သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း




Zawgyi/ Unicode
-------
COVID-19 ဗဟိုချက်မနေရာဖြစ်လာနေတဲ့ နယူးရောက်က မြန်မာအထူးကုဆရာဝန် အတွေ့အကြုံ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၀၀ ကျော်နေပြီး ကူးစက်နေသူပေါင်း ၅၀,၀၀၀ သောင်းမကရှိလာနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ရောဂါကူးစက်လာနေပြီလို့ နယူးရောက်မြို့ ကူးစက်အထူးကုဆရာဝန် ဒေါက်တာဇေယျာသက်က ဗွီအိုအေကို ပြောပါတယ်။
နယူးရောက် မြို့တော်ဝန် BILL DE BLASIO က လည်း မကြာသေးခင်နာရီပိုင်းအတွင်းပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နယူးရောက်မြို့ဟာ COVID-19 ကူးစက်မှု အသစ် ဗဟိုချက်မနေရာလိုဖြစ်လာနေပြီလို့ ကြေညာသွားပါတယ်။ လက်ရှိ နယူးရောက်မြို့ တမြို့တည်းမှာတင် ရောဂါကူးစက်ခံရသူပေါင်း ၁၅၀၀၀ နီးပါးရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
တနေ့ကို ရောဂါအခြေအနေဆိုးနေသူပေါင်း ၂၀ နီးပါးနှုန်း ကြည့်ရှုနေရပြီး လောလောဆယ် သူ့ရဲ့ လူနာတွေထဲမှာ သေဆုံးသူ ၆ ဦးမက ရှိနေပြီလို့ဒေါက်တာဇေယျာသက်က ပြောပါတယ်။
မအင်ကြင်းနိုင်က Skype ကနေဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG