သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CRPH အစိုးရ ကို ႏိုင္ငံတကာ အသိအမွတ္ျပဳႏိုင္ေျခ (ဦးေအာင္ထူးနဲ႔ ေမးျမန္းခန္း)


အခုလို CRPH အေနနဲ႔ ၂၀၀၈ဖဲြ႕စည္းပံုအေျခခံဥပေဒအရ ယာယီအစိုးရ ဖဲြ႔စည္းမယ္ဆိုရင္ ဘာေတြအခက္အခဲရွိမလဲ။ ကုလသမဂၢနဲ႔ ႏိုင္ငံတကာက အသိအမွတ္ျပဳလာဖို႔ အားေကာင္းတဲ့ အစိုးရျဖစ္ေအာင္ ဘာေတြ ေဆာင္ရြက္ဖို႔လိုမလဲ။ လူ႔အခြင့္အေရးေရွ႕ေန ဦးေအာင္ထူးကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ကေန ေခတၱျပည္ေထာင္စု ၀န္ႀကီး ေလးဦးပါတဲ့ ျပည္ေထာင္စုအစိုးရ ကိုယ္စားျပဳအဖဲြ႔ကို ဖဲြ႕စည္းလိုက္ေၾကာင္း အဂၤါေန႔က ေၾကညာခဲ့ပါတယ္။ အခုလို CRPH အေနနဲ႔ ၂၀၀၈ဖဲြ႕စည္းပံုအေျခခံဥပေဒအရ ယာယီအစိုးရ ဖဲြ႔စည္းမယ္ဆိုရင္ ဘာေတြအခက္အခဲရွိမလဲ။ ကုလသမဂၢနဲ႔ ႏိုင္ငံတကာက အသိအမွတ္ျပဳလာဖို႔ အားေကာင္းတဲ့ အစိုးရျဖစ္ေအာင္ ဘာေတြ ေဆာင္ရြက္ဖို႔လိုမလဲ။
၁၉ ၉ ၀ျပည့္ေရြးေကာက္ပဲြမွာ အႏိုင္ရခဲ့တဲ့ ျပည္ပေရာက္ NLD လႊတ္ေတာ္အမတ္ေတြဖဲြ႕စည္းခဲ့တဲ့ အေ၀းေရာက္ညႊန္႔ေပါင္းအစိုးရတုန္းက ကုလသမဂၢကေန တရား၀င္အသိအမွတ္ျပဳဖို႔ ႀကိဳးပမ္းခဲ့တဲ့အေျခအေန စတာေတြနဲ႔ ပတ္သက္လို႔ မိုင္ဂ်ာယန္ ဖယ္ဒရယ္ ဥပေဒ အကယ္ဒမီ ေက်ာင္းအုပ္၊ လူ႔အခြင့္အေရးေရွ႕ေန ဦးေအာင္ထူးကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။
---------------------------
CRPH အစိုးရ ကို နိုင်ငံတကာ အသိအမှတ်ပြုနိုင်ခြေ (ဦးအောင်ထူးနဲ့ မေးမြန်းခန်း)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ခေတ္တပြည်ထောင်စု ဝန်ကြီး လေးဦးပါတဲ့ ပြည်ထောင်စုအစိုးရ ကိုယ်စားပြုအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ အခုလို CRPH အနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီအစိုးရ ဖွဲ့စည်းမယ်ဆိုရင် ဘာတွေအခက်အခဲရှိမလဲ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ အားကောင်းတဲ့ အစိုးရဖြစ်အောင် ဘာတွေ ဆောင်ရွက်ဖို့လိုမလဲ။
၁၉ ၉ ဝပြည့်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်ပရောက် NLD လွှတ်တော်အမတ်တွေဖွဲ့စည်းခဲ့တဲ့ အဝေးရောက်ညွှန့်ပေါင်းအစိုးရတုန်းက ကုလသမဂ္ဂကနေ တရားဝင်အသိအမှတ်ပြုဖို့ ကြိုးပမ်းခဲ့တဲ့အခြေအနေ စတာတွေနဲ့ ပတ်သက်လို့ မိုင်ဂျာယန် ဖယ်ဒရယ် ဥပဒေ အကယ်ဒမီ ကျောင်းအုပ်၊ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG