သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း




Zawgyi/ Unicode
လက်ရှိ ကုထုံးဖြစ်တဲ့ ရောဂါဖြစ်ပြီးပျောက်ကင်းသွားသူတွေရဲ့ သွေးရည်ကြည်နဲ့ ပြန်ပြီးကုသနေတဲ့ အခြေအနေ ဘယ်လိုရှိနေလဲ။

---------------

အမေရိကန်မှာ Covid 19 ကူးစက်မှု အစောပိုင်းကာလ ဗိုင်းရပ်စ်အန္တရာယ် ဘာကြောင့်လျော့တွက်ခဲ့သလဲ ဒေါက်တာဇေယျာသက်နဲ့ Skype ကနေ ဆက်သွယ်မေးမြန်းချက်

အမေရိကန်ပြည်ထောင်စုမှာ ဖေဖေါ်ဝါရီလကုန်ပိုင်းကနေ ဧပြီလ ကုန်အထိ နှစ်လလောက်အတွင်း Covid19 ရောဂါ ကူးစက်သူပေါင်း ၉ သိန်းနီးပါးနဲ့ သေဆုံးသူပေါင်း ၅ သောင်းကျော်သွားပါပြီ။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ မမြင်နိုင်တဲ့ အန္တရာယ်ကို လျော့တွက်ခဲ့တဲ့အတွက် အခုလို ကြီးကြီးမားမား ပေးဆပ်လိုက်ရတာဖြစ်တယ်လို့ အမေရိကန်မှာ ကူးစက်မှု ဗဟိုအချက်အချာဖြစ်တဲ့ နယူးရောက် ပြည်နယ် ရဲ့ အုပ်ချုပ်ရေးမှူး Andrew Cuomo ကလည်း ဝန်ခံပြောကြားခဲ့ပါတယ်။
အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူတွေထဲမှာ မြန်မာ အမေရိကန် စုစုပေါင်း အနည်းဆုံး ၂၀ ကျော်ရှိနေပါပြီ။
ရောဂါ ထိန်းချုပ်ရေးမှာ တရုတ်၊ ဗီယက်နမ် စတဲ့ အာရှနိုင်ငံတွေမှာ လုပ်တဲ့ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို Facilities quarantine စားသောက်နေထိုင်မှုပါ စီစဉ်ထားတဲ့ သီးသန့်ခွဲခြား စောင့်ကြည့်မှု စနစ် မျိုး အမေရိကန်ပြည်ထောင်စုမှာ ဘာကြောင့် မလုပ်နိုင်ရသလဲ။

အမေရိကန်က ဒီရောဂါကူးစက်မှုကို လျော့တွက်ခဲ့တာ ဘာကြောင့်လဲ။
ရောဂါကူးစက်ခံရသူတွေထဲမှာ ဘယ်လိုလူတွေ ပိုပြီး ဒုက္ခရောက်နိုင်သလဲ။
လက်ရှိ ကုသနေတဲ့ ရောဂါဖြစ်ပြီးပျောက်ကင်းသွားသူတွေရဲ့ သွေးရည်ကြည်နဲ့ ပြန်ပြီးကုသနေတဲ့ အခြေအနေ ဘယ်လိုရှိနေလဲ။
အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့ Wyckoff Heights ဆေးရုံ ဒုဥက္ကဌ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက် ကိုမအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG