သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်း ကိုယ်ရေးလုံခြုံမှု အမေရိကန်နဲ့ဗြိတိသျှ ထောက်လှမ်းရေးများ ချိုးဖျက်


Online ပေါ်ကနေဆက်သွယ်တဲ့ သတင်းအချက်အလက်တွေ လုံခြုံအောင် ပုံစံဖျက်ထားတဲ့လျှို့ဝှက် Code တွေကို အမေရိကန်နဲ့ ဗြိတိန် ထောက်လှမ်းရေး ဌာနတွေက ဖော်ထုတ် ထောက်လှမ်းခဲ့ကြတယ်လို့အမေရိကန် ထောက်လှမ်းရေးဆိုင်ရာ သုံးသပ်သူ Edward Snowden ဖော်ထုတ်ခဲ့တဲ့
အချက်အလက်တွေမှာ ရည်ညွှန်းပြသနေပါတယ်။

လူပေါင်း သန်းနဲ့ချီရဲ့ကိုယ်ရေးမှတ်တမ်းတွေ၊ Online ပေါ်ကနေ ငွေအပြောင်းအရွှေ့လုပ်တာတွေ၊ Email တွေကို လုံခြုံအောင်လို့ လွယ်လွယ်နဲ့ ဖော်လို့ မရတဲ့ လျှို့ဝှက်ဂဏန်းတွေကို အသုံးပြုပါတယ်။

Snowden ဖော်ထုတ်ခဲ့တဲ့ အချက်အလက်မှတ်တမ်းတွေထဲမှာ အမေရိကန် အမျိုးသားလုံခြုံရေးဌာန NSA နဲ့ ဗြိတိန်အစိုးရရဲ့ ဆက်သွယ်ရေးဆိုင်ရာ ရုံးချုပ်တို့က Internet အသုံးပြုသူတွေရဲ့ Online ပေါ်က ဆက်သွယ်ရေးတွေ၊ ကိုယ်ရေးမှတ်တမ်းတွေ မပေါက်ကြားစေရပါဘူးလို့ အင်တာနက်ကုမ္ပဏီတွေကို အာမခံချက်ပေးပြီး အတူ ပူးပေါင်း ထောက်လှမ်းနေတာဖြစ်တယ်လို့ ဖော်ပြနေပါတယ်။

လုံခြုံရေးအေဂျင်စီတွေက အင်တာနက်ကုမ္ပဏီတွေနဲ့ ပေါင်းပြီး Online ပေါ်မှာ ထောက်လှမ်းနိုင်ဖို့ လုံခြုံရေး Software တွေရဲ့ ဟာကွက်တွေကို တမင် ထားတယ်လို့ မှတ်တမ်းတွေက ပြောပါတယ်။

ဒီလိုထောက်လှမ်းနိုင်ဖို့ NSA က ၁ နှစ်ကို ဒေါ်လာ သန်း ၂၅၀ လောက် အကုန်အကျခံသလို Yahoo Google Hotmail နဲ့ Facebook တို့လို အင်တာနက် ကုမ္ပဏီတွေက Online ပေါ်က Data အသွားအလာ လုံခြုံအောင်လုပ်တဲ့ လမ်းကြောင်းတွေထဲကို ဝင်ပြီး ဗြိတိန် လုံခြုံရေးအေဂျင်စီတွေက ထောက်လှမ်းတယ်လို့လည်း ဖော်ပြနေပါတယ်။

အမေရိကန်အစိုးရကတော့ NSA ရဲ့ထောက်လှမ်းမှုတွေဟာ အကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့ဖြစ်တယ်လို့ စောဒကတက် ဖြေရှင်းထားပါတယ်ရှင်။
XS
SM
MD
LG