ရုရှားအစိုးရရကိုယ်စား ပြောကြားလေ့ရှိတဲ့ သြဇာကြီးတဲ့ ရုရှားလွှတ်တော် အမတ်က အမေရိကန် ထောက်လှမ်းရေး ဝန်ထမ်းဟောင်း Edward Snowden ကို ဗင်နီဇွဲလား (Venezuela) အစိုးရရဲ့ နိုင်ငံရေးခိုလှုံဖို့ ကမ်းလှမ်းတာအတွက် လက်ခံလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ရုရှားလွှတ်တော် နိုင်ငံတကာရေးရာကော်မတီ အကြီးအကဲဖြစ်တဲ့ Alexei Pushkov က Snowden ရဲ့ အမှုနဲ့ပတ်သက်ပြီး သူ့ရဲ့ Twitter စာမျက်နှာမှာ အတော်များများ ရေးသားခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ မှာတော့ ဗင်နီဇွဲလား အစိုးရက Snowden ဆီက အဖြေကို စောင့်ဆိုင်းနေကြောင်း၊ ဒါဟာ သူ့အတွက် နိုင်ငံရေးခိုလှုံခွင့် ယူဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်တယ် လို့ ရေးသားခဲ့ပါတယ်။
Snowden ဟာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ် သူ ဟောင်ကောင်ကနေ လေယာဉ်နဲ့ ရုရှားကို လာရောက်ခဲ့ပြီးကတည်းက မော်စကိုလေဆိပ်မှာ ရှိတဲ့ ခရီးသည် နားခိုတဲ့ နေရာမှာပဲ ရှိနေမယ်လို့ ယုံကြည်ကြပါတယ်။ အမေရိကန်အစိုးရက သူ့ရဲ့ ခရီးသွားလာခွင့်လက်မှတ်ကို ရုတ်သိမ်းလိုက်တာမို့ သူဟာ ဘယ်ကိုမှ ခရီးဆက်မသွားနိုင်ပဲဖြစ်နေပါတယ်။
တချိန်တည်းမှာပဲ ဘရာဇီး (Brazil) နိုင်ငံထဲက တယ်လီဖုန်းနဲ့ အီးမေလ်း အဆက်အသွယ်တွေကနေ တဆင့် သန်းပေါင်းထောင်ချီတဲ့ အချက်လက်တွေကို အမေရိကန်က ခိုးယူမှာ သူ့အစိုးရအနေနဲ့ စိုးရိမ်ကြောင်း ဘရာဇီးလ် နိုင်ငံခြားရေး ဝန်ကြီး Antonio Patriota က ပြောပါတယ်။ နိုင်ငံတကာ အင်တာနက် လုံခြုံရေးကို အကာကွယ်ပေးဖို့ သူကြိုးစားမှာဖြစ်ကြောင်း ပြောဆိုလိုက်တဲ့ အပြင်၊ ဒါနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရဆီက ရှင်းလင်းချက်တွေ ပေးဖို့ လည်း တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ ဆက်သွယ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲ ပစ်ရေး အဆိုတင်သွင်းဖို့ပါ ဘရာဇီးက စီစဉ်နေတယ်လို့ပြောပါတယ်။