သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေဗုံးကွဲ၊ အနည်းဆုံး ၇ ဦးသေ


စစ်တွေဗုံးကွဲ၊ အနည်းဆုံး ၇ ဦးသေ
စစ်တွေဗုံးကွဲ၊ အနည်းဆုံး ၇ ဦးသေ

ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းကျေးရွာမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲတာကြောင့် အနည်းဆုံး လူ ၇ ယောက် သေဆုံးသွားပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

စစ်တွေမြို့နယ်က မွတ်ဆလင်ကျေးရွာ တခုဖြစ်တဲ့ သဲချောင်းရွာမှာ ဒီနေ့ နေ့လယ် ၂ နာရီခွဲလောက်က ပေါက်ကွဲမှု ဖြစ်တာကြောင့် ၅ ယောက် ပွဲချင်းပြီး သေဆုံးပြီး ကလေးငယ် ၂ ယောက်က ဆေးရုံရောက်ပြီးမှ သေဆုံးတာ ဖြစ်ပါတယ်။ ဆေးရုံမှာ သေဆုံးတဲ့ ကလေးတွေက မာမတ်ယတ်တာ ခေါ် ချမ်းသာ အသက် ၁၀ နှစ်နဲ့ ယာဇူမူဆာ ၁၃ နှစ်တို့ ဖြစ်ပါတယ်။

စစ်တွေဆေးရုံ တာဝန်ရှိသူ တယောက်က လူနာတွေ ရောက်လာပုံကို အခုလို ပြောပါတယ်။

“ဆေးရုံမှာသေတာ ၂ ယောက်ပါ။ ဒီရောက်လာတဲ့ ကလေးတွေကလည်း အခြေအနေ မကောင်းတော့ဘူး။ ကျမတို့ကလည်း အတိအကျ မသိရလို့ ဘယ်လိုဖြစ်တယ်ဆိုတာ မပြောနိုင်ဘူး။ ရေထဲမျောလာတဲ့ဟာကို ရွှေထင်ပြီး သွားကိုင်မိလို့ ပေါက်ကွဲတာ ဖြစ်တယ်။”

ညနေပိုင်းမှာတော့ ဗုံးပေါက်ကွဲမှုမှာ သေဆုံးတဲ့ အလောင်း ၅ လောင်း ထပ်ပြီး စစ်တွေဆေးရုံကြီးကို ရောက်လာတယ်လို့ ဆေးရုံ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အာဏာပိုင်တွေက ဗုံးပေါက်ကွဲမှု အခြေအနေကို သွားရောက် စစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ်မှာ အခုလို ဗုံးပေါက်ကွဲတာ အရင်က မရှိခဲ့ဖူးပါဘူး။ ဒါဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မွတ်ဆလင် ဥပုသ်ရက်လအလွန် နောက်တရက်မှာ ဗုံးပေါက်ကွဲတယ်ဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်လို့လည်း မွတ်ဆလင် အသိုင်းအဝိုင်းက ပြောကြပါတယ်။

XS
SM
MD
LG