တိုက်ခေါင်မိုးမှာ လေယာဉ် ပထမဆုံးအကြိမ်ဆင်းသက်အောင်မြင်
စွန့်စားသရုပ်ပြလေယာဉ်မှူးတစ်ဦးဟာ ဒူဘိုင်းမြို့က နာမည်ကျော် မိုးမျှော်တိုက်ခေါင်မိုး နေရာကျဉ်းကျဉ်းလေးမှာ လေယာဉ်ငယ်လေးတစ်စင်းကို အောင်အောင်မြင်မြင် ဆင်းသက်ပြနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကစလို့ အကြိမ်ပေါင်း ၆၅၀ အစမ်းလေ့ကျင့်ခဲ့ရတာဖြစ်ပြီး အဲဒီ ဒူဘိုင်းက အထပ်ပေါင်း ၅၆ ထပ်မြင့်တဲ့ နာမည်ကျော် Burj Al-Arab ဟိုတယ်က တစ်ညတည်းခိုစရိတ် ဈေးအမြင့်ဆုံး ဒေါ်လာ ၂ သောင်းခွဲထိ ဈေးကြီးတဲ့ ဟိုတယ် ဖြစ်ပါတယ်။