သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကိုယ်စားပြု CRPH နှင့် ကုလတုံ့ပြန်နိုင်ခြေ (ဒေါက်တာတင့်ဆွေ အမြင်)


CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် (၃၀၀) ကျော် ဖမ်းဆီးဖို့ ကြိုးပမ်းမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ကုလသမဂ္ဂရဲ့ပြင်းထန်တဲ့ တုန့်ပြန်ချက်ကို ရင်ဆိုင်ရလိမ့်မယ်လို့ မြင်ကြောင်း ၁၉ ၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် (၃၀၀) ကျော် ဖမ်းဆီးဖို့ ကြိုးပမ်းမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ကုလသမဂ္ဂရဲ့ပြင်းထန်တဲ့ တုန့်ပြန်ချက်ကို ရင်ဆိုင်ရလိမ့်မယ်လို့ မြင်ကြောင်း ၁၉ ၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။
တနင်္လာနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ကြေညာချက်မှာလည်း- တပ်မတော်ဘက်က အင်အားလွန်လွန်ကျူးကျူး အသုံးပြုမယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေရှိလာလိမ့်မယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ဗွီဒီယိုကွန်ဖရင့် ဆွေးနွေးပွဲမှာ ပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
CRPH ကို ဖိနှိပ်ဖို့ စစ်ကောင်စီက ဆောင်ရွက်လာတဲ့အပေါ်မှာ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
-------------------------------


XS
SM
MD
LG