သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိပ်ရေးမဝ ဦးနှောက်ပျက်


ကားမောင်းရင်း အိပ်ပျော်နေသူ။
ကားမောင်းရင်း အိပ်ပျော်နေသူ။
အလုပ်လုပ်ရတဲ့ ရက်တွေမှာ အိပ်ရေးပျက်ထားတာတွေ ကာမိစေဖို့ သီတင်းပတ်ကုန် အားလပ်ရက်မှာ ပိုအိပ်ကြတဲ့ သူတွေအနေနဲ့ လက်တွေ့မှာတော့ ဦးနှောက်ထဲက ဆဲလ်တချို့ ထိခိုက်ပျက်စီးမှုနဲ့သာ ကြုံနိုင်တဲ့အကြောင်း လေ့လာချက်သစ်တခုက တွေ့ရှိခဲ့ပါတယ်။ အိပ်ရေးပျက်တာကို ပြန်အစားထိုးဖို့ စိတ်ကူးဟာ တကယ်တမ်းမှာ အလုပ်မဖြစ်တဲ့အကြောင်းလည်း အမေရိကန် ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်က အာရုံကြောပညာရှင် Sigrid Veasey ကပြောဆိုခဲ့တာပါ။

သူနဲ့သူ့အဖွဲ့က လူတယောက် အလုပ်ချိန်အတိုင်း ကြွက်တွေနဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်ရာမှာ နိုးကြားတဲ့စိတ်၊ စဉ်းစားတွေးတောမှုနဲ့ ဆက်နွယ်တဲ့ ဦးနှောက်ထဲက အာရုံခံဆဲလ် ၂၅% ပျက်စီးတာကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ စမ်းသပ်မှုအတွင်း အနည်းအကျဉ်း အိပ်ရေးပျက်တဲ့အခါ ကြွက်တွေဟာ အာရုံခံဆဲလ်တွေကို အားဖြည့်ပြီး အကာအကွယ်ပေးနိုင်တဲ့ Sirtuin type - 3 လို့ ခေါ်တဲ့ ပရိုတိန်းဓာတ်တွေ ထုတ်ပြီး တုံ့ပြန်လေ့ရှိတာကို တေ့ွရတဲ့ အကြောင်းလည်း အာရုံကြောသိပ္ပံဂျာနယ်မှာ ပညာရှင် Veasey ကရေးသားခဲ့တာပါ။

ဒါပေမဲ့လည်း အိပ်ရေးပျက်တာ ပုံမှန်လို ဖြစ်လာတဲ့ အခါမျိုးမှာတော့ ပရိုတိန်းဓာတ်တွေ ဆက်မထုတ်တော့ပဲ ဆဲလ်တွေ ပျက်စီးမှုလည်း ပိုများလာတယ်လို့ ပြောပါတယ်။ သူနဲ့သူ့အဖွဲ့ကတော့ လူတွေမှာလည်း အလားတူ ဆုံးရှုံးပျက်စီးမှုတွေ ရှိမရှိ အတိအကျ သိနိုင်အောင် အိပ်ရေးပျက်တတ်တဲ့ အလုပ်ချိန်အတိုင်း အလုပ်လုပ်လေ့ ရှိတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ဆန်းသပ်စစ်ဆေးဖို့လည်း စီစဉ်နေကြပါတယ်။
XS
SM
MD
LG