သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံသတင္းသမားအမ်ားအျပား ျပန္လြတ္ေျမာက္ဖြယ္ရွိ 


ဗီြအိုေအ ပင္တုိင္ေဆာင္းပါးရွင္ စည္သူေအာင္ျမင့္

{{Zawgyi/Unicode}}

စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ဖမ္းဆီးခံခဲ့ရတဲ့ သတင္းသမားအမ်ားအျပားဟာ စစ္ေကာင္စီရဲ႕ ျပစ္ဒဏ္လြတ္ၿငိမ္ခ်မ္းသာခြင့္အမိန္႔နဲ႔ ျပန္လည္လြတ္လာဖြယ္ရွိေနပါတယ္။

VOA နဲ႔ Frontier Myanmar က ပင္တိုင္ေဆာင္းပါးရွင္တဦးျဖစ္ခဲ့သူ ဦးစည္သူေအာင္ျမင့္ဟာ လြတ္မယ့္စာရင္းထဲပါဝင္ၿပီး မနက္ျဖန္ေလာက္မွ လြတ္ေျမာက္ဖြယ္ရွိတယ္လို႔ ေရွေနျဖစ္သူက ေျပာပါတယ္။ ဒါ့အျပင္ မဇိၥ်မ သတင္းဌာနက ေဒၚသင္းသင္းေအာင္၊ နဲ႔ DVB ဒီမိုကရက္တစ္ျမန္မာ့အသံက သတင္းေထာက္ေတြ၊ ကခ်င္ျပည္နယ္အေျခစိုက္သတင္းမီဒီယာေတြက သတင္းေထာက္ေတြလည္း လြတ္ေျမာက္တဲ့စာရင္းထဲ ပါ၀င္တယ္လို႔ VOA က စံုစမ္းသိရွိရပါတယ္။

ဖမ္းဝရမ္းေၾကာင့္ ေရွာင္တိမ္းေနၾကရတဲ့ အႏုပညာရွင္ ၂၄ ဦးကိုလည္း စစ္ေကာင္စီက အမႈပိတ္သိမ္းလိုက္ ပါတယ္။ အခု လြႊတ္ေပးလိုက္တဲ့အထဲ ေဖေဖၚဝါရီလေနာက္ပိုင္း ဖမ္းဆီးခံထားရသူ ၁,၃၀၀ ေက်ာ္ ပါဝင္တယ္လို႔သိရေပမယ့္ ထင္ရွားတဲ့ႏိုင္ငံေရးသမားေတြ ပါဝင္ျခင္းရွိမရွိ အေသအခ်ာမသိရေသးပါဘူး။

လူသားခ်င္းစာနာေထာက္ထားမႈကို အေလးထားတဲ့အေနနဲ႔အခုလို လြတ္ၿငိမ္းခြင့္ေပးတာလို႔ ေၾကညာခ်က္ထုတ္သလို လာမယ့္ သီတင္းကြ်တ္အခါသမယမွာ စိတ္ေအးခ်မ္းသာစြာ ကုသိုလ္ေကာင္းမႈ လုပ္ႏိုင္ဖို႔ဆိုၿပီး ျမန္မာစစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာၾကားသြားပါတယ္။

-----------

{{/Unicode}}

ဖမ်းဆီးခံသတင်းသမားအများအပြား ပြန်လွတ်မြောက်ဖွယ်ရှိ

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမားအများအပြားဟာ စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်ချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်လာဖွယ်ရှိနေပါတယ်။

VOA နဲ့ Frontier Myanmar က ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်ခဲ့သူ ဦးစည်သူအောင်မြင့်ဟာ လွတ်မယ့်စာရင်းထဲပါဝင်ပြီး မနက်ဖြန်လောက်မှ လွတ်မြောက်ဖွယ်ရှိတယ်လို့ ရှေနေဖြစ်သူက ပြောပါတယ်။ ဒါ့အပြင် မဇ္ဈိမ သတင်းဌာနက ဒေါ်သင်းသင်းအောင်၊ နဲ့ DVB ဒီမိုကရက်တစ်မြန်မာ့အသံက သတင်းထောက်တွေ၊ ကချင်ပြည်နယ်အခြေစိုက်သတင်းမီဒီယာတွေက သတင်းထောက်တွေလည်း လွတ်မြောက်တဲ့စာရင်းထဲ ပါဝင်တယ်လို့ VOA က စုံစမ်းသိရှိရပါတယ်။

ဖမ်းဝရမ်းကြောင့် ရှောင်တိမ်းနေကြရတဲ့ အနုပညာရှင် ၂၄ ဦးကိုလည်း စစ်ကောင်စီက အမှုပိတ်သိမ်းလိုက် ပါတယ်။ အခု လွှတ်ပေးလိုက်တဲ့အထဲ ဖေဖေါ်ဝါရီလနောက်ပိုင်း ဖမ်းဆီးခံထားရသူ ၁,၃၀၀ ကျော် ပါဝင်တယ်လို့သိရပေမယ့် ထင်ရှားတဲ့နိုင်ငံရေးသမားတွေ ပါဝင်ခြင်းရှိမရှိ အသေအချာမသိရသေးပါဘူး။

လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့အခုလို လွတ်ငြိမ်းခွင့်ပေးတာလို့ ကြေညာချက်ထုတ်သလို လာမယ့် သီတင်းကျွတ်အခါသမယမှာ စိတ်အေးချမ်းသာစွာ ကုသိုလ်ကောင်းမှု လုပ်နိုင်ဖို့ဆိုပြီး မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားပါတယ်။

#militaryCoup#SithuAungMyint#DVB#MinAungHlaing#စည်သူအောင်မြင့်#လွတ်ငြိမ်းချမ်းသာခွင့်

XS
SM
MD
LG