သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေပြားကင်ဆာရောဂါ ကုသနိုင်ဖွယ် နည်းလမ်းတွေ့ရှိ

Salmonella ဘက်တီးရီးယားပိုး။
Salmonella ဘက်တီးရီးယားပိုး။

လူတွေကို အစာအဆိပ်သင့်စေတယ်လို့ အများက လက်ခံ သိရှိထားတဲ့ ဘက်တီးရီးယား ပိုးတွေကတဆင့် လူကို သေစေနိုင်တဲ့ အရေပြားကင်ဆာကို ကုသနိုင်တဲ့နည်းကို အီတလီ ဒေါက်တာတွေက စမ်းသပ် တွေ့ရှိခဲ့ကြပါတယ်။

ကြွက်ရဲ့ ခန္ဓာကိုယ်ထဲကို Salmonella ဘက်တီးရီးယားပိုးတွေ ထိုးသွင်းလိုက်ခြင်းအားဖြင့် သူ့ရဲ့ ခံနိုင်ရည်စွမ်းအား ရပ်တန့်သွားပြီး ကင်ဆာဖြစ်နိုင်တဲ့ ဆဲတွေကို သတ်ပစ်လိုက်တာ တွေ့ရတဲ့အကြောင်း အီတလီနိုင်ငံ မီလန်မြို့ အခြေစိုက် ဥရောပ အကြိတ်အခဲများဆိုင်ရာ သုတေသနဌာနက သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ကြွက်တွေမှာ Melanoma ဆိုတဲ့ အဆိုးဆုံး ကင်ဆာရောဂါ တမျိုးနဲ့ ကြီးထွားလာအောင် အရင် ပြုစုပျိုးထောင်ပြီးမှ သိပ္ပံပညာရှင်တွေက အခုလို စမ်းသပ်ခဲ့ကြတာပါ။

Melanoma ကင်ဆာကို စောစောစီးစီး စမ်းသပ်တွေ့ရှိခဲ့ရင် ပျောက်အောင် ကုသလို့ ရပါတယ်။ ဒါပေမဲ့ မကုသဘဲထားရင် အဲဒီ ကင်ဆာရောဂါဟာ ခန္ဓာကိုယ် တခုလုံးကို ပျံ့နှံ့နိုင်တယ်လို့ ဆိုပါတယ်။

Salmonella ပိုးကို ဆေးထိုးအပ်နဲ့ ထိုးသွင်းလိုက်တဲ့ အတွက်ကြောင့် ကြွက်တွေမှာ ကင်ဆာရောဂါပိုး ပျံ့နှံ့မှုက ရပ်သွားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီတွေ့ရှိချက်က တချိန်မှာ ကင်ဆာရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ အလားအလာကောင်း တခုလို့ ဆိုပါတယ်။

ဒီနည်းအတိုင်း လူသားတွေမှာ စမ်းသပ်ခွင့်ရဖို့ ဆရာဝန်တွေက စောင့်ဆိုင်းနေကြပါတယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို Science Translational Medicine ဆိုတဲ့ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

This item is part of
XS
SM
MD
LG