သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူတပါးဆေးလိပ်ငွေ့ကြောင့် ဦးနှောက်ယိုယွင်းနိုင်


ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ သူများဆီက ဆေးလိပ်အငွေ့ ရှူနေရသူတွေနဲ့ ဦးနှောက် ယိုယွင်းမှုဟာ သိသိသာသာကို ဆက်စပ်နေတယ်ဆိုတာကို တရုတ်နိုင်ငံက ပြုလုပ်တဲ့ လေ့လာမှု တရပ်က ပထမဆုံးအကြိမ်အဖြစ် ဖော်ထုတ်လိုက်ပါတယ်။

Passive Smoking လို့ခေါ်တဲ့ သူများသောက်တဲ့ ဆေးလိပ်ငွေ့ ရှူရတာကြောင့် နှလုံးရောဂါနဲ့ အဆုတ်ကင်ဆာတို့ကို ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဆေးလိပ်သောက်သူ သန်းပေါင်း ၃၅၀ ကျော်ရှိပြီး ကမ္ဘာပေါ်မှာ ဆေးလိပ် အသောက်ဆုံးနိုင်ငံ ဖြစ်ပါတယ်။

အသက်အရွယ်ကြီးရင့်သူဦးရေ တိုပွားလာတာနဲ့အမျှ ဦးနှောက်ယိုယွင်းမှု ဝေဒနာရှင်လည်း အများဆုံးရှိတဲ့နိုင်ငံပါ။ လန်ဒန် King's ကောလိပ်နဲ့ Anhui ဆေးတက္ကသိုလ်တို့က သုတေသီတွေဟာ တရုတ်နိုင်ငံ၊ နယ်ငါးခုက အသက် ၆၀ ကျော် လူ ၆ ထောင်လောက်အတွက် သူတို့ရဲ့ ဆေးလိပ် သောက်သုံးမှု၊ ဆေးလိပ်အငွေ့ ရှူရှိုက်ရမှုနဲ့ ဦးနှောက်ယိုယွင်းမှု အခြေအနေတို့ကို စိစစ်မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။

လူတွေအတွက် ဆေးလိပ်ငွေ့ကနေ အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း ဒီလေ့လာချက် က ဖော်ပြနေတယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရိုလင်းချဲန်းက ဆိုပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၁ % လောက်ပဲ လူစုလူဝေးထဲမှာ ဆေးလိပ်သောက်ဖို့ ပိတ်ပင်ထားတဲ့နိုင်ငံတွေ မှာ နေနေကြတာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG