သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden ကိုခိုလှုံခွင့်မပေးဖို့ အီကွေဒေါကို အမေရိကန်တိုက်တွန်း


အီကွေဒေါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ တောင်းခံနေတဲ့ အမေရိကန်ထောက် လှမ်းရေး အဖွဲ့ရဲ့ ဝန်ထမ်းတဦးဖြစ်တဲ့ Edward Snowden နဲ့ ပတ်သက်ပြီးတော့ အမေရိကန်ဒုသမ္မတ ဂျိုးဘိုင်ဒန် နဲ့ အီကွေဒေါသမ္မတ တို့ ဆွေးနွေးပြောဆို ခဲ့ကြပါတယ်။

ဒုသမ္မတ ဂျိုးဘိုင်ဒန်က Snowden ရဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံတာကို လက်မခံဖို့အတွက် တောင်းဆိုခဲ့တယ်လို့ အီကွေဒေါသမ္မတ Rafael Correa က ပြောပါတယ်။ အမေရိကန်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေး အစီအစဉ်တွေကို ဖောက်ချခဲ့မှုနဲ့ ပတ်သက်ပြီးတော့ Snowden ကို အမေရိကန်အစိုးရက အလိုရှိနေတာဖြစ်ပါတယ်။

အမေရိကန်ဒုသမ္မတနဲ့ ပြောဆိုခဲ့တာတွေကို စနေနေ့တိုင်း ပြောကြားတဲ့ သူ့ရဲ့ အပတ်စဉ်မိန့်ခွန်းမှာ သမ္မတ Correa က အသေးစိတ် ထည့်သွင်းပြောကြား သွားခဲ့ပြီး၊ ဒုသမ္မတ ဘိုင်ဒန်နဲ့ သောကြာနေ့က စကားပြောခဲ့တာဖြစ်တယ် လို့ ပြောပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော်ကတော့ ဒုသမ္မတဘိုင်ဒန် နဲ့ အီကွေဒေါသမ္မတတို့ Snowden ရဲ့ ကိစ္စကို ဆွေးနွေးတယ်ဆိုတာကို ပြောကြား ခဲ့ပေမဲ့၊ အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။

Snowden ဟာ ဟောင်ကောင်ကို သွားရောက်ခဲ့ပြီးတော့၊ အဲဒီနောက် အမေရိကန်အမျိုးသားလုံခြုံရေးဌာနက အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းတွေကို တားဆီးနိုင်ဖို့အတွက် အရေးပါတဲ့၊ လျှို့ဝှက်စောင့်ကြည်တဲ့ အစီအစဉ်တွေ ဖွင့်ချခဲ့ပါတယ်။

အခုလ အစောပိုင်းတုန်းကတော့ Snowden ဟာ မော်စကိုမြို့ကို လေယာဉ်နဲ့ သွားရောက်ခဲ့ပြီး၊ အီကွေဒေါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့အတွက် ကြိုးပမ်းနေစဉ်မှာ သူဟာ မော်စကိုမှာရှိတဲ့ ခရီးသည်တွေ နားနေတဲ့နေရာမှာ နေ နေတယ်လို့ ယူဆရပါတယ်။
XS
SM
MD
LG