သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Smart ဖုန်း ရောင်ခြည် ကျန်းမာရေးထိခိုက်


လက်ကိုင်ဖုန်း၊ Tablet ကွန်ပြူတာ ပစ္စည်းတွေက ထွက်တဲ့အလင်းရောင်ကို ကြာကြာ ကြည့်တာက လူကြီးနဲ့ကလေးတွေရဲ့ အိပ်ပျော်နိုင်မှုအရည်အသွေးကို ထိခိုက်နိုင်တယ်လို့ အဆက်အစပ်မရှိတဲ့ သုတေသန စာတမ်း ၂ ခုမှာ မကြာခင်က အတည်ပြုလိုက်ပါတယ်။

စမတ်ဖုန်းနဲ့ Tablet ကွန်ပြုတာတွေက လူတွေရဲ့နေ့စဉ်ဘဝကို အရမ်းမြန်မြန်ထိုးဖောက်လာတော့ သိပ္ပံပညာရှင်တွေအနေနဲ့သူတို့ရဲ့ သက်ရောက်မှုတွေကို လေ့လာဖို့ အချိန်သိပ်မရလိုက်ပါဘူး။

အိပ်ချိန်နီးလာတဲ့အချိန်မှာ ဒီလို အသုံးပစ္စည်းတွေကိုသုံးရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ကို ထိခိုက်နိုင်တယ်လို့California တက္ကသိုလ်နဲ့London King’s College က သုတေသနပြုသူတွေက ပြောပါတယ်။

အိပ်ရေးပျက်တာကနေ အဝလွန်မှု၊ ဆီးချို နဲ့စိတ်ကျရောဂါဖြစ်လာနိုင်တယ်လို့အရင်က သုတေသနပြုမှုတွေမှာ ဖော်ပြထားပါတယ်။

ရက် ၃၀ ပိုင်းခြားတွင်းမှာ လူကြီး ၆၅၃ ယောက်ရဲ့ ဖန်သားပြင်ကို ကြည့်တဲ့အချိန် နဲ့သူတို့ရဲ့ အိပ်ချိန်နဲ့ အိပ်ရေးဝမှုတွေကို တိုင်းတာပြီးတော့ California တက္ကသိုလ်က သုတေသနပြုထားတာပါ။

အထူးသဖြင့် အိပ်ခါနီးအချိန်တွေမှာ ဖန်သားပြင်ကို ကြည့်ချိန်များလေလေ အိပ်ချိန်နည်းပြီး အိပ်ရေးလည်းမဝဘဲ ဖြစ်တာကို သိသိသာသာ ဆက်စပ်နေတာတွေ့ရပါတယ်။ တိုက်ကြီး ၄ခု က သုတေသနပြုမှု ၂၀ ကို လန်ဒန် King’s College မှာ ပြန်စစ်ဆေးမှုလုပ်ထားတာမှာ ကလေးရဲ့ အိပ်ခန်းထဲမှာ အင်တာနက်သုံးနိုင်တဲ့ ကိရိယာထားတာက ကလေးရဲ့ အိပ်ရေးဝမှုကို ၂ ဆပို သက်ရောက်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။

Smart ဖုန်း ရောင်ခြည် ကျန်းမာရေးထိခိုက်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG