သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရှေ့မြောက် နှင်းမုန်တိုင်းဝင်မည်


NOAA မုန်တိုင်းစောင့်ကြည့်ရေးက ထုတ်ပြန် တဲ့ နှင်းမုန်တိုင်းဖြစ်ပေါ် လာနိုင်တဲ့ ဂြိုလ်တုဓာတ်ပုံ (ဖေဖော်ဝါရီ ၇၊ ၂၀၁၃)
NOAA မုန်တိုင်းစောင့်ကြည့်ရေးက ထုတ်ပြန် တဲ့ နှင်းမုန်တိုင်းဖြစ်ပေါ် လာနိုင်တဲ့ ဂြိုလ်တုဓာတ်ပုံ (ဖေဖော်ဝါရီ ၇၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းဖက်ကို သမိုင်းမှာ အဆိုးဆုံး ဖြစ်နိုင်တဲ့ အင်အားပြင်း နှင်းမုန်တိုင်းတခု ဦးတည်နေတဲ့အတွက် အဲဒီ့ဒေသတွေမှာ နေထိုင်သူတွေကို အိမ်ထဲမှာပဲနေကြဖို့နဲ့ တတ်နိုင်ရင် ကားတွေ မသွားကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။

မြောက်ပိုင်း Main ပြည်နယ်ကနေ NY ပြည်နယ်အထိ၊ NY မြို့ Boston မြို့တွေအပါအဝင် သောကြာနေ့ မနက်ကနေ စနေနေ့ နေ့လည်ပိုင်းအထိ နှင်းမုန်တိုင်းအန္တရာယ်ရှိတယ်လို့ အမျိုးသား မိုးလေဝသဌာနက သတိပေးထားပါတယ်၊ ၂ပေလောက် အမြင့်အထိ နှင်းတွေ ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်းတိုင်းဝင်နေချိန်ကာလအတွင်း ရေခဲလောက်တဲ့အထိ အပူချိန်ကျဆင်းပြီး၊ မမြင်ရလောက်တဲ့ အထိ လေပြင်းနဲ့ နှင်းတွေ ကျနိုင်သလို လေတိုက်နှုန်းကလဲ တနာရီကို ၆၅ မိုင်နှုန်းနဲ့ တိုက်နိုင်တဲ့အတွက် အခြေအနေဟာ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ပြင်းထန်တယ်လို့ သတိပေးထားပါတယ်။
XS
SM
MD
LG