သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DA14 ဂြိုဟ်ငယ် ကမ္ဘာနားဖြတ်သွား


Chebarkul ရေကန်မှ ရေခဲပြင်ပေါ် ဥက္ကာပျံအပိုင်းအစ ကြွေကျခဲ့ပြီး စက်ဝိုင်းသဏ္ဍန် အပေါက် ဖြစ်သွားခဲ့ပုံ။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃။)
Chebarkul ရေကန်မှ ရေခဲပြင်ပေါ် ဥက္ကာပျံအပိုင်းအစ ကြွေကျခဲ့ပြီး စက်ဝိုင်းသဏ္ဍန် အပေါက် ဖြစ်သွားခဲ့ပုံ။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃။)
2012 DA 14 လို့ခေါ်တဲ့ ဂြိုဟ်ငယ်တခုဟာ သောကြာနေ့တုန်းက ကမ္ဘာနားကနေ ဖြတ်ပြီး ပျံသန်းသွားခဲ့ပါတယ်။ အလျား ၄၅ မီတာရှည်တဲ့ အဲဒီ ဂြိုဟ်ငယ်ဟာ ကမ္ဘာ မြေနား ၁၆,၇၇၇ မိုင် အကွာ အထိကပ်ပြီး ပံျသန်းသွားတာဖြစ်ပြီး ဒါဟာ ကမ္ဘာမြေကလွှတ်တင်ထားတဲ့ တချို့ ဂြိုဟ်တုတွေထက်တောင်မှ ပိုပြီးတော့ နီးကပ်တယ်လို့ အမေရိကန် အာကာသ အေဂျင်စီ NASA က ပြောပါတယ်။

ရုရှားနိုင်ငံ Ural တောင်တန်းတွေမှာ ဥက္ကာပျံအသေးတခု ပေါက်ကွဲခဲ့ပြီး နာရီပိုင်းအကြာမှာ အခု ဒီဂြိုဟ်ငယ်ဟာ ကမ္ဘာနားကနေ ဖြတ်သွားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဂြိုဟ်ငယ်ဟာ ကမ္ဘာမြေကို ထိမှန်ပြီး အန္တရာယ်ပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့ NASA က အစောပိုင်းက ပြောဆိုထားပါတယ်။

ဒီဂြိုဟ်ငယ်ဟာ အလွန်သေးငယ်တဲ့အတွက် သာမန်မျက်စိနဲ့ ကြည့်လို့မမြင်နိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ သြစတြေးလျနိုင်ငံက အာကာသ စူးစမ်းလေ့လာသူတွေကတော့ ဒီဂြိုဟ်ငယ်ရဲ့ အဖျားပိုင်းကို အာကာသကိုကြည့်တဲ့ မှန်ဘီလူးတွေနဲ့ ကြည့်နိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် အဲဒီဂြိုဟ်ငယ်ဟာ ရိုင်ဖယ်သေနတ်ကျည်ဆံထက် ၈ ဆလောက်ပိုမြန်တဲ့ အမြန်နှုန်းနဲ့ ပျံသန်းသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

DA14 ဂြိုလ်နဲ့ အရွယ်အစားဆင်တူတဲ့ ဂြိုလ်ငယ်တခု ၁၉၀၈ ခုနှစ်က ကမ္ဘာနဲ့တိုက်မိပြီး ကမ္ဘာမြေ ထဲေ ရာက်လာချိန်မှာ ပေါက်ကွဲခဲ့တဲ့အတွက် စတုန်ရန်းမိုင် ၈၂၀ လောက် အကွာအဝေး ထဲမှာရှိတဲ့ သစ်ပင်တွေ မီးလောင်ခဲ့ဖူးပါတယ်ခင်ဗျာ။
XS
SM
MD
LG