သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းလာသူ ၅၀ ဝန်းကျင် ယီမန်ကမ်းလွန်မှာ ရေနစ်သေဆုံး


 ရွှေ့ပြောင်းအခြေချနေသူများကို ကယ်ဆယ်နေပုံ ( ဇွန်လိုင်လ ၂၃ယ ၂၀၁၇)
ရွှေ့ပြောင်းအခြေချနေသူများကို ကယ်ဆယ်နေပုံ ( ဇွန်လိုင်လ ၂၃ယ ၂၀၁၇)

လူမှောင်ခိုကူးတဲ့သူတွေဟာ ဆယ်ကျော်သက်အရွယ် ဆီုမာလီ နဲ့ အီသီယိုပီးယား ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားသူတွေကို ယီမင်ကမ်းလွန်ပင်လယ်ပြင်ထဲကို မောင်းချခဲ့တာကြောင့် ၅၀ လောက်ရေနှစ်သေဆုံးခဲ့တယ်လို့ ရွှေ့ပြောင်းအခြေချနေထိုင်သူများအခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ယီမင်နိုင်ငံတောင်ပိုင်းက Shabwa ပြည်နယ်မှာ နိုင်ငံတကာရွှေ့ပြောင်းအခြေချနေထိုင်သူများအကူအညီပေးရေးအဖွဲ့ IOM ကင်းလှည့်စဉ်အတွင်း သေဆုံးသူလူငယ်အတော်များများ မြှုပ်နှံထားတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီလူတွေကို အသက်မသေဘဲကျန်ရစ်ခဲ့သူတွေက မြှုပ်နှံခဲ့တာဖြစ်ပါတယ်။

စက်လှေပေါ်မှာ လူ ၁၂၀ လောက်ပါပြီး၊ သူတို့ဟာ အာဖရိကဦးချိုဒေသကနေ ယီမင်နိုင်ငံကို စက်လှေနဲ့ ဖြတ်ခဲ့တာဖြစ်တယ်လို့ အသက်မသေဘဲကျန်ရစ်သူတွေက ပြောပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာ ပြင်းထန်တဲ့ လေတိုက်နှုန်းကြောင့်၊ အခုနှစ်အတွင်း ကီလိုမီတာ ၂၀၀ ကနေ ၃၀၀ လောက်ရှိတဲ့ ဒီလမ်းကြောင်းဟာ အခုနှစ်အတွင်း အတော်လေးကို အသက်အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့ ခရီးလမ်းကြောင်းဖြစ်ပါတယ်။

လူကုန်ကူးတဲ့သူတွေဟာ ကမ်းကိုကပ်လာတာနဲ့အမျှ၊ သူတို့ကို ကမ်းပေါ်မှာရှိတဲ့ အာဏာပိုင်တွေက တွေ့သွားတယ်လို့ စိုးရိမ်သွားပုံရတဲ့အတွက် စက်လှေပေါ်ပါလာတဲ့သူတွေကို ရုတ်တရက် မောင်းချခဲ့တာဖြစ်တယ်လို့ အသက်မသေဘဲ ကျန်ရစ်သူတွေက ပြောပါတယ်။ အဲဒီအချိန်က သူတို့ဟာ ကမ်းနဲ့ ဘယ်လောက်အကွာမှာ ပင်လယ်ထဲကိုဆင်းခဲ့ရတယ်ဆိုတာ သေချာမသိရဘူးလို့ ပြောပါတယ်။ အသက်မသေဘဲ ကျန်ရစ်သူ ၂၇ ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ နောက်ထပ် ၂၂ ယောက် ပျောက်ဆုံးနေသေးကြောင်း၊ ၅၀ လောက် သေဆုံးတယ်လို့ ခန့်မှန်းတယ်လို့ IOM တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG