သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆိုင္ကယ္စီး ကမၻာပတ္လူငယ္ ၂ ဦး နဲ႔ Skype ေမးျမန္းခန္း


ဆိုင္ကယ္စီး ကမၻာပတ္လူငယ္ ၂ ဦး နဲ႔ Skype ေမးျမန္းခန္း
please wait
Embed

No media source currently available

0:00 0:13:56 0:00
တိုက္႐ိုက္ လင့္ခ္

ကမၻာပတ္ၿပီး ေမာ္ေတာ္ဆိုင္ကယ္ကိုယ္စီနဲ႔ စြန္႔စြန္႔စားစား စီးနင္းေနတဲ့ စိုင္းဇြမ္ဖနဲ႔ ကိုေအာင္ေက်ာ္၀င္းတို႔ Motourlogue ခရီးသြားႏွစ္ဦးဟာ အခုဆိုရင္ တူရကီႏိုင္ငံ Istanbul ၿမိဳ႕ကို ေရာက္ေနပါၿပီ။

ကမၻာပတ္ၿပီး ေမာ္ေတာ္ဆိုင္ကယ္ကိုယ္စီနဲ႔ စြန္႔စြန္႔စားစား စီးနင္းေနတဲ့ စိုင္းဇြမ္ဖနဲ႔ ကိုေအာင္ေက်ာ္၀င္းတို႔ Motourlogue ခရီးသြားႏွစ္ဦးဟာ အခုဆိုရင္ တူရကီႏိုင္ငံ Istanbul ၿမိဳ႕ကို ေရာက္ေနပါၿပီ။ လက္ရွိ လံုၿခံဳေရး အေျခအေန၊ ႏိုင္ငံအေနထားေတြေၾကာင့္ အီရန္နဲ႔ ပါကစၥတန္ႏိုင္ငံေတြျဖတ္ေက်ာ္ စီးနင္းမယ့္ ခရီးစဥ္အစား တူရကီကေန အိႏၵိယ ႏိုင္ငံကို ေလယာဥ္နဲ႔သြားၿပီး၊ အိႏၵိယကေန ျမန္မာႏိုင္ငံကို ေမာ္ေတာ္ဆိုင္ကယ္ စီးၿပီး ျပန္လာၾကမွာျဖစ္ပါတယ္။
ရန္ကုန္ကေန ေမလက စတင္ထြက္ခြာလာၿပီး သံုးလအတြင္း ကီလိုမီတာေပါင္း ၃၀၀၀၀ နီးပါးေ၀းတဲ့ ၿဗိတိန္ႏိုင္ငံကို အေရာက္စီးနင္းခဲ့ၾကတာပါ။ အဲဒီေနာက္ ျမန္မာႏိုင္ငံကို ျပန္တဲ့ခရီးစဥ္ကိုေတာ့ ျပင္သစ္ကေန စတင္ခဲ့ၿပီး အခုဆိုရင္ ႏိုင္ငံေပါင္း ၄၀ ေက်ာ္ကို Motourlogue ခရီးသြားႏွစ္ဦး ျဖတ္သန္းခဲ့ၿပီပါၿပီ။
ျမန္မာႏိုင္ငံကေန စတင္ထြက္ခြာၿပီးေနာက္ စုစုေပါင္း ငါးလနီးပါးၾကာ ေမာ္ေတာ္ဆိုင္ကယ္စီးၿပီး ႏိုင္ငံေပါင္းမ်ားစြာျဖတ္သန္းေနတဲ့ သူတို႔ႏွစ္ဦး ရဲ႕ စြန္႔စားမႈအေတြ႕အႀကံဳေတြထဲ ဗီြအိုေအ ပရိသတ္ေတြ ပိုၿပီးသိခ်င္မယ့္ အေၾကာင္းအရာေတြကို Istanbul ၿမိဳ႕ေရာက္ေနခိုက္ မအင္ၾကင္းႏိုင္က Skype ကေန တိုက္ရိုက္ဆက္သြယ္ေမးျမန္းထားပါတယ္။
(Unicode)
ဆိုင်ကယ်စီး ကမ္ဘာပတ်လူငယ် ၂ ဦး ဥရောပမှ အပြန်ခရီး
ကမ္ဘာပတ်ပြီး မော်တော်ဆိုင်ကယ်ကိုယ်စီနဲ့ စွန့်စွန့်စားစား စီးနင်းနေတဲ့ စိုင်းဇွမ်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့ Motourlogue ခရီးသွားနှစ်ဦးဟာ အခုဆိုရင် တူရကီနိုင်ငံ Istanbul မြို့ကို ရောက်နေပါပြီ။ လက်ရှိ လုံခြုံရေး အခြေအနေ၊ နိုင်ငံအနေထားတွေကြောင့် အီရန်နဲ့ ပါကစ္စတန်နိုင်ငံတွေဖြတ်ကျော် စီးနင်းမယ့် ခရီးစဉ်အစား တူရကီကနေ အိန္ဒိယ နိုင်ငံကို လေယာဉ်နဲ့သွားပြီး၊ အိန္ဒိယကနေ မြန်မာနိုင်ငံကို မော်တော်ဆိုင်ကယ် စီးပြီး ပြန်လာကြမှာဖြစ်ပါတယ်။
ရန်ကုန်ကနေ မေလက စတင်ထွက်ခွာလာပြီး သုံးလအတွင်း ကီလိုမီတာပေါင်း ၃၀၀၀၀ နီးပါးဝေးတဲ့ ဗြိတိန်နိုင်ငံကို အရောက်စီးနင်းခဲ့ကြတာပါ။ အဲဒီနောက် မြန်မာနိုင်ငံကို ပြန်တဲ့ခရီးစဉ်ကိုတော့ ပြင်သစ်ကနေ စတင်ခဲ့ပြီး အခုဆိုရင် နိုင်ငံပေါင်း ၄၀ ကျော်ကို Motourlogue ခရီးသွားနှစ်ဦး ဖြတ်သန်းခဲ့ပြီပါပြီ။
မြန်မာနိုင်ငံကနေ စတင်ထွက်ခွာပြီးနောက် စုစုပေါင်း ငါးလနီးပါးကြာ မော်တော်ဆိုင်ကယ်စီးပြီး နိုင်ငံပေါင်းများစွာဖြတ်သန်းနေတဲ့ သူတို့နှစ်ဦး ရဲ့ စွန့်စားမှုအတွေ့အကြုံတွေထဲ ဗွီအိုအေ ပရိသတ်တွေ ပိုပြီးသိချင်မယ့် အကြောင်းအရာတွေကို Istanbul မြို့ရောက်နေခိုက် မအင်ကြင်းနိုင်က Skype ကနေ တိုက်ရိုက်ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG