သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SNLD ပါတီ မှတ်ပုံပြန်တင်မည် မဟုတ်


SNLD party Flag (Courtesy: SNLD Facebook)
SNLD party Flag (Courtesy: SNLD Facebook)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ပါတီ မှတ်ပုံပြန်တင်ဖို့ မရှိတဲ့အကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမယ်ဆိုတာ ရေရေရာရာ မရှိသလို၊ ပါတီ မှတ်ပုံတင်သင့် မတင်သင့် ပါတီဝင်တွေကြား သဘောထား ကောက်ခံဖို့ လွတ်လပ်လုံခြုံတဲ့ အနေအထား၊ လုံလောက်တဲ့အချိန်၊ လွတ်လပ်တဲ့ နိုင်ငံရေး စည်းရုံးလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ အနေအထား မရှိတာတွေကြောင့် အခုလို ဆုံးဖြတ်တာလို့ SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ဗွီအိုအေကို ပြောပါတယ်။

အခုလို မှတ်ပုံမတင်ရင် ပါတီ အလိုလို ဖျက်သိမ်းပြီးသား ဖြစ်တယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် က ကြေညာထားပေမဲ့ SNLD အနေနဲ့ ကတော့ ရွေးကောက်ပွဲ နည်းလမ်းတခုတည်းနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်းနဲ့ ဒီအတွက် မှတ်ပုံပြန်တင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကျားခေါင်းပါတီလို့လည်း လူသိများတဲ့ SNLD ပါတီဟာ လူနည်းစုတိုင်းရင်းသား ပါတီတွေထဲမှာတော့ အကြီးဆုံး ဖြစ်ပါတယ်။ မကြာခင်က ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်မှာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်တွေကို အတော်လေး ကန့်သတ်ထားပါတယ်။

=== Unicode ===




XS
SM
MD
LG