သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden ကိုခိုလှုံခွင့်ပေးဖို့ ဗင်နီဇွဲလားနဲ့ နီကာရာဂွာ ကမ်းလှမ်း


အမေရိကန်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအစီအစဉ်တွေကို ဖော်ထုတ်ခဲ့လို့ အမေရိကန်အစိုးရ အလိုရှိနေတဲ့ အဒ်ဝက်စနိုဒန် (Edward Snowden) ကို နိုင်ငံရေး ခိုလှုံခွင့်ပေးမယ်လို့ လက်တင်အမေရိကနိုင်ငံ ၂ ခုက ကမ်းလှမ်းလိုက်ပါတယ်။ အမေရိကန်ရဲ့ အရေးယူမှုရန်ကနေ Snowden ကို အကာအကွယ်ပေးဖို့ လူသားချင်းစာနာမှုဆိုင်ရာ ခိုလှုံခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဗင်နီဇွဲလား (Venezuelan) သမ္မတ နီကိုးလက်စ် မာဒူရို (Nicolas Maduro) ကသောကြာနေ့က ပြောခဲ့ပါတယ်။

နီကာရာဂွာ (Nicaragua) သမ္မတ ဒန်နီရယ်အော်တီဂါ (Daniel Ortega) ကလည်း အခြေအနေ ပေးမယ်ဆိုရင် စနိုဒန် ကို နိုင်ငံရေးခိုလှုံခွင့်ပေးမယ် လို့ သောကြာနေ့ကပဲ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ NSA မှာ ကွန်ထရက်ဝန်ထမ်းလုပ်ခဲ့သူ အဒ်ဝက်စနိုဒန် အနေနဲ့ အဲဒီ ၂ နိုင်ငံလုံးကို ဘယ်လို အရောက်သွားနိုင်မလဲ ဆိုတာကိုတော့ ရှင်းရှင်း မသိရသေးပါဘူး။

လောလောဆယ် ရုရှားနိုင်ငံ မော်စကိုမြို့တော်က အပြည်ပြည်ဆိုင်ရာ လေဆိပ် ထဲမှာ ရှိနေတယ်လို့ ယုံကြည်ရတဲ့ စနိုဒန် ဆီမှာ ခရီးသွားနိုင်ဖို့ အထောက်အထား စာရွက်စာတမ်းတွေ မရှိတဲ့အတွက် ဘယ်ကိုမှ ခရီးဆက်လို့ မရဖြစ်နေပါတယ်။ သူဟာ နိုင်ငံပေါင်း ၁၂ နိုင်ငံကျော်မှာ ခိုလှုံခွင့်ပေး ဖို့ တောင်းခံထားပါတယ်။

အမေရိကန်ပြည်သူတွေရဲ့ တယ်လီဖုန်း ဆက်သွယ်မှုမှတ်တမ်းတွေကို NSA ကလိျှု့ဝှက် ရယူတယ်ဆိုတာကို ဖော်ထုတ်ခဲ့တဲ့အတွက် အမေရိကန်ကတော့ စနိုဒန်ကို အရေးယူနိုင်ဖို့ အလိုရှိနေပါတယ်။
XS
SM
MD
LG