သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အရေးယူပိတ်ဆို့မှု ကန်လွှတ်တော် မဲခွဲမည်


အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Ed Royce
အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Ed Royce

မြောက်ကိုရီးယားရဲ့ Nuclear အစီအစဉ်အတွက် လိုအပ်တဲ့ ငွေမာ မရရှိအောင် တားဆီးမယ့် အရေးယူပိတ်ဆို့မှုလုပ်ရေး အမေရိကန်အောက်လွှတ်တော်မှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်ကြဖို့ ရှိနေပါတယ်။

မြောက်ကိုရီယားက စတုတ္တမြောက် လက်နက်စမ်းသပ်မှု အရင် တပတ်က ပြုလုပ်ခဲ့တယ်၊ ဒီ Nuclear လက်နက်ဟာ အပျက်အစီး ဆုံးရှုံးမှု များစွာ ဖြစ်စေနိုင်တဲ့ လက်နက်ဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က အရင်တပတ်က ကြေညာတာကို၊ တုန်ပြန်မှုလို့ အများက ရှုမြင်တဲ့ ဒီအရေးယူပိတ်ဆို့မှု ဥပဒေကြမ်းကို အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Ed Royce က အဆိုပြုခဲ့တာပါ။

မြောက်ကိုရီးယား အရေးယူပိတ်ဆို့မှု ဥပဒေဟာ မြောက်ကိုရီယားရဲ့ လက်နက် ပြန့်ပွားရေး အစီအစဉ် တရားမဝင်ဆောင်ရွက်မှုတွေ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုမှန်သမျှကို ထိန်းချုပ် သိမ်းယူ နိုင်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်တွေ အမေရိကန်ငွေကြေးစနစ်ကို ပတ်သက်အသုံးပြုခွင့်မရှိပဲ၊ အမေရိကန်ပြည်ထောင်စုအပေါ် အင်တာနက် တိုက်ခိုက်မှုတွေ လုပ်ရာမှာ အကူအညီပေးသူ မှန်သမျှကို သမ္မတက အရေးယူဖို့ ကိုလည်း ဖိအားပေးထားပါတယ်။

တချိန်တည်းမှာပဲ စစ်အင်အားပြတဲ့အနေနဲ့ တနင်္ဂနွေနေ့က တောင်ကိုရီးယားပေါ် ဖြတ်ပြီး ပျံသန်းခဲ့တဲ့ B 52 Nuclear ဗုံးကြဲလေယာဉ် လိုမျိုး အမေရိကန် စစ်လက်နက် တွေကို တောင်ကိုရီးယားမှာ လာထားဖို့ အမေရိကန် အစိုးရနဲ့ တောင်ကိုရီးယားအစိုးရတို့ ညှိနှိုင်းနေကြပါတယ်။

အမေရိကန် လေယာဉ်တင် စစ်သင်္ဘောကို ကိုရီးယား ရေပိုင်နက်ထဲ ရွှေ့ထားမယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုချက်တွေလည်း ထွက်နေပါတယ်။ဒါပေမယ့် အမေရိကန် အရာရှိတွေကတော့ တောင်ကိုရီးယားမှာ Nuclear လက်နက် သွား ထားဖို့ အစီအစဉ်မရှိပါဘူးလို့ ပြောသွားပါတယ်။ အဲ့ဒီလို လုပ်ရင်လည်း တရုတ်ကို ရန်စသလို ဖြစ်သွားနိုင်ပြီး ဒေသတွင်း Nuclear လက်နက် ပြိုင်ဆိုင်မှုတွေ ဖြစ်လာ စေနိုင်ပါတယ်။

XS
SM
MD
LG