သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ဆာဗေဒို ဘောလုံးပွဲ လူပြိုမှု ၁၂ ဦးသေ


Rescuers attend an injured fan lying on the field of the Cuscatlan stadium in San Salvador, El Salvador, May 20, 2023.
Rescuers attend an injured fan lying on the field of the Cuscatlan stadium in San Salvador, El Salvador, May 20, 2023.

တောင်အမေရိက အလယ်ပိုင်းဒေသက El Salvador နိုင်ငံမှာ စနေနေ့က ကျင်းပခဲ့တဲ့ ဘောလုံးပွဲအတွင်း ကွင်းထဲမှာ လူတွေ ဝရုန်းသုန်းကားဖြစ်ပြီး လူအုပ်ပိတာကြောင့် ၁၂ ယောက်ထက်မနည်းသေဆုံးတယ်လို့ အယ်လ်ဆာဗေးဒို အစိုးရက ပြောလိုက်ပါတယ်။ ဒဏ်ရာရတဲ့သူ အတော်များများရှိပေမယ့် ဘယ်လောက်ဆိုတာတော့ အတိအကျ မဖော်ပြထားပါဘူး။

El Salvador နိုင်ငံရဲ့ မြို့တော် San Salvador မြို့က Cuscatlan ကွင်းမှာ မနေ့က Alianza အသင်းနဲ့ Deportivo FAS အသင်းတို့ ကွာတားဖိုင်နယ် ဒုတိယအကျော့ကို ကစားကြတာမှာ အခုလိုဖြစ်ခဲ့တာပါ။ အဲဒီနောက်တော့ ပွဲကို ရပ်ဆိုင်းလိုက်ပါတယ်။

ဒီဘောလုံးကွင်းဟာ တောင်အမေရိက အလယ်ပိုင်းဒေသမှာတော့ အကြီးဆုံးကွင်းတခုဖြစ်ပြီး ပရိသတ် ၄ သောင်း ၄ ထောင်ကျော်ဆန့်တာ ဖြစ်ပါတယ်။

အယ်လ်ဆာဗေးဒို ဘောလုံးအဖွဲ့ချုပ်ကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အလွန်ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ဒီအဖြစ်အပျက်အတွင်း ထိခိုက်သေဆုံးသွားတဲ့သူတွေရဲ့ မိသားစု ဆွေမျိုးတွေနဲ့ အတူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ ပြောကြားလိုက်ပါတယ်။

အခုလိုမျိုး ဘာကြောင့်ဖြစ်ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး အစီရင်ခံစာကို ချက်ချင်းတောင်းခံသွားမှာဖြစ်ပြီး၊ ပြိုင်ပွဲကိုလည်း ရပ်ဆိုင်းထားလိုက်တယ်လို့ အယ်လ်ဆာဗေးဒို ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

ဒီကိစ္စကို ရဲတပ်ဖွဲ့နဲ့ ရှေ့နေချုပ်ရုံးက သေချာစုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပြီး၊ အသင်းတွေ၊ နည်းပြတွေ၊ ကစာကွင်း၊ လက်မှတ်ရုံ နဲ့ ဘောလုံးအဖွဲ့ချုပ်ပါဝင်မှာဖြစ်ပြီး၊ တရားခံကို အရေးမယူဘဲနေမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း အင်ဒိုနီးရှားဘောလုံးပွဲမှာ လူအုပ်ပိတာကြောင့် ၁၃၅ ယောက် သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG