သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုချီအိုလံပစ်ပွဲ ဒု-နေ့ အမေရိကန်အပါအဝင် ၄ နိုင်ငံ ရွှေဆုရ


အမျိုးသမီး snowboard slope-style မှာ ရွှေတံဆိပ်ရခဲ့သူ အမေရိကန် အားကစားမယ် Jamie Anderson (ဖေဖော်ဝါရီ ၉၊ ၂၀၁၄)
အမျိုးသမီး snowboard slope-style မှာ ရွှေတံဆိပ်ရခဲ့သူ အမေရိကန် အားကစားမယ် Jamie Anderson (ဖေဖော်ဝါရီ ၉၊ ၂၀၁၄)
ရုရှားနိုင်ငံ၊ ဆိုချီမှာကျင်းပနေတဲ့ ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်မှာ တနင်္ဂနွေနေ့က အမေရိကန် Snow Board အားကစားသမား၊ သြစတြီးယားက နှင်းလျှောစီးအားကစားသမားနဲ့ ဆွစ်ဇာလန် Skiathlon အားကစားသမား ၃ ဦးတို့ ရွှေတံဆိပ်တွေ အသီးသီးဆွတ်ခူး ရရှိသွားကြပါတယ်။

အမေရိကန်အားကစားသမား Jamie Anderson က inaugural အမျိုးသမီး Snowboarding slope style ပြိုင်ပွဲမှာ ဖင်လန်နဲ့ ဗြိတိန် အားကစားသမားတွေကို အနိုင်ရသွားခဲ့ပါတယ်။ ဒါဟာ အမေရိကန်အားကစားသမား Sage Kotsenburg က အမျိုးသားပြိုင်ပွဲမှာ ပွဲဦးထွက် ရွှေတံဆိပ်ဆွတ်ခူးအပြီး တရက်အကြာမှာ အမေရိကန်က နောက်ထပ် ရွှေဆု ယူပေးလိုက်တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာပဲ သြစတြီယံ အားကစားသမား Matthias Mayer က premier Alpine အမျိုးသား နှင်းလျှောစီးပြိုင်ပွဲမှာ ဒုတိယဗိုလ်စွဲသွားတဲ့ အီတလီ အားကစားသမား Innerhofer ကို အနိုင်ရပြီး ရွှေဆုယူသွားခဲ့ပါတယ်။

နော်ဝေးနိုင်ငံက Kjetil Jansrud ကအဲဒီပွဲမှာတတိယ ကြေးတံဆိပ် ရခဲ့ပါတယ်။

လူကြိုက်များတဲ့American အားကစားသမား Bode Miller ကတော့ အဌမနေရာပဲရခဲ့ပါတယ်။

ဆွစ်ဇာလန်အားကစား သမား Dario Cologna က နိုင်ငံတလွှား ဖြတ်သန်းပြီး ကျင်းပတဲ့ အမျိုးသားကီလိုမီတာ ၃၀ skiathlon ပြိုင်ပွဲမှာ ဆွီဒင်နဲ့နော်ဝေး အားကစားသမားတွေကိုအသာရပြီး ရွှေတံဆိပ် ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာပဲ နှင်းလျှောစီး အမြင့်ခုန် biathlon, cross country skiing, figure skating နဲ့ speed skating စတဲ့ အားကစားပြိုင်ပွဲတွေအတွက် ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။

လက်ရှိမှာ နော်ဝေနိုင်ငံက ရွှေတံဆိပ် ၆ ခုနဲ့ရှေ့ကဦးဆောင်နေပြီး တချို့ ပွဲတွေမှာ အမေရိကန်နဲ့ ပူးတွဲ ရွှေတံဆိပ်ရရှိထားတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG