သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း




-------------------
ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကြားက မြန်မာနွယ်ဖွား အထူးကုသူနာပြု

ကမ္ဘာမှာ COVID-19 ကူးစက်ခံရသူ အရေအတွက် အများဆုံးဖြစ်လာတဲ့ အမေရိကန်ပြည်ထောင်စုက ဆေးရုံတွေမှာ လူနာတွေ အစုလိုက်အပြုံလိုက်ရောက်လာတဲ့အတွက် နေရာချထားရေးအခက်အခဲ၊ အရေးပေါ် စက်ပစ္စည်းကိရိယာ လိုအပ်ချက်တွေရင်ဆိုင်နေရတယ်လို့ မြန်မာနွယ်ဖွား အထူးကုသူနာပြု မသီတဂူကျော်မြင့်က ဗွီအိုအေကိုပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဗဟိုအချက်အချာဖြစ်လာတဲ့ အမေရိကန်နိုင်ငံမှာ အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားသလို အကောင်းဆုံးအခြေအနေအတွက် မျှော်လင့်ချက်တွေ ရှိနေ တယ်လို့ မသီတဂူကျော်မြင့်က ဆိုပါတယ်။
သူကိုယ်တိုင်လည်း ကာလီဖိုးနီးယားပြည်နယ် ဆန်ဒီရေဂိုမြို့ က Sharp Memorial ဆေးရုံ COVID-19 တုံ့ပြန်မှု ကုသရေးအဖွဲ့ဝင်လည်းဖြစ်ပါတယ်။
ရောဂါကူးစက်မယ့် နှုန်း ၅၀% ရှိနေတဲ့ အန္တရာယ်ကို ရင်ဆိုင်ပြီး
ရှေ့တန်းကနေ အစွမ်းကုန် ကြိုးပမ်း ပြုစုကုသပေးနေတဲ့ သူနာပြုဝန်ထမ်းတွေရဲ့ အခြေအနေကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG