သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



please wait

No media source currently available

0:00 0:12:42 0:00



-------------------------------------------

လူ့အခွင့်အရေးကောင်စီနဲ့ မြန်မာနိုင်ငံအရေး

NLD အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ နှစ်စဉ် အစီရင်ခံတင်ပြချက်တွေဟာ သူတို့မျှော်လင့်ထားသလိုဖြစ်မလာပဲ စစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေ ပိုပိုပြီး ဆိုးလာတဲ့ အခြေအနေရောက်နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံအဖွင့်မှာ ပြောကြားခဲ့တဲ့ ရှေ့ပြေးအသံ ဘုတ်အဖွဲ့ ဥက္ကဌ ဒေါ်ခင်ဥမ္မာက ဗွီအိုအေကိုပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ တနင်္လာနေ့က ၄၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံ အဖွင့် မှာ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Michelle Bachelet က မြန်မာနဲ့ ပတ်သက်တဲ့ သူ့ရဲ့အစီရင်ခံစာကို တင်သွင်းရာမှာ ရခိုင်နဲ့ ချင်းပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း သတိပေးပြောကြားခဲ့တာပါ။
Michelle Bachelet နဲ့အတူ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို တင်ပြခဲ့တဲ့ရှေ့ပြေးအသံ ဘုတ်အဖွဲ့ဥ က္ကဌ ဒေါ်ခင်ဥမ္မာကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG