သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးရောက်က ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရသူ မြန်မာလူငယ်တဦးနဲ့ Skype ဆက်သွယ် မေးမြန်းချက်


အမေရိကန်ပြည်ထောင်စု နယူးရောက်မှာ နေထိုင်တဲ့ အသက် (၃၀)အရွယ် ကိုပြည့်မှူးဟာ မတ်လကုန်ပိုင်း COVID-19 ရောဂါ စပြီးခံစားရချိန်မှာ ကိုယ်ပူ၊ ခေါင်းကိုက်၊ ချောင်းဆိုး၊ ဝမ်းသွား၊ တကိုယ်လုံး ခိုက်ခိုက်တုန် ပြီး အင်အားချိနဲ့ သွားသလိုမျိုး ဝေဒနာခံစားခဲ့ရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

Zawgyi/ Unicode

အမေရိကန်ပြည်ထောင်စု နယူးရောက်မှာ နေထိုင်တဲ့ အသက် (၃၀)အရွယ် ကိုပြည့်မှူးဟာ မတ်လကုန်ပိုင်း COVID-19 ရောဂါ စပြီးခံစားရချိန်မှာ ကိုယ်ပူ၊ ခေါင်းကိုက်၊ ချောင်းဆိုး၊ ဝမ်းသွား၊ တကိုယ်လုံး ခိုက်ခိုက်တုန် ပြီး အင်အားချိနဲ့ သွားသလိုမျိုး ဝေဒနာခံစားခဲ့ရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ Covid-19 ဖြစ်သူတွေမှာ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာအသစ် (၆) မျိုးကတော့ ခိုက်ခိုက်တုန်ချမ်းစိမ့်တာ၊ ကိုယ်တွေလက်တွေတုန်တာ၊ နာကျင် ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာနဲ့ အနံ့ ဒါမှ မဟုတ် အရသာအာရုံ မရတော့တာမျိုးတွေ ဖြစ်ပါတယ်။ CDC က အရင်ပြောကြားထားတဲ့ ရောဂါလက္ခဏာတွေကတော့ အဖျားကြီးတာ၊ အသက် ဝ ဝ မရှူနိုင်တာနဲ့ ချောင်းဆိုတာတို့ ဖြစ်ပါတယ်။

အခုလို Covid-19 ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာတဲ့ နယူးရောက်မှာ နေထိုင်နေတဲ့ ကိုပြည့်မှူးနဲ့ သူ့အမျိူးသမီးဖြစ်သူတို့ ခံစားခဲ့ရတဲ့ ရောဂါလက္ခဏာတွေ၊ ဗိုင်းရပ်စ် ဒဏ်ခံပြီးနောက် ပြန်လည်သက်သာလာတဲ့ အချိန်မှာ ဘာတွေ ဆက်ပြီး ခံစားရသလဲဆိုတဲ့ အတွေ့အကြုံတွေ ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
--------------------



XS
SM
MD
LG