သုံးရလွယ်ကူစေသည့် Link များ

ပါရီမြို့လယ်ခေါင်မှာ အရိုးစု ၂၀၀ ကျော်တွေ့ရှိ


လူမှောင်ခိုကုန်ကူးသူတွေရဲ့ စခန်းတွေမှာ သေဆုံခဲ့ရသူ ဒုက္ခသည်ေ ၆ သန်းရဲ့ အရိုးတွေနဲ့ ဖွဲ့တည်ပြသထားတဲ့ ပဲရစ္စ်မြို့က ေြအောက်လှိုဏ်ခေါင်းသချုႋင်းတခု။ (အောက်တိုဘာ ၁၄၊ ၂၀၁၄)
လူမှောင်ခိုကုန်ကူးသူတွေရဲ့ စခန်းတွေမှာ သေဆုံခဲ့ရသူ ဒုက္ခသည်ေ ၆ သန်းရဲ့ အရိုးတွေနဲ့ ဖွဲ့တည်ပြသထားတဲ့ ပဲရစ္စ်မြို့က ေြအောက်လှိုဏ်ခေါင်းသချုႋင်းတခု။ (အောက်တိုဘာ ၁၄၊ ၂၀၁၄)

လွန်ခဲ့တဲ့ ၁၂ ရာစုက ဆေးရုံနဲ့ သချုႋင်းမြေနေရာဖြစ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်စ်မြို့လယ်မှာရှိတဲ့ ကုန်တိုက်အောက်ကနေ အရိုးစုပေါင်း ၂၀၀ လောက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြင်သစ် သတင်းမီဒီယာတွေမှာ စနေနေ့က ဖေါ်ပြကြပါတယ်။

ဆေးရုံကို ၁၈ ရာစုအကုန်ပိုင်းမှာ ဖြိုချခဲ့ပြီး သင်္ချိုင်းကိုတော့ နေရာရွှေ့ပြောင်းလိုက်တာပါ။ Sebastopol လမ်းမပေါ်မှာရှိတဲ့ Monoprix ကုန်တိုက် မြေအောက်ခန်းကို ပြန်လည်တည်ဆောက်ဖို့ တူးဖေါ်ရင်း အခုလို ရှာတွေ့ခဲ့တာပါ။

ဒီအရိုးစုတွေကိုစနစ်တကျနဲ့ ၃ ဆင့် မြှုပ်နှံထားခဲ့ကြတာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ အရိုးစုတွေကို ဆက်လက် ရှာဖွေနေပါတယ်။ သေဆုံးခဲ့သူတွေဟာ စစ်ပွဲတွေကြောင့် သေဆုံးတာမဟုတ်ဘဲ ရောဂါ ဒါမှမဟုတ် အစာရေစာ ငတ်မွတ်မှုဒဏ်ကြောင့် သေဆုံး ခဲ့ပုံရတယ်လို့ မနုဿဗဒပညာရှင်တွေက ပြောပါတယ်။

ပြင်သစ် မနုဿဗေဒ သုတေသနအသင်းကြီး INRAP က အခုရှာတွေ့တဲ့ အရိုးစုတွေ ဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာကို ဆက်လက် စုံစမ်းသွားမယ်လို့ ဆိုပါတယ်။ အခုလို ဒီရုပ်ကြွင်းရှာဖွေမှုကို မတ်လကုန်လောက်မှာ ပြီးဆုံးမယ်လို့ ခန့်မှန်းထားပါတယ်ခင်ဗျာ။

XS
SM
MD
LG