သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်အန္တရာယ် သိထားတာထက် ကြောက် မက်ဖွယ်

ဆေးလိပ်စွန့်ပစ်အမှိုက်ပုံး။
ဆေးလိပ်စွန့်ပစ်အမှိုက်ပုံး။
စီးကရက်သောက်ခြင်းရဲ့အန္တရာယ်ဟာ အရင်တုန်းက ထင်ထားတာထက် ပိုပြီးတော့ ဆိုးဝါးပြင်းထန်တယ်လို့ အမေရိကန်ပြည်ထောင်စု ဆေးမှုးချုပ်ရဲ့ အစီရင်ခံစာ အသစ်တစ်ခုက သတိပေးဖော်ပြလိုက်ပါတယ်။ ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာဖြစ်စေတယ်ဆိုတာ အတည်ပြုထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာရဲ့ နှစ် ၅၀ပြည့် အထိမ်းအမှတ် အစီရင်ခံစာနဲ့အတူ အခုလေ့လာတွေ့ရှိချက် အသစ်ကို သောကြာနေ့တုန်းက ထုတ်ပြန်လိုက်တာပါ။<br /> <br /> ဆေးလိပ်သောက်ရင် အသဲနဲ့ အူမကြီးကင်ဆာ ဆီးချိုရောဂါ အရိုးအဆစ်ရောင်ရမ်းတာနဲ့ ပန်းသေပန်းညိုးရောဂါတွေပါဖြစ်နိုင်တယ်လို့ အဲဒီအစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။ ၁၉၆၄ ခုနှစ်က သတိပေးချက်ပေါ်ထွက်ခဲ့ချိန် ဆေးလိပ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စတင်ခဲ့ချိန်ကစပြီး အမေရိကန်ပြည်ထောင်စုမှာ ဆေးလိပ်သောက်သူ အရည်အတွက် ၄၂ ရာခိုင်နှုန်းကနေ ၁၈ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ပါတယ်။
This item is part of
XS
SM
MD
LG