သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေတာ္ကို သစၥာေဖာက္တာ စစ္ဗိုလ္ခ်ဳပ္ေတြသာျဖစ္တယ္ ( ႏိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔ စြဲဆိုခံရသူ ေဒါက္တာဆာဆာ)


CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီဦးေဆာင္မႈေအာက္ ဖယ္ဒရယ္စစ္တပ္ မၾကာခင္ေပၚေပါက္လာေတာ့မယ့္အေၾကာင္း CRPH ကုလသမဂၢဆိုင္ရာ အထူးသံတမန္ ေဒါက္တာဆာဆာကေျပာပါတယ္။

CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီဦးေဆာင္မႈေအာက္ ဖယ္ဒရယ္စစ္တပ္ မၾကာခင္ေပၚေပါက္လာေတာ့မယ့္အေၾကာင္း CRPH ကုလသမဂၢဆိုင္ရာ အထူးသံတမန္ ေဒါက္တာဆာဆာကေျပာပါတယ္။

မေန႔ ဗုဒၶဟူးေန႔ကပဲ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအားလုံး ကို အၾကမ္းဖက္အဖြဲ႕ ဒါမွမဟုတ္ မတရားအသင္း စတာေတြကေန တရားဝင္ပယ္ဖ်က္လိုက္ေၾကာင္း CRPH ကေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

တခ်ိန္တည္းမွာပဲ ေဒါက္တာ ဆာဆာအပါဝင္ ယာယီဒုသမၼတ မန္းဝင္းခိုင္သန္းနဲ႔ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းတို႔ကို ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္၊ ပုန္ကန္မႈ စတာေတြနဲ႔ တရားစြဲ ဖမ္းဝရမ္းထုတ္လိုက္ေၾကာင္း စစ္ေကာင္စီကလည္း ေၾကညာထားပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ ေဒါက္တာဆာဆာရဲ႕တုန႔္ျပန္ခ်က္ေတြကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။
---------------------------------
နိုင်ငံတော်ကို သစ္စာဖောက်တာ စစ်ဗိုလ်ချုပ်တွေသာဖြစ်တယ် ( နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲဆိုခံရသူ ဒေါက်တာဆာဆာ)


CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဦးဆောင်မှုအောက် ဖယ်ဒရယ်စစ်တပ် မကြာခင်ပေါ်ပေါက်လာတော့မယ့်အကြောင်း CRPH ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာကပြောပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့ကပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ကို အကြမ်းဖက်အဖွဲ့ ဒါမှမဟုတ် မတရားအသင်း စတာတွေကနေ တရားဝင်ပယ်ဖျက်လိုက်ကြောင်း CRPH ကကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

တချိန်တည်းမှာပဲ ဒေါက်တာ ဆာဆာအပါဝင် ယာယီဒုသမ္မတ မန်းဝင်းခိုင်သန်းနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်၊ ပုန်ကန်မှု စတာတွေနဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း စစ်ကောင်စီကလည်း ကြေညာထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဒေါက်တာဆာဆာရဲ့တုန့်ပြန်ချက်တွေကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG