သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ကုမ္ပဏီတချို့ တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ကိုင်မှု ရပ်ဆိုင်းခဲ့ကြောင်း အတည်ပြု


နိုင်ငံတကာ ကုမ္ပဏီကြီးတချို့ အပါအဝင် တရုတ်၊ အင်ဒိုနီးရှား ကုမ္ပဏီပေါင်း (၁၀) ခုလောက်ဟာ စစ်တပ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ သူတို့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို ပြောပါတယ်။

Zawgyi/ Unicode
နိုင်ငံတကာ ကုမ္ပဏီကြီးတချို့ အပါအဝင် တရုတ်၊ အင်ဒိုနီးရှား ကုမ္ပဏီပေါင်း (၁၀) ခုလောက်ဟာ စစ်တပ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ သူတို့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို ပြောပါတယ်။
မေလ ၁၁ ရက်နေ့က အသစ်ပြုစုထုတ်ပြန်လိုက်တဲ့ Burma Campaign UK ရဲ့ Dirty List နာမည်ပျက်စာရင်းမှာ ပါနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေဟာ သင်္ဘောကုမ္ပဏီတွေဖြစ်ပြီး စစ်တပ်ပိုင် ဆိပ်ကမ်းတွေမှာ အသုံးပြုနေတဲ့အတွက် ကြောင့် ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ နိုင်ငံတကာကုမ္မဏီတွေကို နာမည်ပျက်စာရင်း အဖြစ် ပြုစုထုတ်ပြန်ရာမှာ အခုနောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းအရဆိုရင် ကုမ္ပဏီစုစုပေါင်း (၁၁၃) ခုရှိနေပါတယ်။
ဒီကုမ္ပဏီတွေက စစ်တပ်နဲ့ စီးပွားရေးအရ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ အပိုင်းမှာ ဘယ်လို သက်သေပြနိုင်သလဲ။
ပြည်တွင်းစီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတွေမှာ စစ်တပ်နဲ့ မကင်းနိုင်တဲ့ အခြေအနေအောက်မှာ နာမည်ပျက်စာရင်းနဲ့ ဖိအားပေးမှုအပေါ် နိုင်ငံတကာ ကုမ္ပဏီတွေရဲ့ တုန့်ပြန်ချက်တွေ ဘယ်လိုရှိသလဲ။
Burma Campaign UK ညွန်ကြားရေးမှူး Mark Farmaner ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
--------------------------

XS
SM
MD
LG