သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းဆောင်တွေ မလွတ်သေးလို့ ပြန်လည်သင့်မြတ်ရေး SNLD မယုံကြည်


ဒီကနေ့ လွတ်မြောက်လာသူတွေထဲမှာ ဦးခွန်ထွန်းဦးအပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ခေါင်းဆောင်တချို့ ပါမလာသေးတာနဲ့ ပတ်သက်ပြီးတော့ ဗီအိုအေ သတင်းထောက် ကိုမိုးဇော်ကနေ SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

"ကျနော်တို့ကတော့ ဒီလွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့နေရာမှာ ချွင်းချက်မရှိ အားလုံးကို တပြိုင်ထဲ လွတ်စေချင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော် အစိုးရအနေနဲ့လည်းဘဲ ပြည်သူတွေအပေါ်မှာ ယုံကြည်မှု တည်ဆောက်နေရတဲ့အချိန်၊ ပြည်သူတွေရဲ့ ယုံကြည် ကိုးစားမှုကို ရယူနေရတဲ့အချိန်မှာ တိုင်းရင်းသား ပြည်သူတရပ်လုံး မျှော်လင့်နေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးဖို့ဆိုတဲ့ ကိစ္စကို အားလုံးကို တခါထဲ လွတ်ပေးစေချင်တယ်။

ဒါမှသာလျှင် အမျိုသားပြန်လည် ရင်ကြားစေ့ရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကို စတင် ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တခါ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းဆိုတာလဲဘဲ ပြည်သူ လူထုတရပ်လုံးက ဝိုင်းဝန်း ပါဝင် ဆောင်ရွက်မှသာလျှင် ပြည့်စုံနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူထုရဲ့ ယုံကြည် ကိုးစားမှုကို
ရယူတဲ့အနေနဲ့ ဒီ ချွင်းချက်မရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို အမြန်ဆုံး ချမှတ်ဖို့ကို တိုက်တွန်း တောင်းဆိုလိုပါတယ်။"


နောက်တခုက ဒီရက်ပိုင်းတွေအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီက မှတ်ပုံတင်ဖို့တို့ ဘာတို့တွေ ရှိနေတယ်။ ဆရာတို့ SNLD နဲ့ တခြား ၉၀ ပြည့်နှစ်က
ပါတီတွေအနေနဲ့ကျတော့ရော ဆရာ။

"အဲဒါကျတော့ ကျနော်တို့ ပြောဖို့ စောပါဦးမယ်။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ ကိုယ်၌က လောလောဆယ် ထောင်ထဲမှာဘဲ ရှိနေသေးတယ်လေ။ အဲဒီ ပုဂ္ဂိုလ်တွေကိုတောင်မှ လွတ်မပေးသေးဘူးဆိုလို့ရှိရင်တော့ ဒီပုဂ္ဂိုလ်တွေ ဆိုတာကလဲဘဲ အမျိုးသား ညီလာခံကို လက်မခံလို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံလို့ဆိုပြီး အရေးယူခံနေရတဲ့ အနေအထားလေ။

အဲဒီတော့ သူတို့ကို လွတ်မပေးသေးဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပသွားမယ့် ဒီ သူတို့ မှတ်ပုံတင်ရေး ကိစ္စဆိုတာကတော့ လေလောဆယ် ပြောဖို့က အင်မတန်ကို စောနေပါသေးတယ်ခင်ဗျ။ အဲဒီအပြင်ကို ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ် အားလုံးကို လွတ်ပေးပြီးမှသာလျှင် ကျနော်တို့အနေနဲ့ ထည့်သွင်း စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။"


XS
SM
MD
LG