သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 လူနာတွေကို antibody ပဋိဇီဝပစ္စည်းတွေနဲ့ ကုသနေတဲ့ နယူးရောက်က မြန်မာသမားတော်တဦး အတွေ့အကြုံ


ဆိုးဆိုးရွားရွားဝေဒနာခံစားနေရတဲ့ လူနာတွေကို ကုသရာမှာ ဒီနည်းလမ်းက ထိရောက်မှုတွေရှိနေကြောင်း နယူးရောက် အထွေထွေရောဂါအထူးကု သမားတော် ဒေါက်တာမြင့်လွင် ခေါ် Linus Yoe က ဗွီအိုအေကို ပြောပါတယ်။ သူကိုယ်တိုင်လည်း နယူးရောက် မြို့ Brooklyn Hospital Center မှာ ကိုဗစ်လူနာတွေကို ကြပ်မတ်ကုသပေးနေသူဖြစ်ပါတယ်။

Zawgyi/ Unicode
အမေရိကန်ပြည်ထောင်စုက COVID-19 ရောဂါကူးစက်မှု ဗဟိုအချက်အချာဖြစ်တဲ့ နယူးရောက်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ကောင်းလာသူတွေရဲ့ ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်ကို ပြန်ပြီးတိုက်နိုင်တဲ့ antibody ပဋိဇီဝပစ္စည်းတွေ ကို သွေးကနေထုတ်ယူပြီး အခြားလူနာတွေကို ပြန်ကုသပေးတဲ့ နည်းကို စတင်စမ်းသပ် အသုံးပြုနေပါပြီ။ ဆိုးဆိုးရွားရွားဝေဒနာခံစားနေရတဲ့ လူနာတွေကို ကုသရာမှာ ဒီနည်းလမ်းက ထိရောက်မှုတွေရှိနေကြောင်း နယူးရောက် အထွေထွေရောဂါအထူးကု သမားတော် ဒေါက်တာမြင့်လွင် ခေါ် Linus Yoe က ဗွီအိုအေကို ပြောပါတယ်။
သူကိုယ်တိုင်လည်း နယူးရောက် မြို့ Brooklyn Hospital Center မှာ ကိုဗစ်လူနာတွေကို ကြပ်မတ်ကုသပေးနေသူဖြစ်ပါတယ်။
ဒေါက်တာမြင့်လွင် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ Myanmar American Medical Education Society အမေရိကန် မြန်မာ ဆရာဝန်များ အဖွဲ့ကလည်း COVID-19 ရောဂါ ကပ်ဘေးကာလမှာ မြန်မာနိုင်ငံက ဆရာဝန်၊ သူနာပြုတွေ အတွက် လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၀၀၀၀ သောင်း လှူဒါန်းထားပါတယ်။
အမေရိကန်မှာ ကိုဗစ်လူနာတွေကို ကုသနေတဲ့ ဒေါက်တာမြင့်လွင်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
------------

XS
SM
MD
LG