သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဆူညံသံ


အသံချဲ့စက်အသုံးများမှု

လူငယ်အများစုက ဆူညံသံတွေနဲ့ ပျော်ပွဲဆင်ဖို့ ကြိုးစားလေ့ရှိတာမို့ ဒီတပတ်တော့ ဆူညံသံနဲ့ ပတ်သက်တဲ့ သိကောင်းစရာလေးတွေကို ပြောပြပေးပါရစေ။

ဆူညံသံ
please wait

No media source currently available

0:00 0:07:08 0:00
တိုက်ရိုက် လင့်ခ်

ကားနဲ့မော်တော်ဆိုင်ကယ်တွေမှာ ဆူညံအိပ်ဇောတွေ တပ်ဆင်ပြီး မမောင်းအောင် စစ်ကိုင်းမြို့မှာ စပြီး လုပ်ဆောင်နေပါပြီ။ ယာဉ်စည်းကမ်းနဲ့ မညီပဲမောင်းနှင်နေတဲ့ ဆူညံအိပ်ဇောပိုက် တွေဟာ ပတ်ဝန်းကျင်ကို အနှောက်အယှက် ဖြစ်စေတာကြောင့် ဒါကို အားလုံးသတိပြုလာစေဖို့ ဖမ်းမိတဲ့ ဆူညံအိပ်ဇောပိုက် ၃၅၀ ကို စစ်ကိုင်းမြို့တော်ခန်းမရှေ့မှာ ဧပြီလ ၁၀ ရက်နေ့က အများသိအောင် ဖျက်ဆီးပြခဲ့တာပါ။

ဆူညံသံအပါအဝင် အသံတွေကို ကြားနိုင်စွမ်းဖြစ်တဲ့ သောတအာရုံ မပျက်စီးစေဖို့ သိပ်ကို အရေးကြီးတယ်လို့ ရူပဗေဒပညာရှင် ဒေါက်တာ ပဒေသာတင်ကပြောပါတယ်။

ဒေါက်တာ ပဒေသာတင် ။ ။“ဒီသောတအာရုံနဲ့ ခံစားမှုကနေ ဥာဏ်ပွင့်လင်းရာ အသိပညာ တိုးတက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် သောတအာရုံ မပျောက်ဖို့၊ နားလေးမသွားဖို့ သိပ်အရေးကြီးပါတယ်။ လူမှာတော့ အသံကိုခွဲခြားရာမှာ အသံကျယ်လောင်မှု၊ အသံအတိုးအကျယ် ပေါ့နော်။ နောက်အသံကြိန်နှုန်းမြင့်မှု၊ သာယာသံ၊ ဆူညံသံ ဆိုပြီးတော့ အများက ခွဲခြားသတ်မှတ် ပါတယ်။ သိပ္ပံနည်းကျကျလည်း ဒီလိုပဲ ခွဲတာပါပဲ။ အသံ သောတအာရုံကို အသံဖြစ်ဖို့ လူမှာ လက်ခံ နိုင်တဲ့ အစိတ်အပိုင်း receiver ရှိရမယ်။ ဥပမာအားဖြင့် အသံလွှင့်ရင် မိုက်ခရိုဖုံး ရှိမှ ဖြစ်သလို နားရှိမှ အသံကို ကြားနိုင်မှာပါ။ မိုက်ခရိုဖုံး ရှိပေမယ့် မိုက်ခရိုဖုံး ပျက်နေရင် တအား ကပ် အော်လည်း ဒီ မိုက်ခရိုဖုံးကနေ အသံသွင်းလို့ မရပါဘူး။ ဘာအသံမှ ဖမ်းလို့ မရသလိုပဲ နားမကြားတော့ နားလေးနေ ရင်လည်း ပျက်နေတဲ့ မိုက်ခရိုဖုံး အတိုင်းပါပဲ။ ဒါကြောင့် နားကောင်းဖို့ အလွန် အရေးကြီးပါတယ်။”

အသံလှိုင်းတုန်ခါတဲ့ ကြိမ်နှုန်းပေါ်မူတည်ပြီး အသံရဲ့ ကြားနိုင်စွမ်းကို တွက်နိုင်သလို ကြားနိုင်စွမ်းထက် လွန်သွားတဲ့ အသံတွေကိုလည်း အသုံးချဖို့ လုပ်နိုင်ပါတယ်။

ဒေါက်တာ ပဒေသာတင် ။ ။“သိပ်ကောင်းတဲ့လူရဲ့ နားဟာ ကြိမ်နှုန်း တစက္ကန့်မှာ ၂၅ ကြိမ် တုန်ခါမှုကနေ တစက္ကန့်မှာ အကြိမ် ၂ သောင်းကျော် အထိတောင် ကြားနိုင်စွမ်းရှိပါတယ်။ ဥပမာ အားဖြင့် ဗျောတို့၊ ပတ်မကြီးတို့ကို တီးရင် ကြားရတဲ့ ကြိမ်နှုန်းက တစက္ကန့်မှာ သူ့ရဲ့ ခါနှုန်းက အကြိမ် တရာလောက်ပဲ ရှိပါတယ်။ အလယ်က ပတ်စာနဲ့ သားရေပြား တုန်ခါ တာက တစက္ကန့်မှာ အကြိမ် တရာလောက် တုန်ခါတယ်။ ဒါကြောင့် အသံက ထူထူကြီး ထွက်လာတာပေါ့နော်။ low frequency ပေါ့။ ဒါပေမယ့် ကြေးစည် ဆိုပါတော့၊ ကြေးစည်ထုရင် ကြားရတဲ့ ကြိမ်နှုန်းက တစက္ကန့်မှာ အကြိမ် တထောင်ကနေ အကြိမ် ၆ ထောင် ၇ ထောင်လောက်အထိ မြင့်တဲ့အသံကို ထုတ်ပါတယ်။ ဒါ့ကြောင့် ကြေးစည်ရဲ့ အသံက ပိုပြီးတော့ လွင်တယ်။ ပိုပြီးတော့ ကြိမ်နှုန်းမြင့်တယ်။ တကယ်ဆိုရင် တချို့ ကြေးစည်တွေက တစက္ကန့်မှာ အကြိမ် တသိန်းကျော်အထိ တုန်ခါနိုင်အောင် ဖန်တီးလို့ ရပါတယ်။ ဒါပေမယ့် လူ့ရဲ့ သောတ အာရုံက ခုန ပြောသလိုပဲ နားက တစက္ကန့်မှာ အကြိမ် ၂ သောင်း - ၂ သောင်းခွဲ အထိပဲ၊ သိပ်ကောင်းတဲ့နားက ကြားနိုင်တာ။ ဒီ့ထက်မြင့်တဲ့ ကြိမ်နှုန်းနဲ့ လာတဲ့ အသံကို မကြားနိုင်တော့ဘူး။

လူကြားနိုင်တဲ့ သောတအာရုံထက် မြင့်တဲ့အသံကို Ultra sound လို့ခေါ်ပါတယ်။ ဥပမာ ကြေးစည်ထုတဲ့ အခါ ဘုန်းကြီးကျောင်းမှာ ကြေးစည်ကို အကျယ်ကြီးလွင်နေအောင် ထုလိုက်တဲ့အခါ ခွေးတွေ အူတယ် ဆိုတာ၊ ကျနော်တို့ မကြားရတဲ့ အသံထက် ပိုမြင့်တဲ့ အသံကို တချို့ တိရိစ္ဆာန်တွေက ကြားနိုင်ပါတယ်။ ဒီအသံဟာ သူတို့အတွက် အနှောက်အယှက် ဖြစ်တဲ့အတွက် သူတို့ မကြိုက်လို့ အူတာလဲ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ သောတအာရုံ - လူကြားနိုင်တဲ့ အာရုံထက် မြင့်တဲ့ အသံက အင်္ဂလိပ်လိုတော့ Ultra sound ပေါ့နော်။ Ultra sound ဓါတ်မှန် ရိုက်တယ် ဆိုတာ စက်ရဲ့ တုန်ခါမှုက ရိုးရိုးနားနဲ့ မကြားရပေမယ့် မြင်ရတဲ့ ဓါတ်မှန်နဲ့ ရိုက်လို့ ရတဲ့ ကြိမ်နှုန်း အဆင့်ရှိလို့ အဲဒါကို Ultra sound လို့ခေါ်တာပါ။”

ဆူညံသံ ဆိုတာဘာပါလဲ။ အသံရဲ့ အတိုးအကျယ်ကို ဘာနဲ့တိုင်းတာတာပါလဲ။

ဒေါက်တာ ပဒေသာတင် ။ ။“အသံရဲ့ အတိုးအကျယ်ကို ဒက်ဆီဘဲယ်နဲ့ တိုင်းပါတယ်။ DB လို့ ခေါ်ပါတယ်။ Decibel - ဒက်ဆီက တဆယ်၊ ဘဲလ်က အမေရိကန် တယ်လီဖုံးနဲ့ တယ်လီဂရပ်ဖ် AT&T စတည်ထောင်တဲ့ စကော့တလန် နိုင်ငံသား Alexander Graham Bell ကို ဂုဏ်ပြုပြီး ခေါ်တဲ့ နံမယ်။ အသံ အနိမ့်အမြင့် အသံ အတိုးအကျယ်၊ ဘယ်လောက် ကျယ်သလဲ၊ တိုးသလဲ ဆိုတာကို DB နဲ့ တိုင်းပါတယ်။ ဒီ ဒက်ဆီဘဲလ် ကို ဘယ်လို သတ်မှတ်ထားသလဲ၊ ဥပမာ စကား တိုးတိုးလေး ပြောရင် သူက DB ၂၀ လောက်ပဲ ရှိပါတယ်။ နာရီ နှိုးစက်ဆို ကျယ်လာပြီ။ DB ၈၀ လောက်ရှိပါတယ်။ အိပ်ဇောပိုက်ကို ပြောင်းပြီး အသံအရမ်းကျယ်အောင် လုပ်ထားတဲ့ မော်တော်ဆိုင်ကယ်တွေ ကားတွေဆိုရင် DB ၁၀၀ ရှိပါတယ်။ နောက် စတိတ်ရှိုး သွားနားထောင်တယ် ဆို သူ့ DB က ၁၁၀ လောက် ရှိပါတယ်။ နောက် အရေးပေါ်လူနာတင်ကား ambulance ဆိုရင် ၁၁၀ လောက် အထိ ရှိပါတယ်။ နောက်တခုက ဗျောက်အိုး။ ဗျောက်အိုးဖေါက်လိုက်လို့ ရှိရင် ထိုင်းကနဲ မြည်သွားတဲ့ အသံက DB ၁၅၀ ကျော် ရှိပါတယ်။ နောက် လေယာဉ်ပျံ ဂျက်အင်ဂျင်နားကို ရောက်သွားမယ် ဆိုရင် DB ၁၅၀ လောက်အထိ ရှိပါတယ်။

လူတယောက်အတွက် နားသောတအာရုံကို ဘယ်လိုပုံစံနဲ့ ပျက်စီးစေနိုင်သလဲ ဆိုတာ ကြည့်ရအောင်ပါ။

ဒေါက်တာ ပဒေသာတင် ။ ။“လူငယ်တွေ မြူးတူးပျော်ပါးပြီး သွားနားထောင်လေ့ရှိတဲ့ စတိတ်ရှိုးဆိုရင် DB ၁၂၀ ကနေ ၁၄၀ လောက် အထိ မြင့်နိုင်ပါတယ်။ အဲဒါဆိုရင် လူ့ရဲ့ သောတ အာရုံကို တဖြေးဖြေးပျက်သွားစေနိုင်လောက်တဲ့ အဆင့်မြင့်တဲ့ ကျယ်တဲ့ အသံ ဖြစ်လာပါပြီ။ ဒီအသံတွေဟာ လူ့ရဲ့နား အကြားအာရုံမှာ ဘယ်လောက်ကြာကြာ နားထောင်ပြီးရင် စ - ယိုယွင်း ပျက်စီးလာပါသလဲ ဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာ ထားပါတယ်။

ဒါကို နိုင်ငံတကာ ကျန်းမာရေးဌာန ကနေ အဆင့် သတ်မှတ်ပေးထားပါတယ်။ ဥပမာ- လူနာတင်ကားရဲ့ ဥသြသံကို ၁၅ မိနစ်ထက်ပိုပြီး တောက်လျှောက် ကြားရင်၊ ခဏခဏ ကြားနေရရင် နားလေးတဲ့ရောဂါ၊ ကြာလို့ရှိရင် နားမကြားတဲ့ ရောဂါ၊ တဖြေးဖြေး နားလေးလာမယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီတော့ စတိတ်ရှိုးလိုဟာမျိုး DB ၁၂၀ လောက ကျယ်လောင်လွန်းတဲ့ အသံဆို မိနစ်ဝက်ပဲ နားထောင်ပါလို့ ပြောထားပါတယ်။ အဲဒီထက် ကြာလို့ရှိရင် နားပျက်စီး သွားမယ်တဲ့။ ခဏခဏ နားထောင်ရင် exposure ကြာကြာ နားထောင်လို့ရှိရင် နားပျက်သွားမယ်လို့ ကျန်းမာရေး ရှုဒေါင့်ကနေ သေသေချာချာ လေ့လာပြီးတော့ စံချိန် သတ်မှတ် ထားပါတယ်။”

ဆူညံသံဟာ နားရောဂါ တင်မကပဲ နှလုံးရောဂါ ပါဖြစ်စေနိုင်သလို ဘေးလူကိုပါ စိတ်မသက်သာ ဖြစ်စေတာပါ။

ဒေါက်တာ ပဒေသာတင် ။ ။“နားရောဂါပေါ့၊ မကျန်းမာတာကြောင့် နှလုံးရောဂါ ရတဲ့ အဖြစ်အပျက်တွေ မှတ်တမ်းတင်ထားပါတယ်။ ဆေးရုံတွေက ဒီလို စတိတ်ရှိုး rock concert ရှိုးတွေမှာ သွားနားထောင်တာတွေပေါ့။ အဲဒီကနေ စိတ်အနှောက်အယှက် ဖြစ်တာပေါ့။ အဲဒါက သိပ်ဆိုးပါတယ်။ အသံ အကျယ်ကြီးကြောင့် မခံနိုင်ပဲ စိတ်သောက ရောက်ရတာကို လူတိုင်း သတိပြုနိုင်ရင် ကောင်းမယ်လို့ ကျနော် ထင်ပါတယ်။ တေးဂီတတွေ သွားနားထောင်တဲ့ နေရာတွေ၊ အားကစားပွဲတွေ ကလွဲလို့ ကမ္ဘာမှာအဆင့်မြင့်တဲ့ နိုင်ငံတွေမှာ ဘယ်နေရာမှ ကျယ်ကျယ်လောင်လောင် အော်ကြဟစ်ကြ ပြောကြ မလုပ်ကြပါဘူး။

XS
SM
MD
LG