐ုံးထုတ္ေပမယ့္ စစ္ေဆးၾကားနာႏိုင္ျခင္းမရွိေသးပါဘူး။ ဖမ္းဆီးထိမ္းသိမ္းခံရတဲ့သတင္းေတြရဲ႕ ေနာက္ဆုံးအေျခအေန ရန္ကုန္က သတင္းေပးပို႔ထားတာကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီက ဧည့္စာရင္းဝင္စစ္ရာကေန ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊဂုံ-ရိပ္မြန္အိမ္ယာ တိုက္ခန္းတခုမွာ ၾသ ဂုတ္လ ၁၅ ရက္ေန႔ က ဖမ္းဆီးခံလိုက္ရတဲ့ ဗြီအိုေအျမန္မာပိုင္းရဲ႕ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္နဲ႔ BBC Media Action ရဲ႕ “ခံစားၾကည့္” အစီအစဥ္ တင္ဆက္သူ မထက္ထက္ခိုင္တို႔ကို ဒီကေန႔မွာ ဒုတိယအႀကိမ္ ႐ုံးထုတ္ပါတယ္။ ဒါေပမယ့္ တရား႐ုံးစစ္ေဆး ၾကားနာႏိုင္မႈမလုပ္ႏိုင္ဘဲ ေနာက္႐ုံးခ်ိန္းရက္ ခ်ိန္းဆိုခဲ့တယ္လို႔ အက်ိဳးေဆာင္ေရွ႕ေန ဦးခင္ေမာင္ျမင့္ကဗြီအိုေအကို ေျပာျပပါတယ္။

“ဒီကေန႔ မစစ္ျဖစ္ပါဘူး။ ဟိုဘက္က တရား႐ုံးထုံးစံအတိုင္းပဲ။ စီမံခန႔္ခြဲမႈ အစည္းအေဝးလုပ္ၿပီးမွ လာမယ့္ ၂၆ ရက္ကို ျပန္ ခ်ိန္းတယ္။ ဆရာစည္သူေအာင္ျမင့္ေကာ မထက္ထက္ခိုင္ေကာေတြ႔တယ္။ ထုံးစံအရ အဲဒီအစည္းေဝးၿပီးမွပဲ ဘယ္ေန႔မွာ တရားလိုစစ္မယ္၊ ဘယ္ေန႔မွာ တရားလိုျပသက္ေသကိုစစ္မယ္ဆိုတာက အဲဒီအစည္းေဝးၿပီးမွေပၚတာကို။ အဲဒီေတာ့ ၂၆ ရက္မွ စစ္ျဖစ္မယ္။ မနက္ျဖန္ေတာ့ မဂၤလာေတာင္ၫႊန႔္မွာ စြဲထားတဲ့ ၁၇/၁ အမႈ ႐ုံးခ်ိန္းရွိတယ္။ အဲဒါလည္း ဒီတိုင္းပဲ။ ကိုဗစ္ စီမံခန႔္ခြဲမႈ အစည္းအေဝးသြားဦးမွာပဲ။ ဦးစည္သူေအာင္ျမင့္ေကာ မထက္ထက္ခိုင္ေကာ က်န္းမာ ေရးေကာင္းပါတယ္။ က်န္းက်န္းမာမာပါပဲ။

ဦးစည္သူေအာင္ျမင့္နဲ႔ မထက္ထက္ခိုင္တို႔ကို ေနာက္လာမယ့္ ၂၆ ရက္ေန႔မွာ အမႈစစ္ဖို႔ ႐ုံးခ်ိန္းေပးထားပါတယ္။ ဒီကေန႔မွာ မထက္ထက္ခိုင္ရဲ႕ ပုဒ္မ ၅၀၅-က အမႈအတြက္ ႐ုံးထုတ္တာျဖစ္ပါတယ္။ မနက္ျဖန္မွာ ပုဒ္မ ၁၇/၁ နဲ႔ စြဲဆိုထားတဲ့ အမႈအတြက္ ထပ္မံ႐ုံးထုတ္စစ္ေဆးဖို႔ ႐ုံးခ်ိန္းေပးထားပါေသးတယ္။ ဒါေပမယ့္ စစ္ေဆးႏိုင္ဖို႔မရွိဘဲ ႐ုံးခ်ိန္းသာ ထပ္ေပးဖြယ္ရွိတယ္လို႔ ဦးခင္ေမာင္ျမင့္ကေျပာပါတယ္။

ကိုဗစ္ထိန္းခ်ဳပ္ကန႔္သတ္မႈအေနနဲ႔ ေထာင္တြင္းအမႈစစ္တာ၊ ဧည့္ေတြတာ စတာေတြကို ကန႔္သတ္ထားတာေတြရွိေနၿပီး ခုခ်ိန္ထိ ဒါကိုေျဖေလ်ာ့တာမရွိေသးတဲ့အတြက္ ေထာင္တြင္းအမႈ စစ္တာ၊ ႐ုံးထုတ္တာေတြ ၾကန႔္ၾကာေနရတာျဖစ္တယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။

ကိုဗစ္တတိယလႈိင္းျပင္းထန္ေနတဲ့ ဇူလိုင္လလယ္ကေန စၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာ လကုန္ထိေထာင္တြင္း အမႈစစ္ေဆးတာ၊ ေထာင္ကေန ၿမိဳ႕နယ္ တရား႐ုံးေတြကို ႐ုံးထုတ္တာနဲ႔ ေထာင္ဝင္စာေတြ႕တာေတြကို ကန႔္သတ္ခဲ့တာပါ။ မၾကာေသးခင္ က ျပန္လည္ခြင့္ျပဳခဲ့ေပမယ့္ ကန႔္သတ္ခ်က္တခ်ိဳ႕ကို မေျဖေလွ်ာ့ေသးသလို တရား႐ုံးတင္စစ္ေဆးမႈအပိုင္းမွာလည္း ျပန္လည္ လည္ပတ္ႏိုင္တာမရွိဘဲ အကန႔္အသတ္နဲ႔သာ စစ္ေဆးၾကားနာေနရပါတယ္။ ႐ုံးခ်ိန္းေပးထားေပမယ့္ အမႈၾကားနာ မစစ္ေဆးႏိုင္တာ၊ ႐ုံးခ်ိန္းရက္မွာ ေတြ႕ရတဲ့ မိသားစုေတြနဲ႔ပါ ေတြ႕ခြင့္မရတာရွိၿပီး ဒါဟာ ထိမ္းသိမ္းခံရသူအခြင့္အေရးေတြပါ ဆုံးရႈံးေနရတယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။

အက်ိဳးေဆာင္ ေရွ႕ေန ဦးခင္ေမာင္ျမင့္ကေတာ့ ဒီလိုၾကန႔္ၾကာမႈက အျပစ္မရွိဘဲ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့စြပ္စြဲခံရသူေတြ အတြက္ နစ္နာမႈေတြရွိေစတယ္လို႔ သုံးသပ္ပါတယ္။

“တေန႔မွာ အမႈက ၅ မႈ ၆ မႈပဲ စစ္ခြင့္ေပးတယ္။ အမႈေတြက စစ္တယ္ဆိုေပမယ့္လည္း တကယ္စစ္ရမယ့္ အတိုင္းအတာကာလမွာ ဘယ္လိုမွမၿပီးေတာ့ဘူး။ ဒီေန႔ဆို ကိုယ္စစ္ရမယ့္ ၿမိဳ႕နယ္မပါဘူးဆိုတာမ်ိဳး၊ စစ္ရမယ့္ၿမိဳ႕နယ္ အထူးတရား႐ုံးဖြင့္ လည္း ကိုယ့္အမႈသည္ မပါဘူး။ တရား႐ုံးေတြဖြင့္ အလုပ္လုပ္တယ္ဆိုေပမယ့္ အျပည့္အဝလည္ပတ္ႏိုင္တဲ့ အေနအထားမ ဟုတ္ပါဘူး။ တရား႐ုံးခ်ိန္းက ပုံမွန္က ၇ ရက္ကေန ၁၄ ရက္ေပးၾကတာ။ ၾကားထဲ ဘာမွမစစ္ျဖစ္ဘဲ ေပးလိုက္ေတာ့ ဘာ အျပစ္မွမရွိသူအတြက္ ၇ ရက္၊ ၁၄ ရက္ေထာင္ထပ္က်တာနဲ႔ တူတူပဲေလ။ ေနာက္႐ုံး ခ်ိန္းရွိတယ္။ ႐ုံးထုတ္လည္း ရွိတယ္။ အဲဒီေန႔ သက္ေသမလာလို႔၊ ဟိုဟာ ဒီဟာေၾကာင့္... အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ မစစ္ျဖစ္ဘူးဆိုတာက်ေတာ့ အဲလို မစစ္ျဖစ္တာသည္ ဘာအေၾကာင္းမွမရွိ ထိန္းသိမ္းခံရတဲ့ အခ်ဳပ္သားအတြက္ သပ္သပ္ သူ႔မွာ ၁၄ ရက္သို႔မဟုတ္ ၇ ရက္ ေထာင္ထပ္ က်တာေလ။ နစ္နာတာေပါ့။”

ဦးစည္သူေအာင္ျမင့္ကို တပ္မေတာ္အၾကည္အညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅-က နဲ႔ ပုဇြန္ေတာင္ၿမိဳ႕နယ္နဲ႔ ဗဟန္းၿမိဳ႕နယ္မွာ အမႈဖြင့္ထားတာေၾကာင့္ အမႈ ၂ မႈနဲ႔ ရင္ဆိုင္ေနရတာပါ။ မထက္ထက္ခိုင္ကိုလည္း ပုဒ္မ ၂ ခုတပ္ၿပီး စြဲထားတာမွာ ဗဟန္းမွာ တပ္မေတာ္အၾကည္အညိဳပ်က္ေစမႈ ၅၀၅-က နဲ႔ တမႈ၊ မဂၤလာေတာင္ၫႊန႔္မွာေတာ့ မတရားအသင္းဆက္သြယ္မႈ ပုဒ္မ ၁၇/၁ တမႈတို႔နဲ႔ တရားစြဲခံထားရပါတယ္။

ဦးစည္သူေအာင္ျမင့္ကိုေတာ့ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း VOA သတင္းဌာနနဲ႔ Frontier Myanmar သတင္းဌာနေတြကတဆင့္ တပ္မေတာ္နဲ႔ အိမ္ေစာင့္အစိုးရအေပၚ မတရား ေဝဖန္ဆန႔္က်င္တိုက္ခိုက္တဲ့ သတင္းေဆာင္းပါးေတြ ေရးသားေပးပို႔ခဲ့တဲ့အတြက္ဆိုၿပီး ဖမ္းဆီး ထိန္းသိမ္းလိုက္တာျဖစ္ေၾကာင္းတပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။

မထက္ထက္ခိုင္ကိုေတာ့ ပုဒ္မ ၅၀၅-က နဲ႔ အမႈဖြင့္ထားခံရသူ ဦးစည္သူေအာင္ျမင့္ကိုလက္ခံထားမႈအျပင္ စစ္ေကာင္စီဘက္က မတရားအသင္းလို႔ ထုတ္ျပန္ထားတဲ့ အဖြဲ႕တခုရဲ႕ ေရဒီယိုအစီအစဥ္မွာ ပါဝင္တယ္ဆိုၿပီး စြပ္စြဲကာ မတရားအသင္းဆက္သြယ္မႈ ပုဒ္မ ၁၇/၁နဲ႔ ဖမ္းဆီးအေရးယူတာျဖစ္တယ္လို႔ေျပာဆိုထားပါတယ္။

ဗြီအိုေအ ျမန္မာပိုင္းဌာနမႉး ဦးသန္းလြင္ထြန္းကေတာ့ ဗြီအိုေအအတြက္ ဦးစည္သူေအာင္ျမင့္ ေရးသားေပးပို႔တဲ့ သတင္းေဆာင္းပါးေတြဟာ အခ်က္အလက္အေျခခံ ေရးသားထားတာေတြပဲျဖစ္ၿပီး ဗြီအိုေအကို သတင္းေဆာင္းပါး ေရးသားေပးပို႔လို႔ ဆိုတဲ့စြပ္စြဲခ်က္နဲ႔ ဖမ္းတယ္ဆိုရင္ေတာ့ သတင္းသမားတေယာက္ကို မတရားဖမ္းဆီးတာပဲျဖစ္တဲ့အေၾကာင္း၊ မွန္မွန္ကန္ ကန္ ေထာက္ျပေရးသားေနတဲ့ သတင္းသမားေတြကေနတဆင့္ စစ္ေကာင္စီအေနနဲ႔ ျပည္သူေတြၾကားကအသံကို သိေအာင္ နားေထာင္ဖို႔-ဆိုတာ လိုအပ္လိမ့္မယ္လို႔ အာဏာပိုင္ေတြကိုေျပာခဲ့ၿပီး ဦးစည္သူေအာင္ျမင့္ကို အျမန္ဆုံးလႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

ေနာက္ၿပီး စက္တင္ဘာလ ၁ ရက္ေန႔က ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး စစ္ေၾကာေရးမွာတလနီးပါးသတင္းမၾကားရဘဲ ဖမ္းဆီးခံထားရတဲ့ အလြတ္တမ္း သတင္းေထာက္ မသူဇာကို ဒဂုံၿမိဳ႕သစ္ (အေရွ႕ ပိုင္း) ၿမိဳ႕နယ္ ရဲစခန္းကေန တပ္မေတာ္ ကို အၾကည္ညိဳပ်က္ေအာင္ လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅-က နဲ႔ အမႈဖြင့္ကာ ဒီကေန႔မွာပဲ အင္းစိန္ေထာင္ကို လႊဲေျပာင္းထိန္းသိမ္းထားလိုက္တယ္လို႔ အက်ိဳး ေဆာင္ ေရွ႕ေန ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

“မသူဇာကက်ေတာ့ ဒီကေန႔တရားစြဲလိုက္တယ္။ ဒဂုံအေရွ႕ပိုင္း ၿမိဳ႕နယ္တရား႐ုံးကေန ၅၀၅-ကနဲ႔ စြဲတယ္။ ဒီေန႔ အင္းစိန္ အက်ဥ္းေထာင္ကိုပို႔လိုက္ ပါၿပီ။”

တလနီးပါး စစ္ေၾကာေရးမွာဖမ္းဆီးခံထားရၿပီး မၾကာေသးခင္ကမွ သူမကို ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း) ၿမိဳ႕နယ္ရဲစခန္းကို လႊဲေျပာင္းေပးခဲ့တာပါ။ မသူဇာဟာ NLD လက္ထက္ ျမန္မာႏိုင္ငံသတင္း မီဒီယာေကာင္စီ အဖြဲ႕ဝင္တဦးျဖစ္ခဲ့ၿပီး လြတ္လပ္တဲ့အာရွအသံ (RFA) အပါအဝင္ ျပည္တြင္းရွိ အြန္လိုင္း၊ ဂ်ာနယ္နဲ႔သတင္းစာတိုက္ ေတာ္ေတာ္မ်ားမ်ားမွာ အလုပ္လုပ္ခဲ့တဲ့ ဝါရင့္ သတင္းေထာက္တေယာက္ျဖစ္ပါတယ္။ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အာဏာသိမ္းၿပီးေနာက္ Friday Times နဲ႔ Myanmar Pressphoto Agency (MPA) တို႔မွာ အလြတ္တန္းသတင္းေထာက္အျဖစ္ ေမလအထိ လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းကတည္းက ျပည္တြင္း မီဒီယာ (၈) ခုကို တရားဝင္ ထုတ္ေဝခြင့္ ပိတ္သိမ္းခဲ့သလို သတင္းသမားေတြကို ဖမ္းဆီးတာ၊ တရားစြဲတာေတြ ျပဳလုပ္ေနတာပါ။ သတင္းသမား အေယာက္ ၅၀ ထက္မနည္း ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အခုလို ေနာက္ထပ္ သတင္းသမားတခ်ိဳ႕ပါ ထပ္မံ အေရးယူခံေနရဆဲရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


------------

{Unicode}

ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ကို ဒုတိယအကြိမ်ရုံးထုတ်

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သတင်းသမားနှစ်ဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ကိုလည်း ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်ပေမယ့် စစ်ဆေးကြားနာနိုင်ခြင်းမရှိသေးပါဘူး။ ဖမ်းဆီးထိမ်းသိမ်းခံရတဲ့သတင်းတွေရဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ရာကနေ ဗဟန်းမြို့နယ်၊ ရွှေဂုံ-ရိပ်မွန်အိမ်ယာ တိုက်ခန်းတခုမှာ သြ ဂုတ်လ ၁၅ ရက်နေ့ က ဖမ်းဆီးခံလိုက်ရတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ကို ဒီကနေ့မှာ ဒုတိယအကြိမ် ရုံးထုတ်ပါတယ်။ ဒါပေမယ့် တရားရုံးစစ်ဆေး ကြားနာနိုင်မှုမလုပ်နိုင်ဘဲ နောက်ရုံးချိန်းရက် ချိန်းဆိုခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်ကဗွီအိုအေကို ပြောပြပါတယ်။

“ဒီကနေ့ မစစ်ဖြစ်ပါဘူး။ ဟိုဘက်က တရားရုံးထုံးစံအတိုင်းပဲ။ စီမံခန့်ခွဲမှု အစည်းအဝေးလုပ်ပြီးမှ လာမယ့် ၂၆ ရက်ကို ပြန် ချိန်းတယ်။ ဆရာစည်သူအောင်မြင့်ကော မထက်ထက်ခိုင်ကောတွေ့တယ်။ ထုံးစံအရ အဲဒီအစည်းဝေးပြီးမှပဲ ဘယ်နေ့မှာ တရားလိုစစ်မယ်၊ ဘယ်နေ့မှာ တရားလိုပြသက်သေကိုစစ်မယ်ဆိုတာက အဲဒီအစည်းဝေးပြီးမှပေါ်တာကို။ အဲဒီတော့ ၂၆ ရက်မှ စစ်ဖြစ်မယ်။ မနက်ဖြန်တော့ မင်္ဂလာတောင်ညွှန့်မှာ စွဲထားတဲ့ ၁၇/၁ အမှု ရုံးချိန်းရှိတယ်။ အဲဒါလည်း ဒီတိုင်းပဲ။ ကိုဗစ် စီမံခန့်ခွဲမှု အစည်းအဝေးသွားဦးမှာပဲ။ ဦးစည်သူအောင်မြင့်ကော မထက်ထက်ခိုင်ကော ကျန်းမာ ရေးကောင်းပါတယ်။ ကျန်းကျန်းမာမာပါပဲ။

ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ကို နောက်လာမယ့် ၂၆ ရက်နေ့မှာ အမှုစစ်ဖို့ ရုံးချိန်းပေးထားပါတယ်။ ဒီကနေ့မှာ မထက်ထက်ခိုင်ရဲ့ ပုဒ်မ ၅၀၅-က အမှုအတွက် ရုံးထုတ်တာဖြစ်ပါတယ်။ မနက်ဖြန်မှာ ပုဒ်မ ၁၇/၁ နဲ့ စွဲဆိုထားတဲ့ အမှုအတွက် ထပ်မံရုံးထုတ်စစ်ဆေးဖို့ ရုံးချိန်းပေးထားပါသေးတယ်။ ဒါပေမယ့် စစ်ဆေးနိုင်ဖို့မရှိဘဲ ရုံးချိန်းသာ ထပ်ပေးဖွယ်ရှိတယ်လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။

ကိုဗစ်ထိန်းချုပ်ကန့်သတ်မှုအနေနဲ့ ထောင်တွင်းအမှုစစ်တာ၊ ဧည့်တွေတာ စတာတွေကို ကန့်သတ်ထားတာတွေရှိနေပြီး ခုချိန်ထိ ဒါကိုဖြေလျော့တာမရှိသေးတဲ့အတွက် ထောင်တွင်းအမှု စစ်တာ၊ ရုံးထုတ်တာတွေ ကြန့်ကြာနေရတာဖြစ်တယ်လို့ ရှေ့နေတွေကပြောပါတယ်။

ကိုဗစ်တတိယလှိုင်းပြင်းထန်နေတဲ့ ဇူလိုင်လလယ်ကနေ စပြီး ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ထိထောင်တွင်း အမှုစစ်ဆေးတာ၊ ထောင်ကနေ မြို့နယ် တရားရုံးတွေကို ရုံးထုတ်တာနဲ့ ထောင်ဝင်စာတွေ့တာတွေကို ကန့်သတ်ခဲ့တာပါ။ မကြာသေးခင် က ပြန်လည်ခွင့်ပြုခဲ့ပေမယ့် ကန့်သတ်ချက်တချို့ကို မဖြေလျှော့သေးသလို တရားရုံးတင်စစ်ဆေးမှုအပိုင်းမှာလည်း ပြန်လည် လည်ပတ်နိုင်တာမရှိဘဲ အကန့်အသတ်နဲ့သာ စစ်ဆေးကြားနာနေရပါတယ်။ ရုံးချိန်းပေးထားပေမယ့် အမှုကြားနာ မစစ်ဆေးနိုင်တာ၊ ရုံးချိန်းရက်မှာ တွေ့ရတဲ့ မိသားစုတွေနဲ့ပါ တွေ့ခွင့်မရတာရှိပြီး ဒါဟာ ထိမ်းသိမ်းခံရသူအခွင့်အရေးတွေပါ ဆုံးရှုံးနေရတယ်လို့ ရှေ့နေတွေကပြောပါတယ်။

အကျိုးဆောင် ရှေ့နေ ဦးခင်မောင်မြင့်ကတော့ ဒီလိုကြန့်ကြာမှုက အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့စွပ်စွဲခံရသူတွေ အတွက် နစ်နာမှုတွေရှိစေတယ်လို့ သုံးသပ်ပါတယ်။

“တနေ့မှာ အမှုက ၅ မှု ၆ မှုပဲ စစ်ခွင့်ပေးတယ်။ အမှုတွေက စစ်တယ်ဆိုပေမယ့်လည်း တကယ်စစ်ရမယ့် အတိုင်းအတာကာလမှာ ဘယ်လိုမှမပြီးတော့ဘူး။ ဒီနေ့ဆို ကိုယ်စစ်ရမယ့် မြို့နယ်မပါဘူးဆိုတာမျိုး၊ စစ်ရမယ့်မြို့နယ် အထူးတရားရုံးဖွင့် လည်း ကိုယ့်အမှုသည် မပါဘူး။ တရားရုံးတွေဖွင့် အလုပ်လုပ်တယ်ဆိုပေမယ့် အပြည့်အဝလည်ပတ်နိုင်တဲ့ အနေအထားမ ဟုတ်ပါဘူး။ တရားရုံးချိန်းက ပုံမှန်က ၇ ရက်ကနေ ၁၄ ရက်ပေးကြတာ။ ကြားထဲ ဘာမှမစစ်ဖြစ်ဘဲ ပေးလိုက်တော့ ဘာ အပြစ်မှမရှိသူအတွက် ၇ ရက်၊ ၁၄ ရက်ထောင်ထပ်ကျတာနဲ့ တူတူပဲလေ။ နောက်ရုံး ချိန်းရှိတယ်။ ရုံးထုတ်လည်း ရှိတယ်။ အဲဒီနေ့ သက်သေမလာလို့၊ ဟိုဟာ ဒီဟာကြောင့်... အကြောင်းအမျိုးမျိုးနဲ့ မစစ်ဖြစ်ဘူးဆိုတာကျတော့ အဲလို မစစ်ဖြစ်တာသည် ဘာအကြောင်းမှမရှိ ထိန်းသိမ်းခံရတဲ့ အချုပ်သားအတွက် သပ်သပ် သူ့မှာ ၁၄ ရက်သို့မဟုတ် ၇ ရက် ထောင်ထပ် ကျတာလေ။ နစ်နာတာပေါ့။”

ဦးစည်သူအောင်မြင့်ကို တပ်မတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ ပုဇွန်တောင်မြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ အမှုဖွင့်ထားတာကြောင့် အမှု ၂ မှုနဲ့ ရင်ဆိုင်နေရတာပါ။ မထက်ထက်ခိုင်ကိုလည်း ပုဒ်မ ၂ ခုတပ်ပြီး စွဲထားတာမှာ ဗဟန်းမှာ တပ်မတော်အကြည်အညိုပျက်စေမှု ၅၀၅-က နဲ့ တမှု၊ မင်္ဂလာတောင်ညွှန့်မှာတော့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ တမှုတို့နဲ့ တရားစွဲခံထားရပါတယ်။

ဦးစည်သူအောင်မြင့်ကိုတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေကတဆင့် တပ်မတော်နဲ့ အိမ်စောင့်အစိုးရအပေါ် မတရား ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့ခဲ့တဲ့အတွက်ဆိုပြီး ဖမ်းဆီး ထိန်းသိမ်းလိုက်တာဖြစ်ကြောင်းတပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မထက်ထက်ခိုင်ကိုတော့ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားခံရသူ ဦးစည်သူအောင်မြင့်ကိုလက်ခံထားမှုအပြင် စစ်ကောင်စီဘက်က မတရားအသင်းလို့ ထုတ်ပြန်ထားတဲ့ အဖွဲ့တခုရဲ့ ရေဒီယိုအစီအစဉ်မှာ ပါဝင်တယ်ဆိုပြီး စွပ်စွဲကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁နဲ့ ဖမ်းဆီးအရေးယူတာဖြစ်တယ်လို့ပြောဆိုထားပါတယ်။

ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကတော့ ဗွီအိုအေအတွက် ဦးစည်သူအောင်မြင့် ရေးသားပေးပို့တဲ့ သတင်းဆောင်းပါးတွေဟာ အချက်အလက်အခြေခံ ရေးသားထားတာတွေပဲဖြစ်ပြီး ဗွီအိုအေကို သတင်းဆောင်းပါး ရေးသားပေးပို့လို့ ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းတယ်ဆိုရင်တော့ သတင်းသမားတယောက်ကို မတရားဖမ်းဆီးတာပဲဖြစ်တဲ့အကြောင်း၊ မှန်မှန်ကန် ကန် ထောက်ပြရေးသားနေတဲ့ သတင်းသမားတွေကနေတဆင့် စစ်ကောင်စီအနေနဲ့ ပြည်သူတွေကြားကအသံကို သိအောင် နားထောင်ဖို့-ဆိုတာ လိုအပ်လိမ့်မယ်လို့ အာဏာပိုင်တွေကိုပြောခဲ့ပြီး ဦးစည်သူအောင်မြင့်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

နောက်ပြီး စက်တင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စစ်ကြောရေးမှာတလနီးပါးသတင်းမကြားရဘဲ ဖမ်းဆီးခံထားရတဲ့ အလွတ်တမ်း သတင်းထောက် မသူဇာကို ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့နယ် ရဲစခန်းကနေ တပ်မတော် ကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ကာ ဒီကနေ့မှာပဲ အင်းစိန်ထောင်ကို လွှဲပြောင်းထိန်းသိမ်းထားလိုက်တယ်လို့ အကျိုး ဆောင် ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

“မသူဇာကကျတော့ ဒီကနေ့တရားစွဲလိုက်တယ်။ ဒဂုံအရှေ့ပိုင်း မြို့နယ်တရားရုံးကနေ ၅၀၅-ကနဲ့ စွဲတယ်။ ဒီနေ့ အင်းစိန် အကျဉ်းထောင်ကိုပို့လိုက် ပါပြီ။”

တလနီးပါး စစ်ကြောရေးမှာဖမ်းဆီးခံထားရပြီး မကြာသေးခင်ကမှ သူမကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တာပါ။ မသူဇာဟာ NLD လက်ထက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပြီး လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် ပြည်တွင်းရှိ အွန်လိုင်း၊ ဂျာနယ်နဲ့သတင်းစာတိုက် တော်တော်များများမှာ အလုပ်လုပ်ခဲ့တဲ့ ဝါရင့် သတင်းထောက်တယောက်ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီ အာဏာသိမ်းပြီးနောက် Friday Times နဲ့ Myanmar Pressphoto Agency (MPA) တို့မှာ အလွတ်တန်းသတင်းထောက်အဖြစ် မေလအထိ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်း မီဒီယာ (၈) ခုကို တရားဝင် ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲတာတွေ ပြုလုပ်နေတာပါ။ သတင်းသမား အယောက် ၅၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အခုလို နောက်ထပ် သတင်းသမားတချို့ပါ ထပ်မံ အရေးယူခံနေရဆဲရှိနေပါတယ်။

#SithuAungMyint #MyanmarMedia #PressFreedom #VOABurmese

XS
SM
MD
LG