သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းတပ်ဒုံးကျည်စနစ်သစ် ပြင်ဆင်နေပုံရ (ကန်ထိပ်တန်းအရာရှိ)

မြောက်ကိုရီးယားက မတ်လ ၅ ရက်၊ ၂၀၂၂ မှာ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပုံ ထုတ်လွှင့်ချက်ကို စောင့်ကြည့်နေကြသူများ။
မြောက်ကိုရီးယားက မတ်လ ၅ ရက်၊ ၂၀၂၂ မှာ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပုံ ထုတ်လွှင့်ချက်ကို စောင့်ကြည့်နေကြသူများ။

[[Zawgyi/Unicode]]

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်စနစ်အသစ်လို့ ပြောလို့ရတဲ့ ဒုံးကျည်စနစ်ကို ဖြန့်ချထားကြောင်း အမေရိကန် အစိုးရထိပ်တန်းအရာရှိတဦး ပြောဆိုတာကို ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ ဒါကို နိုင်ငံတကာအနေနဲ့ တညီတညွတ်တည်း တုံ့ပြန်ဖို့ ပိုပြီး အရေးကြီးလာပြီလို့ သတိပေးပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နဲ့ မတ်လ ၄ ရက်နေ့ကြား ဖြန့်ချထားတဲ့ စနစ်အသစ်မှာ စမ်းသပ်ဖို့ဖြစ်ပုံရပြီး ICBM တိုက်ချင်းပစ်ဒုံး ပစ်ခတ်နိုင်စွမ်းရှိတဲ့ အောက်ခံပစ်စင်ပါဝင်ပေမဲ့ အာကာသထဲကို ဒုံးကျည်ပစ်လွှတ်မယ့်ပုံစံ ဟန်ပြပြောင်းထားတဲ့အကြောင်း၊ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက သတင်းထောက်တွေကို ပြောဆိုတာပါ။ တချိန်တည်းမှာ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က အာကသထဲမှာ အင်အားကြီး နိုင်ငံဖြစ်ဖို့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ပစ်ခတ်တဲ့နေရာကို အစွမ်းကုန် ခေတ်မီအောင်လုပ်ရေး မှာကြားထားတဲ့အကြောင်း မြောက်ကိုရီးယားပိုင် KCNA သတင်းဌာနက ဒီကနေ့ ရေးသားပါတယ်။ Sohae ဆက်သွယ်ရေး ဂြိုဟ်တုလွှတ်တင်တဲ့စခန်းကို သွားရောက်တဲ့အချိန် Kim Jong Un ပြောဆိုတာကို သတင်းမှာ ရေးသားထားတယ်။

ကြာသပတေးနေ့ကလည်း အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အချိန်နဲ့ တပြေးညီ သိနိုင်ဖို့ ထောက်လှမ်းရေး ကင်းထောက် ဂြိုဟ်တုတွေ လာမယ့်နှစ်ပိုင်းအတွင်း အာကာသထဲ ပိုပြီး ပစ်လွှတ်သွားမယ်လို့ Kim Jong Un ပြောဆိုခဲ့တာကို မြောက်ကိုရီးယားပိုင် သတင်းဌာနတွေမှာ ဖော်ပြပါတယ်။ အမေရိကန် အရာရှိတွေကတော့ မြောက်ကိုရီးယားဘက်က တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုတွေ ပိုစိပ်လာတဲ့အတွက် တိုက်ချင်းပစ်ဒုံးကျည် ကာကွယ်ရေးစနစ်ကို အဆင့်တိုးမြှင့် အသင့်ပြင်ထားကြောင်း တုံ့ပြန် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]





​
XS
SM
MD
LG