သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ႏွင္းမုန္တိုင္းေၾကာင့္ ေက်းဇူးေတာ္ေန႔ ခရီးသြားလာမႈ ထိခိုက္


ႏွင္းမုန္တုိင္းေၾကာင့္ ကားမ်ားသြားလာရခက္ခဲေနသည့္ ျမင္ကြင္း။ (ႏုိဝင္ဘာ ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ဒီကေန႔က်ေရာက္တဲ့ ေက်းဇူးေတာ္ေန႔မွာ ႏို္င္ငံေနရာ ေတာ္ေတာ္မ်ားမ်ား ႏွင္းမုန္တိုင္းဒဏ္ ခံေနရတဲ့အတြက္ ခရီးသြားလာေရးေတြ အႀကီးအက်ယ္ ထိခိုက္ေနပါတယ္။

ဗုဒၶဟူးေန႔ ေန႔လယ္ပုိင္းအထိ ေလယာဥ္ခရီးစဥ္ ၅၀၀ ေက်ာ္ ဖ်က္သိမ္းခဲ့ရၿပီး ၉ ေထာင္ေက်ာ္ ေႏွာင့္ေႏွးခဲ့တယ္လို႔ FlightAware ဆိုတဲ့ ေလယာဥ္ခရီးစဥ္ေတြရဲ႕ ေနာက္ဆံုးအေျခအေနကို ေဖာ္ျပတဲ့ Website မွာ ေဖာ္ျပခဲ့ပါတယ္။

အေမရိကန္မိသားစုေတြ ျပန္လည္ဆံုေတြ႔ၾကေလ့ရွိတဲ့ ေက်းဇူးေတာ္ေန႔မွာ အေမရိကန္ သန္း ၅၀၀ ေက်ာ္ မိုင္ ၅၀ ထက္အကြာအေဝးကို ခရီးသြားၾကမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ႏိုင္ငံအေနာက္ဘက္ျခမ္းေဒသနဲ႔ Rocky ေတာင္တန္းေဒသဘက္ကို တိုက္ခတ္ခဲ့တဲ့ ႏွင္းမုန္တုိင္းႀကီးဟာ ေတာင္ Dakota, Iowa, Michigan, Minnesota နဲ႔ Wisconsin ျပည္နယ္ေတြဘက္ကို ဗုဒၶဟူးေန႔က ဝင္ေရာက္ခဲ့ပါတယ္။

ပမာဏမ်ားတဲ့ ႏွင္းေတြနဲ႔အတူ ေလျပင္းတိုက္ႏႈန္း ၁ နာရီကို ကီလို ၁၂၀ ေလာက္အထိနဲ႔ မုန္တိုင္းႀကီးေနာက္တခု ႏုိင္ငံရဲ႕ အေနာက္ဘက္ျခမ္းကို ထပ္ဝင္ဖုိ႔ရွိေသးတယ္လို႔ အမ်ဳိးသားမိုးေလဝသဌာနက သတိေပးထားပါတယ္။

Midwest အေနာက္အလယ္ပိုင္းနဲ႔ အေရွ႕ေျမာက္ပိုင္းေဒသေတြမွာလည္း ႏွင္းေတြအမ်ားႀကီးက်ၿပီး ေလျပင္းတိုက္ခတ္မယ္လို႔ ခန္႔မွန္းထားပါတယ္။

အဲဒီေဒသေတြက ျပည္နယ္နဲ႔ ေဒသႏၱရ တာဝန္ရွိသူေတြက ျဖစ္ႏိုင္ရင္ ခရီးမသြားၾကဖုိ႔ တိုက္တြန္းထားပါတယ္။

နယူးေယာက္ၿမိဳ႕မွာဆို ဒီကေန႔ ၾကာသပေတးေန႔မွာ ေလျပင္း တနာရီမိုင္ ၅၀ ေလာက္အထိ တိုက္မယ္လို႔ ခန္႔မွန္းထားပါတယ္။ နယူးေယာက္ၿမိဳ႕ Macy’s ကုန္တုိက္ႀကီးကေန ေက်းဇူးေတာ္ေန႔တိုင္း က်င္းပတဲ့ ေလထိုး႐ုပ္ႀကီးေတြ စီတန္းလွည့္လည္ အလွျပတဲ့ပြဲမွာ အ႐ုပ္ႀကီးေတြကို ေလျပင္းတိုက္မႈ တနာရီ ၃၄ မိုင္ေက်ာ္ရင္ လွည့္လည္မျပရဘူးလို႔ ၿမိဳ႕ဥပေဒအရ သတ္မွတ္ထားတာပါ။

ဒါေပမယ့္ ဧရာမေလထိုး႐ုပ္ႀကီးေတြ လွည့္လည္ အလွျပႏိုင္မွာျဖစ္တယ္လို႔ ၿမိဳ႕ေတာ္ဝန္ Bill de Blasio က Twitter ေပၚမွာ ေရးသားခဲ့ပါတယ္။

--------------------------------

(Unicode)

ကန် နှင်းမုန်တိုင်းကြောင့် ကျေးဇူးတော်နေ့ ခရီးသွားလာမှု ထိခိုက်

အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ကျရောက်တဲ့ ကျေးဇူးတော်နေ့မှာ နိုင်ငံနေရာ တော်တော်များများ နှင်းမုန်တိုင်းဒဏ် ခံနေရတဲ့အတွက် ခရီးသွားလာရေးတွေ အကြီးအကျယ် ထိခိုက်နေပါတယ်။

ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းအထိ လေယာဉ်ခရီးစဉ် ၅၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ၉ ထောင်ကျော် နှောင့်နှေးခဲ့တယ်လို့ FlightAware ဆိုတဲ့ လေယာဉ်ခရီးစဉ်တွေရဲ့ နောက်ဆုံးအခြေအနေကို ဖော်ပြတဲ့ Website မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်မိသားစုတွေ ပြန်လည်ဆုံတွေ့ကြလေ့ရှိတဲ့ ကျေးဇူးတော်နေ့မှာ အမေရိကန် သန်း ၅၀၀ ကျော် မိုင် ၅၀ ထက်အကွာအဝေးကို ခရီးသွားကြမယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံအနောက်ဘက်ခြမ်းဒေသနဲ့ Rocky တောင်တန်းဒေသဘက်ကို တိုက်ခတ်ခဲ့တဲ့ နှင်းမုန်တိုင်းကြီးဟာ တောင် Dakota, Iowa, Michigan, Minnesota နဲ့ Wisconsin ပြည်နယ်တွေဘက်ကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်ခဲ့ပါတယ်။

ပမာဏများတဲ့ နှင်းတွေနဲ့အတူ လေပြင်းတိုက်နှုန်း ၁ နာရီကို ကီလို ၁၂၀ လောက်အထိနဲ့ မုန်တိုင်းကြီးနောက်တခု နိုင်ငံရဲ့ အနောက်ဘက်ခြမ်းကို ထပ်ဝင်ဖို့ရှိသေးတယ်လို့ အမျိုးသားမိုးလေဝသဌာနက သတိပေးထားပါတယ်။

Midwest အနောက်အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာလည်း နှင်းတွေအများကြီးကျပြီး လေပြင်းတိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီဒေသတွေက ပြည်နယ်နဲ့ ဒေသန္တရ တာဝန်ရှိသူတွေက ဖြစ်နိုင်ရင် ခရီးမသွားကြဖို့ တိုက်တွန်းထားပါတယ်။

နယူးယောက်မြို့မှာဆို ဒီကနေ့ ကြာသပတေးနေ့မှာ လေပြင်း တနာရီမိုင် ၅၀ လောက်အထိ တိုက်မယ်လို့ ခန့်မှန်းထားပါတယ်။ နယူးယောက်မြို့ Macy’s ကုန်တိုက်ကြီးကနေ ကျေးဇူးတော်နေ့တိုင်း ကျင်းပတဲ့ လေထိုးရုပ်ကြီးတွေ စီတန်းလှည့်လည် အလှပြတဲ့ပွဲမှာ အရုပ်ကြီးတွေကို လေပြင်းတိုက်မှု တနာရီ ၃၄ မိုင်ကျော်ရင် လှည့်လည်မပြရဘူးလို့ မြို့ဥပဒေအရ သတ်မှတ်ထားတာပါ။

ဒါပေမယ့် ဧရာမလေထိုးရုပ်ကြီးတွေ လှည့်လည် အလှပြနိုင်မှာဖြစ်တယ်လို့ မြို့တော်ဝန် Bill de Blasio က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG