သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသံထက်မြန်တဲ့နှုန်းနဲ့ အမြင့်ဆုံး ကခုန်ချမှု စံချိန်သစ်


အသံထက်မြန်တဲ့နှုန်းနဲ့ အမြင့်ဆုံး ကခုန်ချမှုနဲ့ စံချိန်သစ်ချိုးခဲ့တဲ့ Felix Baumgartner ။
အသံထက်မြန်တဲ့နှုန်းနဲ့ အမြင့်ဆုံး ကခုန်ချမှုနဲ့ စံချိန်သစ်ချိုးခဲ့တဲ့ Felix Baumgartner ။
သြစကြီးယန်း လူမျိုး ဖီးလစ် ဘွန်ဂါတနာ (Felix Baumgartner) ဟာ အသံထက်မြန်အောင် သက်စွန့်ဆံဖျား လေထဲမှာ ပထမဆုံး ဒိုင်ဗင်ထိုးသူ အဖြစ် စံချိန်ချိုးသွားပါတယ်။ သူဟာ တနင်္ဂနွေနေ့က နယူးမက်ဆီကို သဲကန္တာရထဲမှာ ဒိုင်ဗင်ထိုးခဲ့တာဖြစ်ပြီး တနာရီ မိုင် ၈၄၀ လောက်နှုန်း နဲ့ မြန်အောင် ထိုးနိုင်ခဲ့တာမို့ အမြန်ဆုံး စံချိန်ကျိုးခဲ့တယ်လို့ နိုင်ငံတကာ လေကြောင်းဆိုင်ရာ အားကစား အဖွဲ့က ဘရိုင်ယန်ဥတလီ (Brian Utley) က ပြောပါတယ်။

ဒီအမြန်နှုန်းဟာ အသံထက်မြန်တဲ့ နှုန်း ဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာနဲ့ လုပ်ထားတဲ့ ဝတ်စုံ ဝတ်ဆင်ပြီး ယှဉ်ပြိုင်သူတွေထဲမှာ ဖီးလစ်ရဲ့ အမြန်နှုန်း စံချိန်ကို ဘယ်သူမှ မမီသေးပါဘူး။
သူဟာ ၅၂ နှစ်လုံး စံချိန်မကျိုးခဲ့တဲ့ လေယာဉ်ပေါ်ကနေ အမြင့်ဆုံး ခုန်ချသူ စံချိန်ကိုပါ ချိုးခဲ့တာဖြစ်ပါတယ်။

ဖီးလစ်ဟာ ၁၉၆၀ ခုနှစ်တုန်းက အမေရိကန် နိုင်ငံသား ဂျိုး ကစ်တင်းဂျာ (Joe Kittinger) တင်ထားတဲ့ အမြင့်ဆုံးကနေ ခုန်ချတဲ့ စံချိန်ကို အခုသူ့ရဲ့ အကူအညီနဲ့ပဲ ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG