[Zawgyi/Unicode]
အာဂ်င္တီးနားတုိက္စစ္မွဴး မက္ဆီနဲ႔ ဘာစီလိုနာအသင္းတုိ႔ လမ္းခဲြဖို႔အတြက္ ႏွစ္ဘက္ေဆြးေႏြမႈေတြက ခုခ်ိန္ထိေတာ့ တုိးတက္မႈ တစံုတရာ မရေသးဘဲ ေရွ႕မတုိး ေနာက္မဆုတ္ ျဖစ္ေနပါတယ္။ မက္ဆီရဲ႕ ေအးဂ်င့္လည္းျဖစ္ ဖခင္လည္းျဖစ္တဲ့ Jorge Messi နဲ႔ ဘာစီလိုနာအသင္း ဥကၠ႒တုိ႔ ဗုဒၶဟူးေန႔က ၁ နာရီခဲြၾကာ ေတြ႔ဆုံ ေဆြးေႏြးခဲ့ၾကေပမဲ့ ႏွစ္ဘက္ သေဘာတူညီမႈ တစုံတရာ မရခဲ့ၾကပါဘူး။
မက္ဆီက ဘာစီလိုနာအသင္းနဲ႔ လမ္းခဲြခ်င္တယ္လို႔ ၿပီးခဲ့တဲ့ တပတ္က ေျပာလိုက္ၿပီးတဲ့ေနာက္ အခုလို ႏွစ္ဘက္ ကိုယ္စားလွယ္ေတြ ေတြ႔ဆံုေဆြးေႏြးေနၾကတာပါ။ ဘာစီလိုနာဥကၠ႒ Josep Bartomeu ကေတာ့ နည္းျပသစ္ Ronald Koeman လက္ထက္ အသင္းကို ျပန္တည္ေဆာက္တဲ့ေနရာမွာ မက္ဆီဟာ အဓိကအခန္းက႑က ပါ၀င္ေနၿပီး သူ႔ကိုတည္ၿပီး အသင္းကို ဆက္တည္ေဆာက္သြားမွာျဖစ္ၿပီးေတာ့ မက္ဆီဟာလည္း ဘာစီလိုနာ နဲ႔ စာခ်ဳပ္ ဆက္ရွိေနေသးတယ္လို႔ ေျပာေၾကာင္း စပိန္သတင္းစာေတြက ေဖာ္ျပေနပါတယ္။
မက္ဆီရဲ႕ ဖခင္ကေတာ့ မက္ဆီအေနနဲ႔ အသင္းမွာ ဆက္ေနဖို႔အတြက္ အလြန္ကို ခက္ခဲတယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။ တခ်ိဳ႕သတင္းေတြကေတာ့ မက္ဆီအေနနဲ႔ ဘာစီလိုနာမွာ ဆက္ရွိသြားႏုိင္တယ္လို႔ ေဖာ္ျပေနၾကပါတယ္။ အခုေလာေလာဆယ္မွာေတာ့ ႏွစ္ဘက္ၾကားမွာ ဆက္ၿပီး ေဆြးေႏြးေနၾကဆဲပါ။
[Unicode Version]
မက်ဆီနဲ့ ဘာစီလိုနာကြား ဆက်ပြီး ညှိနှိုင်းနေဆဲ
အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ လမ်းခွဲဖို့အတွက် နှစ်ဘက်ဆွေးနွေမှုတွေက ခုချိန်ထိတော့ တိုးတက်မှု တစုံတရာ မရသေးဘဲ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေပါတယ်။ မက်ဆီရဲ့ အေးဂျင့်လည်းဖြစ် ဖခင်လည်းဖြစ်တဲ့ Jorge Messi နဲ့ ဘာစီလိုနာအသင်း ဥက္ကဋ္ဌတို့ ဗုဒ္ဓဟူးနေ့က ၁ နာရီခွဲကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမဲ့ နှစ်ဘက် သဘောတူညီမှု တစုံတရာ မရခဲ့ကြပါဘူး။
မက်ဆီက ဘာစီလိုနာအသင်းနဲ့ လမ်းခွဲချင်တယ်လို့ ပြီးခဲ့တဲ့ တပတ်က ပြောလိုက်ပြီးတဲ့နောက် အခုလို နှစ်ဘက် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးနေကြတာပါ။ ဘာစီလိုနာဥက္ကဋ္ဌ Josep Bartomeu ကတော့ နည်းပြသစ် Ronald Koeman လက်ထက် အသင်းကို ပြန်တည်ဆောက်တဲ့နေရာမှာ မက်ဆီဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေပြီး သူ့ကိုတည်ပြီး အသင်းကို ဆက်တည်ဆောက်သွားမှာဖြစ်ပြီးတော့ မက်ဆီဟာလည်း ဘာစီလိုနာ နဲ့ စာချုပ် ဆက်ရှိနေသေးတယ်လို့ ပြောကြောင်း စပိန်သတင်းစာတွေက ဖော်ပြနေပါတယ်။
မက်ဆီရဲ့ ဖခင်ကတော့ မက်ဆီအနေနဲ့ အသင်းမှာ ဆက်နေဖို့အတွက် အလွန်ကို ခက်ခဲတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ တချို့သတင်းတွေကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာမှာ ဆက်ရှိသွားနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။ အခုလောလောဆယ်မှာတော့ နှစ်ဘက်ကြားမှာ ဆက်ပြီး ဆွေးနွေးနေကြဆဲပါ။