သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



please wait

No media source currently available

0:00 0:18:57 0:00



---------------------------------

COVID-19 ကာကွယ်ဆေး ဘာတွေ သိထားသင့်သလဲ

အမေရိကန်ပြည်ထောင်စုမှာ ဒီသီတင်းပတ်က စပြီး COVID-19 ကို ရှေ့တန်းကနေ တိုက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အရင်ဆုံး ကာကွယ်ဆေးတွေထိုးပေးနေပါပြီ။ FDA အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေး ဌာန က အရေးပေါ်သုံးခွင့်ပြုလိုက်တဲ့ Pfizer/BioNTech ရဲ့ Covid-19 ကာကွယ်ဆေးဟာ ဘယ်လောက်အထိ စိတ်ချရမှုရှိနေသလဲ။ ကာကွယ်ဆေးအထိုးခံရပြီးနောက် ဘယ်လို လက္ခဏာတွေပြသလဲ။ ဘယ်လို သက်ရောက်မှုရှိသလဲ။ နောက်ထပ် Moderna ဆေးကုမ္ပဏီနဲ့ အမေရိကန် အမျိုးသားကျန်းမာရေးအဖွဲ့တို့ပူးပေါင်း ထုတ်ထားတဲ့ COVID-19 ကာကွယ်ဆေးကလည်း လာမယ့်သီတင်းပတ်အတွင်း စတင်ဖြန့်ချိဖို့ရှိနေတာကြောင့် ဘယ်ကာကွယ်ဆေးအမျိုးအစားက အကောင်းဆုံးဖြစ်မလဲ။ ကာကွယ်ဆေး ဈေးနှုန်းတွေ ဘယ်လိုကွာခြားချက်တွေရှိနေလဲ။ အမေရိကန်မှာ ကာကွယ်ဆေးအလုံးရေ သုံးသန်းနီးပါး ဒီသီတင်းပတ်အတွင်း စတင်ဖြန့်ချိပြီးနောက် ကာကွယ်ဆေးတွေ လုံလုံလောက်လောက်ဖြစ်လာဖို့ ဘယ်လောက်ကြာအုံးမလဲ။
မြန်မာနိုင်ငံလို တတိယဖွံဖြိုးဆဲ နိုင်ငံတွေအတွက် ကာကွယ်ဆေးတွေ ဘယ်အချိန်ရောက်နိုင်မလဲ။
ကိုယ်တိုင်လည်း ကာကွယ်ဆေးအထိုးခံရတော့မယ့် နယူးရောက် Wyckoff Heights ဆေးရုံရဲ့ ဒုဆေးရုံအုပ်လည်းဖြစ် ကူးစက်ရောဂါ အထူးကုလည်းဖြစ်တဲ့ ဒေါက်တာဇေယျာသက်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG