သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ဆႏၵျပပဲြေတြ ျဖစ္ေနတဲ့ အေမရိကန္က ကုန္စံုဆိုင္ပိုင္ရွင္ ကရင္အမ်ဳိးသား အေတြ႕အႀကံဳ


အၾကမ္းဖက္ဆႏၵျပပဲြေတြ စတင္ျဖစ္ပြားခဲ့တဲ့ အေမရိကန္ျပည္ေထာင္စု Minneapolis ၿမိဳ႕ရဲ႕ အမႊာၿမိဳ႕လည္းျဖစ္ ျပည္နယ္ၿမိဳ႕ေတာ္လည္းျဖစ္တဲ့ Saint Paul စိန္႔ေပၚလ္မွာ ေမလ (၂၉ )ရက္ေန႔က ဖ်က္စီးခံရတဲ့ ကုန္စံုဆိုင္တခ်ဳိ႕မွာ ကရင္အမ်ဳိးသား ဦးေစာရာဇာပိုင္တဲ့ ဆိုင္ရဲ႕ အ၀င္မွန္တံခါးေတြလည္း ဖ်က္စီးခံခဲ့ရပါတယ္။

Zawgyi/ Unicode
အၾကမ္းဖက္ဆႏၵျပပဲြေတြ စတင္ျဖစ္ပြားခဲ့တဲ့ အေမရိကန္ျပည္ေထာင္စု Minnesota ျပည္နယ္ Minneapolis ၿမိဳ႕ရဲ႕ အမႊာၿမိဳ႕လည္းျဖစ္ ျပည္နယ္ၿမိဳ႕ေတာ္လည္းျဖစ္တဲ့ Saint Paul စိန္႔ေပၚလ္မွာ ေမလ (၂၉ )ရက္ေန႔က ဖ်က္စီးခံရတဲ့ ကုန္စံုဆိုင္တခ်ဳိ႕မွာ ကရင္အမ်ဳိးသား ဦးေစာရာဇာပိုင္တဲ့ ဆိုင္ရဲ႕ အ၀င္မွန္တံခါးေတြလည္း ဖ်က္စီးခံခဲ့ရပါတယ္။ ၂၀၀၄ ခုႏွစ္ကတည္းက အေမရိကန္ျပည္ေထာင္စုမွာ ဒုကၡသည္အျဖစ္ အေျခခ်ေနထိုင္ခဲ့တဲ့ ဦးေစာရာဇာအတြက္ အခုလို ျပင္းထန္တဲ့ အၾကမ္းဖက္ဆႏၵျပမႈမ်ဳိး ပထမဆံုးအႀကိမ္ ေတြ႕ျမင္ခဲ့ရတာျဖစ္တယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။ သူေနထိုင္တဲ့ Saint Paul မွာ ကရင္လူမ်ဳိး အမ်ားစု အေျခခ် ေနထိုင္ၾကတာပါ။

Minneapolis ၿမိဳ႕က လူမည္းအမ်ဳိးသား George Floyd ကို ေမလ ၂၅ ရက္ေန႔ ရဲေတြဖမ္းဆီးစဥ္မွာ အင္အားအလြန္အကြ်ံသံုးခဲ့တဲ့အတြက္ ေသဆံုးခဲ့ရတဲ့ အမႈနဲ႔ ပတ္သက္လို႔ တရားမွ်တမႈရွိေရး ေတာင္းဆို ဆႏၵျပပဲြေတြ အေမရိကန္တႏိုင္ငံလံုး ျပန္႔ႏွံသြားၿပီးေနာက္ အံုၾကြအၾကမ္းဖက္မႈေတြျဖစ္လာခဲ့ပါတယ္။

ေမလ ၂၉ ရက္ေန႔ ေန႕လည္ပိုင္းက Minneapolis နဲ႔Saint Paul အမႊာၿမိဳ႕ႏွစ္ၿမိဳ႕လံုးကို ညမထြက္ရ အမိန္႔ ျပည္နယ္အစိုးရက ထုတ္ျပန္ခဲ့ၿပီး ေနာက္ဆံုးအေျခအေနေတြအေၾကာင္း ဦးေစာရာဇာ ကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။
---------------------
အကြမ်းဖက်ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့ အမေရိကန်က ကုန်စုံဆိုင်ပိုင်ရှင် ကရင်အမျိုးသားတဦး အတွေ့အကြုံ

အကြမ်းဖက်ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis မြို့ရဲ့ အမွှာမြို့လည်းဖြစ် ပြည်နယ်မြို့တော်လည်းဖြစ်တဲ့ Saint Paul စိန့်ပေါ်လ်မှာ မေလ (၂၉ )ရက်နေ့က ဖျက်စီးခံရတဲ့ ကုန်စုံဆိုင်တချို့မှာ ကရင်အမျိုးသား ဦးစောရာဇာပိုင်တဲ့ ဆိုင်ရဲ့ အဝင်မှန်တံခါးတွေလည်း ဖျက်စီးခံခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည်အဖြစ် အခြေချနေထိုင်ခဲ့တဲ့ ဦးစောရာဇာအတွက် အခုလို ပြင်းထန်တဲ့ အကြမ်းဖက်ဆန္ဒပြမှုမျိုး ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရတာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ သူနေထိုင်တဲ့ Saint Paul မှာ ကရင်လူမျိုး အများစု အခြေချ နေထိုင်ကြတာပါ။

Minneapolis မြို့က လူမည်းအမျိုးသား George Floyd ကို မေလ ၂၅ ရက်နေ့ ရဲတွေဖမ်းဆီးစဉ်မှာ အင်အားအလွန်အကျွံသုံးခဲ့တဲ့အတွက် သေဆုံးခဲ့ရတဲ့ အမှုနဲ့ ပတ်သက်လို့ တရားမျှတမှုရှိရေး တောင်းဆို ဆန္ဒပြပွဲတွေ အမေရိကန်တနိုင်ငံလုံး ပြန့်နှံသွားပြီးနောက် အုံကြွအကြမ်းဖက်မှုတွေဖြစ်လာခဲ့ပါတယ်။

မေလ ၂၉ ရက်နေ့ နေ့လည်ပိုင်းက Minneapolis နဲ့Saint Paul အမွှာမြို့နှစ်မြို့လုံးကို ညမထွက်ရ အမိန့် ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့ပြီး နောက်ဆုံးအခြေအနေတွေအကြောင်း ဦးစောရာဇာ ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG