သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေ မူဆလင်ဒုက္ခသည် IDP စခန်း နေရာရွှေ့ပြောင်း


စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မူဆလင် တချို့ သွားလာလှုပ်ရှားနေပုံ။ (အောက်တိုဘာလ ၂၇ ရက်၊ ၂၀၁၃)
စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မူဆလင် တချို့ သွားလာလှုပ်ရှားနေပုံ။ (အောက်တိုဘာလ ၂၇ ရက်၊ ၂၀၁၃)
မြန်မာနိုင်ငံ အနောက်ခြမ်းမှာ လူမျိုးရေး ပဋိပက္ခတွေ မနှစ်ကဖြစ်ပွားပြီး တဲ့နောက်မှာ စစ်တွေ အောင်မင်္ဂလာ ရပ်ကွက်မှာ ဖြစ်သလို အခြေအနေနဲ့ နေနေရတဲ့ ရာနဲ့ချီတဲ့ မူဆလင်တွေကို စနေနေ့ကတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ အတွက် စီစဉ်ပေးတဲ့ စခန်းတခုကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ကနေ ပြောင်းရွှေ့မှုက ကိုယ့်ဆန္ဒနဲ့ကိုယ် ပြောင်းရွှေ့ခိုင်းတာ ဖြစ်တယ်လို့ မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်က ပြောတာပါ။ ဒါပေမဲ့ ဒီလို ရွှေ့ပြောင်းလိုက်ကာမှ အခြေအနေက ပိုပြီးတော့ ဆိုးသွားနိုင်တယ်လို့ ဆိုပြီး စိုးရိမ်နေကြသူတွေလည်း ရှိတယ်လို့ တက်ကြွလှုပ်ရှားသူ တဦးက ဆိုပါတယ်။

စစ်တွေ အောင်မင်္ဂလာရပ်ကွက်မှာ မူဆလင် ၆,၀၀၀ နီးပါး နေထိုင်နေ တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ လူပေါင်း ၅၇၇ ဦးကို စနေနေ့က IDP စခန်းကို ရွှေ့ပြောင်းပေးခဲ့ပြီး၊ ဒီကနေ့ တနင်္ဂနွေနေ့ မှာလည်း ထပ်ပြီးတော့ ပြောင်းရွှေ့ပေးဦးမယ်လို့ ဦးဝင်းမြိုင်က ပြောပါတယ်။ အိုးအိမ် မဆုံးရှုံးခဲ့ရသူတွေကတော့ အောင်မင်္ဂလာ ရပ်ကွက်မှာပဲ ဆက်ပြီးတော့ နေထိုင်သွားမှာဖြစ်ပါတယ်။
XS
SM
MD
LG