သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden ကို ရုရှားမှာ ၃ နှစ် ဆက်နေခွင့်ပြု


အမေရိကန် ထောက်လှမ်းရေး NSA က ဝန်ထမ်းဟောင်း Edward Snowden ။
အမေရိကန် ထောက်လှမ်းရေး NSA က ဝန်ထမ်းဟောင်း Edward Snowden ။

အမေရိကန် ထောက်လှမ်းရေး NSA က ဝန်ထမ်းဟောင်း Edward Snowden ကို ရုရှားနိုင်ငံမှာ နေထိုင်ခွင့် နောက်ထပ် ၃ နှစ် ထပ်ပေး လိုက်ပါပြီ။ စနိုဒန်ဟာ သတင်းနဲ့ နည်းပညာလုပ်ငန်းဆိုင်ရာ အလုပ်ကို လုပ်နေပြီး ဒီအလုပ်ကြောင့် ရုရှားမှာ ဆက်နေရမှာဖြစ်ကြောင်း စနိုဒန်ရဲ့ ရှေ့နေ အနာတိုလီ ကူချာရီနာ (Anatoly Kucharena) ကပြောပါတယ်။ အခုလို ရုရှားမှာ ဆက်လက် နေထိုင်ခွင့်ပြုတာအတွက် နိုင်ငံရေးခိုလှုံခွင့်နဲ့ နေသူအဖြစ် သတ်မှတ်မထားဘူးလို့လည်း ပြောပါတယ်။

စနိုဒန်ရဲ့ နိုင်ငံရေးခိုလှုံခွင့် တနှစ်သက်တမ်းဟာ သြဂုတ်လ ၁ ရက်နေ့မှာ ကုန်ဆုံး ခဲ့ပြီဖြစ်ပါတယ်။ စနိုဒန်ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံတော် သစ္စာဖေါက်မှု အပြင် အစိုးရပိုင်ပစ္စည်း ခိုးယူမှုနဲ့ တရားစွဲဆိုထားပါတယ်။


အမေရိကန်နိုင်ငံသား ဝရမ်းပြေးဖြစ်နေသူ စနိုဒန်ဟာ ၂၀၁၃ ခုနှစ် မေလတုန်းက အမေရိကန်အစိုးရရဲ့ ထောက်လှမ်းရေးဆိုင်ရာ လျို့ဝှက် အစီအစဉ် အသေးစိတ်တွေကို ဖေါက်ချပြီး ပြည်ပကို ထွက်ပြေးခဲ့သူဖြစ်ပါတယ်။
စနိုဒန်ရဲ့ လုပ်ရပ်ကို တချို့က လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူ သူရဲကောင်းအဖြစ် မြင်ကြသလို၊ တချို့ကတော့ ရာဇဝတ်မှု ကျူးလွန်သူ အဖြစ် မြင်ကြပြီး ကမ္ဘာကျော်သွားစေတာပါ။

XS
SM
MD
LG